News Of Myanmar
11.9K subscribers
28.4K photos
3.67K videos
3 files
6.62K links
Download Telegram
ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ထုံးကျောက်လုပ်ကွက်နှင့် နိုင်ငံပိုင်ကျောက်အမှုန့်ကြိတ်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေး

စက်တင်ဘာ ၆၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် ပြည်ညောင်ကျေးရွာအုပ်စုရှိ ရွှေတောင်သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်၏ အပါချီဘိလပ်မြေစက်ရုံတွင် ဘိလပ်မြေထုတ်လုပ်ရန် လိုအပ်သော ထုံးကျောက်၊ ရွှံ့စေး၊ မြေနီနှင့် ကျောက်မီးသွေးထုတ်လုပ်နေမှု၊ ကုန်ကြမ်းစဉ်ဆက်မပြတ်ရရှိရေး စီမံဆောင်ရွက်ထားရှိမှု၊ ဘိလပ်မြေထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးသည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် စက်ရုံ၏ လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ သာစည်မြို့နယ် ပြည်ညောင်ကျေးရွာအုပ်စု သပြေတောင်ထုံးကျောက်လုပ်ကွက်တွင် ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဘိလပ်မြေစက်ရုံအတွင်း ဘိလပ်မြေထုတ်လုပ်နေမှုကိုလည်းကောင်း၊ သာစည်မြို့နိုင်ငံပိုင် ကျောက်အမှုန့်ကြိတ်စက်ရုံ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် စက်ရုံအခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါခရီးစဉ်အတွင်း သာစည်ရုံးခွဲရှိ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
👍51
This media is not supported in your browser
VIEW IN TELEGRAM
ခါကိဗ် (Kharkov) ဒေသတွင် ယူကရိန်း အကြမ်းဖက်သမား ၁,၇၀၀ ခန့် ဝိုင်းရံပိတ်ဆို့ခံထားရကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

မြောက်ပိုင်း ရုရှားစစ်ကြောင်းများအနေဖြင့် အဆိုပါဒေသရှိ ကျေးရွာအချို့အနီးတွင် ယူကရိန်းအကြမ်းဖက်အစိုးရ၏ တပ်ဖွဲ့များကို 'ဝိုင်းရံပိတ်ဆို့မှုအား ပိုမိုတင်းကြပ်လျက်' ရှိသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရန်သူ့ဘက်မှ ပိတ်ဆို့မှုကို ဖောက်ထွက်ရန် ကြိုးပမ်းခဲ့ခြင်း မရှိပေ။

ရုပ်သံ- ခါကိဗ်နှင့် ဆူမီ (Sumy) ဒေသများတွင် မြောက်ပိုင်းရုရှားစစ်ကြောင်းများ​၏ စစ်ဆင်ရေး လှုပ်ရှားမှုများ

NOM
👍12😱31
ဂျာမနီနိုင်ငံ၌ အေအက်ဖ်ဒီ (AfD) ပါတီသည် ဆက်ဆွန်နီ-အန်ဟော့ (Saxony-Anhalt) ပြည်နယ်ရွေးကောက်ပွဲတွင် မဲဆန္ဒ ၄၄ ရာခိုင်နှုန်းနီးပါး ရရှိကာ မဲဆန္ဒ ၁၇.၂ ရာခိုင်နှုန်းသာရသည့် စီဒီယူ (CDU) ပါတီထက် နှစ်ဆကျော် အသာရရှိပြီး ပြတ်ပြတ်သားသား အနိုင်ရရှိသွားခဲ့သည်။

AfD ပါတီ၏ ပူးတွဲခေါင်းဆောင် အဲလစ် ဝိုင်ဒယ်လ် (Alice Weidel) က ၎င်းကို "သမိုင်းဝင်" အနိုင်ရရှိမှုဟု ခေါ်ဆိုခဲ့သည်။ ပါတီအနေဖြင့် အစိုးရတစ်ဖွဲ့လုံးကို စိတ်ကြိုက်ဖွဲ့စည်းနိုင်သည့် အပြတ်အသတ် မဲအရေအတွက် (အာဏာရရှိရန် အနိမ့်ဆုံး လိုအပ်ချက် ၄၂ နေရာအနက် ၃၉ နေရာသာ ရရှိခဲ့သဖြင့် ၃ နေရာ လိုအပ်နေဆဲ ဖြစ်သည်) သို့ မရောက်ရှိခဲ့သော်လည်း အစိုးရဖွဲ့စည်းရန် ပြတ်သားသည့် ပြည်သူ့အမိန့် (Mandate) ကို ရရှိထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျာမနီ၏ စီးပွားရေး တုံ့ဆိုင်းနေမှုကြောင့် လက်ရှိဂျာမနီ​၏ အဓိပတိခေါင်းဆောင် မာဇ် (Merz) နှင့် ၎င်း​၏ညွှန့်ပေါင်းအစိုးရအဖွဲ့သည် ပြည်သူ့ထောက်ခံမှု ကျဆင်းနေချိန်တွင် AfD အနိုင်ရမှုသည် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

NOM
👍10
တီးတိန်မြို့နယ်တွင် ပျောက်ဆုံးနေသော နွားများကို လိုက်လံရှာဖွေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ချင်းလက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲ၍ သေဆုံး

NOM စက်တင်ဘာ ၇၊ ၂၀၂၆

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာနေ ဦးခါလ်းခန့်ထွန်း (၃၅) နှစ်သည် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ၎င်းပိုင်နွားများ ပျောက်ဆုံးနေသဖြင့် ကျေးရွာအနီးဝန်းကျင်၌ လိုက်လံရှာဖွေစဉ် လိုင်တွီးကျေးရွာနှင့် လင်တန် ကျေးရွာကြားအရောက် ချင်းလက်နက်ကိုင် အကြမ်းဖက်အဖွဲ့များထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးခါလ်းခန့်ထွန်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
👍72
ဘီးလင်းမြို့နယ်၊ ညောင်ထောက်ကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အမျိုးသမီးတစ်ဦးဒဏ်ရာရ

NOM စက်တင်ဘာ ၇၊ ၂၀၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းချောင်းတိုက်နယ်ဆေးရုံသို့ စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၅ နာရီတွင် ဘီးလင်းမြို့နယ်၊ ညောင်ထောက်ကျေးရွာနေ ဒေါ်သိန်းမြ (၄၈) နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် နေအိမ်ခြံဝင်းအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေါ်သိန်းမြတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
👍7
This media is not supported in your browser
VIEW IN TELEGRAM
‘ကျမတို့အနေနဲ့ ဂျာမန်ပြည်သူတွေအတွက် ဦးတည်တဲ့ မူဝါဒတွေကို ဖော်ဆောင်သွားမှာပါ’ — အေအက်ဖ်ဒီ (AfD) ခေါင်းဆောင် အဲလစ် ဝိုင်ဒယ်လ် (Alice Weidel) က ‘သမိုင်းဝင် အနိုင်ရရှိမှု’ ကို အောင်ပွဲခံပြောကြား

‘နယ်စပ်တွေကို စည်းကမ်းမဲ့ ဖွင့်ပေးထားတဲ့ ဒီလို ပရမ်းပတာ လုပ်ရပ်မျိုးဟာ ဘဏ္ဍာရေးအရ လုံးဝ ရေရှည် မရပ်တည်နိုင်တော့ပါဘူး’ ဟု ၎င်းက ထောက်ပြခဲ့သည်။

NOM
👍131
တနိုင်းမြို့နယ်၊ ရေကြည်ချောင်းကျေးရွာအနီးတွင် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် မျှစ်ရှာသွားသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးဒဏ်ရာရ

NOM စက်တင်ဘာ ၇၊ ၂၀၂၆

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် တနိုင်းမြို့နယ်၊ ရေကြည်ချောင်းကျေးရွာအနီးရှိ ရွှေမှော်၌ အလုပ်လုပ်ကိုင်နေသူ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နေ ဦးသန်းထွန်း (၄၇) နှစ်သည် အဆိုပါနေရာအနီးရှိ တောအတွင်း မျှစ်ရှာသွားရောက်စဉ် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်း အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
👍6
အီရန်က ဟော်မုဇ်ရေလက်ကြားတွင် ကန့်သတ်ဇုန်အသစ် သတ်မှတ်

အမေရိကန်၏ ပိတ်ဆို့တားဆီးမှုပြုလုပ်ထားသော ဧရိယာမှသည် ပါရှန်းပင်လယ်ကွေ့အထိ ကျယ်ပြန့်သော ဧရိယာအသစ်ကို သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း အီရန် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mohsen Rezaei က ကြေညာခဲ့သည်။

အီရန်နှင့် အိုမန် ရေပိုင်နက်များကို ဖြတ်သန်းသော စင်္ကြံအသစ်၏ မြေပုံများကို သဘောတူညီမှု ရရှိထားပြီးဖြစ်၍ မကြာမီ လက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း၊ ရေလက်ကြားအတွင်း သွားလာမည့် သင်္ဘောလိုင်းများအားလုံး ထိုစင်္ကြံအတိုင်း မဖြစ်မနေ ဖြတ်သန်းသွားလာရမည်ဖြစ်ကြောင်း Rezaei က ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန်၏ ခြိမ်းခြောက်မှုများနှင့် တိုက်ခိုက်မှုများ ရပ်တန့်သွားမှသာ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည်ဟု အီရန်က အခိုင်အမာ ပြောဆိုထားသည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်​၏ တရားဝင်အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းသည့်အနေဖြင့် ပူးတွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အီရန်သည် ဟော်မုဇ် ရေလက်ကြားအတွင်း စိစစ်ကြပ်မတ်ထားခြင်းမရှိသည့် သင်္ဘောသွားလာမှုများကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

အီရန်က အတည်ပြုပေးထားသည့် လမ်းကြောင်းနှင့် စည်းမျဉ်းများကို မလိုက်နာဘဲ ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းသည့် သင်္ဘောမှန်သမျှသည် အရေးယူတိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်လာနိုင်သည်။

အမေရိကန်ကလည်း အီရန်အား ရေတပ်ဖြင့် ပြန်လည်ပိတ်ဆို့ခြင်း၊ အီရန်သင်္ဘောများကို တိုက်ခိုက်ခြင်းများ ပြုလုပ်ကာ ယင်းလှုပ်ရှားမှုကို တုံ့ပြန်ရန် ကြိုးပမ်းခဲ့ပြီး ရေလက်ကြားမှတစ်ဆင့် ကုန်စည်ပို့ဆောင်သည့် ကုန်သင်္ဘောများအားလုံးထံမှ ၂၀ ရာခိုင်နှုန်း အခကြေးငွေကောက်ခံမည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။

NOM
👍122
ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲ ကျိုင်းတောင်းမြို့၌ ကျင်းပ

စက်တင်ဘာ ၇၊ ၂၀၂၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့ရှိ အမှတ် (၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ အဖွင့်အမှာစကားပြောကြားခြင်းနှင့် စစ်ရေးပြအစီအစဉ်များ ဆောင်ရွက်ခဲ့ပြီး ဒုတိယတိုင်းမှူးက သင်တန်းသားများအား သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး သင်တန်းသားများအား ဂုဏ်ပြုလက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အဆိုပါ သင်တန်းကို စက်တင်ဘာ ၇ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ၁၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။
👍12
Forwarded from UNION Politics News
This media is not supported in your browser
VIEW IN TELEGRAM
စင်းခန်းတံတားကို စစ်ရှုံးကောင် KIA ခိုင်းဖတ်
PDF တွေကိုယ်တိုင်
မိုင်းခွဲဖျက်ဆီးထားကြောင်း
ဝန်ခံထားတဲ့ ရုပ်သံမှတ်တမ်း
ထွက်ပေါ်လာ


တပ်မတော်က ဗုံးကြဲလို့
တံတားပျက်ဆီးရသလို
ဝါဒဖြန့်လိမ်ညာနေပေမယ့်
အခုတော့
သရုပ်မှန်ပေါ်သွားပါပြီ ။

အစတည်းက KIA တွေ
စစ်ရှူံးပြီးဆုတ်ခွာထွက်ပြေးသွားလို့ မိုင်းခွဲခဲ့တယ်ဆိုတာကို ဖော်ပြခဲ့ပြီးသားပါ ယ

အခုက
သက်သေပါထုတ်ပြတာ
စင်းခန်းတံတားရဲ့တရားခံက
KIA နဲ့ PDF တွေပဲ



#UNION_Politics_News
👍191
Media is too big
VIEW IN TELEGRAM
ရခိုင်ဒေသရှိ AA အကြမ်းဖက်သမားများကို တပ်မတော်က ချေမှုန်းသုတ်သင်နေသည့် ရုပ်သံ။
👍3111
တာမွေမြို့နယ်တွင် မိုးရွာသွန်းပြီး ရေကြီးချိန် ရေမြောင်းထဲ ပြုတ်ကျခဲ့သည့် ၁၄ နှစ်အရွယ် ကလေးငယ် မတွေ့ရှိသေးပဲ ယနေ့တွင် ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေနေ
NOM၊စက်တင်ဘာ၈၊၂၀၂၆
တာမွေမြို့နယ်တွင် မိုးရွာသွန်းပြီး ရေကြီးချိန် ရေမြောင်းထဲ ပြုတ်ကျခဲ့သည့် ၁၄ နှစ်အရွယ် ကလေးငယ်ကို စက်တင်ဘာ ၇ ရက်ည ၁၂ နာရီခန့်အထိ မတွေ့ရှိသေးပဲ ယနေ့တွင် ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တာမွေမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားချိန် အဆိုပါကလေးငယ်မှာ သူငယ်ချင်းနှစ်ဦးနှင့်အတူ တာမွေစည်ပင်ဝန်ထမ်းအိမ်ရာဝန်းအနီးရှိ ရေမြောင်း၌ ရေဆင်းဆော့ရာမှ ဖိနပ်‌လိုက်ကောက်ရင်းရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။
ပျောက်ဆုံးနေသည့် ကလေးမှာ အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး တာမွေမြို့နယ်၊ ၁၅၄ လမ်းရှိ စည်ပင်ဝန်ထမ်းဝန်းအတွင်း နေထိုင်သူဖြစ်ကာ စက်တင်ဘာ ၇ ရက် ည ၁၂ နာရီအထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
👍7💔32
ညောင်တုန်း၌ ကားတစ်စီး ကုက္ကိုပင်ဝင်တိုက် နှစ်ဦးသေဆုံး
NOM၊စက်တင်ဘာ၈၊၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် စက်တင်ဘာ ၇ ရက် ညနေပိုင်းက အိမ်စီးကားတစ်စီး လမ်းချော်ပြီး ကုက္ကိုပင်ကို ဝင်တိုက်ခဲ့ရာ ကားပေါ်ပါ လူနှစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ပုသိမ်ဘက်မှရန်ကုန်ဘက်ကို မောင်းနှင်လာသော TOYOTA MARK ll အဖြူရောင်ယာဉ်သည် လမ်းချော်ပြီး လမ်းဘေး ကုက္ကိုပင်ကို ဝင်တိုက်မိခဲ့ရာယာဉ်ပေါ်ပါ အမျိုးသားနှစ်ယောက် သေဆုံးခဲ့သည်။
သေဆုံးသူရုပ်အလောင်းများကို သစ္စာရှင် လူမှုကယ်ဆယ်ရေးအသင်းကညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြာင်း သိရသည်။
😢5👍31
ပျဥ်းမနားမြို့တွင် တောင်ကျရေစီးဆင်းမှုကြောင့် လူနေအိမ်များပျက်စီးခဲ့သည့်အပြင် ဒေသခံများကိုလည်း အမြင့်ပိုင်းသို့ပြောင်းရွေ့ပေးခဲ့ရ
NOM၊စက်တင်ဘာ၈၊၂၀၂၆
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့၊ကြို့တန်းကျေးရွာတွင် ယ မန်နေ့(စက်တင်ဘာ၇ရက်)ည၁၁နာရီခွဲခန့်ကတောင်ကျရေစီဆင်းမှုကြောင့် လူနေအိမ်များ၊ ခြံစည်းရိုများ၊
လမ်းများပျက်စီးခဲ့သည့်အပြင်ဒေသခံများကိုလည်း အမြင့်ပိုင်းသို့ပြောင်းရွေ့ပေးခဲ့ရသည့်ဟု လူမှုကရုဏရှင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

တောင်ပေါ်ဒေသတွင်မိုးများပြီးတောင်ကျရေစီးဆင်းမှုများလာပြီးရေတားကာထားသည့်တာဘောင်ပျက်စီးကါပျဥ်းမနားမြို့၊လှေခွင်းတောင်အရှေ့ဘက်၊ ကတို့ဆိပ်ကျေးရွာအုပ်စုကြို့တန်းကျေးရွာအတွင်းသို့ ရေစီးဆင်းမှုအရှိန်ဖြင့်ဝင်ရောက်ခဲ့သည့်တွက် ကျေးရွာအတွင်းလူထိခိုက်မှုမရှိသော်လည်းပျက်ဆီးမှုများပြားခဲ့ကြောင်းသိရသည်။

ကြို့တန်းကျေးရွာတွင် တောင်ကျရေစီးဆင်းမှုကြောင့်ကျေးရွာအတွင်းရေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအသင်းများကသွားရောက်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
👍10🙏3
ရုရှားတိုက်လေယာဉ်နှစ်စီးတိုက်မိ
NOM
ရုရှားတိုက်လေယာဉ်SU35Sနှစ်စီးသည်ကပ်စ်ဒေသတွင်လေ့ကျင့်ပျံသန်းရင်းတိုက်မိကါနှစ်စီးစလုံးပျက်ကျခဲ့သည်။
😢14👍7❤‍🔥3😱1