ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ တို့ နှစ်နိုင်ငံမှတာဝန်ရှိသူများနှင့်အတူ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပစဉ် ဆွေးနွေးပြောကြားချက်များမှ ကောက်နုတ်ချက်
👍8❤3❤🔥1
နိုင်ငံခြားသားများပါဝင်သည့် အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်နေသူ ၂၈ ဦးအား ဖုန်းအလုံးရေ ၆၀၀ ခန့်အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ မန္တလေးမြို့တွင် ဖမ်းဆီးရမိ
NOM စက်တင်ဘာ ၇၊ ၂၀၂၆
နိုင်ငံခြားသားများပါဝင်သည့် အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်နေသူ ၂၈ ဦးအား ဖုန်းအလုံးရေ ၆၀၀ ခန့် အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ မန္တလေးမြို့တွင် စက်တင်ဘာလ ၂ ရက်က ဖမ်းဆီးရမိထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
မဟာအောင်မြေမြို့နယ်၊ လမ်း ၈၀၊ ၃၉ လမ်းနှင့် လမ်း ၄ဝ ကြားရှိ နေအိမ်တစ်ခုကို သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံသားနှစ်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား လေးဦးနှင့် မြန်မာအပါအဝင် ၂၀ ဦးကို ဖုန်းအလုံးရေ ၈၀ ၊ Desktop ကွန်ပြူတာ ၂၈ လုံး၊ Laptop များ၊ Wifi လွှင့်စက်များ၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ၎င်းတို့ကို စစ်ဆေးချက်အရ မဟာအောင်မြေမြို့နယ် ၆၈ လမ်းနှင့် ၁၀၁ လမ်းအနီးရှိ ကျောက်မျက်ရောင်းဝယ်ရေးသို့ ဆက်လက်ရှာဖွေခဲ့ရာ နှစ်ဦးကို ထပ်မံတွေ့ရှိရကြောင်းသိရသည်။
၎င်းတို့၏ ထွက်ဆိုချက်အရ ၄၂ လမ်းနှင့် ၆၆ လမ်း အနီးရှိ ဟိုတယ်တစ်ခုသို့ ထပ်မံရှာဖွေခဲ့ရာ လူ ၆ ဦး၊ ဖုန်းအလုံးရေ ၄၉၈ လုံး၊ ကွန်ပြူတာအပါအဝင် ဆက်စပ်ပစ္စည်းမျိုးစုံ၊ ကျောက်စိမ်းပုတီး၊ လက်ကောက်၊ လက်ပတ်၊ ဦးတီပွား ရုပ်အပြားများ၊ ကျောက်စိမ်းအတုဟု ယူဆရသည့် ကျောက်စိမ်းဘယက်များနှင့် လက်ဝတ်ရတနာတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ၎င်းတို့ကို မဟာအောင်မြေမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ (က)/၃၈ ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါးဖြင့် တွေ့ရှိခဲ့သူ တရုတ်နိုင်ငံသားတစ်ဦးကိုလည်း မူး/စိတ်/ပုဒ်မ ၁၆(ခ)အရသော် လည်းကောင်း၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ဖမ်းဆီးအရေးယူစစ်ဆေးလျက်ရှိကြောင်းသိရသည်။
NOM

👍12❤2❤🔥1
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၈) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆို
စက်တင်ဘာ ၆၊ ၂၀၂၆
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၈) သို့တက်ရောက်ကြမည့်ရှမ်းပြည်နယ်အတွင်းရှိနိုင်ငံ့သားကောင်းရတနာများအားကြိုဆိုပွဲကိုယနေ့နံနက်ပိုင်းတွင်ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၂၈) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား အောင်သပြေပန်းများ၊စားသောက်ဖွယ်ရာများဖြင့်သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်တာဝန်ရှိသူများကအဆိုပါသင်တန်းသို့တက်ရောက်မည့်နိုင်ငံ့သားကောင်းရတနာများအားလိုအပ်သည့်စုဖွဲ့ပြင်ဆင်မှုများနှင့်အုပ်ချုပ်မှုကိစ္စရပ်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

❤5👍5❤🔥1
ရန်ကုန် - နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲသည့် အမှတ် (၈) အစုန် DEMU ရထားတွဲဆိုင်းအား ခဲဖြင့်ပေါက်သူဖမ်းဆီးရမိ
NOM စက်တင်ဘာ ၇၊ ၂၀၂၆
ရန်ကုန် - နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲသည့် အမှတ် (၈) အစုန် DEMU ရထားတွဲဆိုင်းအား ခဲဖြင့်ပေါက်သူကို ဖမ်းဆီးရမိကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လူစီးအမြန်ရထားများ ပြေးဆွဲပေးလျက်ရှိရာ စက်တင်ဘာ ၅ ရက် ညနေ ၅ နာရီ ၄၁ မိနစ်တွင် အမှတ် (၈) အစုန် နေပြည်တော် - ရန်ကုန် DEMU လူစီးအမြန်ရထားသည် ခရီးဆုံးဘူတာဖြစ်သည့် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိပြီး ညနေ ၅ နာရီ ၅၅ မိနစ်တွင် ရထားတွဲဆိုင်းအားသိမ်းယူရန် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) သို့ ထွက်ခွာစဉ် ကြည့်မြင်တိုင် ဘူတာအဝင် မိုင်တိုင် ၃/၁၀ နှင့် မိုင်တိုင် ၃/၁၁ အကြား ညနေ ၆ နာရီ ၁၀ မိနစ်တွင် ရထားဖြတ်သန်းစဉ် ဘုန်းကြီးကျောင်းလမ်းကူးမှ အမည်မသိလူတစ်ဦးက ရထားအားခဲဖြင့် ပစ်ပေါက်ခဲ့သဖြင့် ရထားတွဲဆိုင်း၏ အထက်တန်းတွဲ DEMU (U) 5020 ၏ ခုံအမှတ် 3A နှင့် 3B အကြား ပြတင်းတံခါးဘေး လေကာမှန်နှစ်လက်မခန့် ပေါက်ထွက်ကြေမွ ကွဲအက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ စစ်ဆေးခဲ့ပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းအရ လှည့်ကင်း၊ ဝပ်ကင်းများဖြင့် ဝိုင်းပတ်ပိတ်ဆို့ပြီး ရထားသံလမ်းတစ်လျှောက်ရှာဖွေခဲ့ရာ စက်တင်ဘာ ၆ ရက် နံနက် ၃ နာရီခန့်တွင် စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက်၊ ခတ္တာလမ်းရှိ အလုံမြို့နယ် အလုံဘူတာနှင့် ရှမ်းလမ်းဘူတာအကြား ရထားလမ်းဘေးမြောင်းအဖုံးပေါ်တွင် အိပ်နေသူ တင်ထွန်း (ခ) ဂနေးစား အသက် (၄၁) နှစ် (ဘ) ဦးမန်းနီး၊ ဆင်မင်းလမ်းဆင်မင်းရပ်ကွက် အလုံမြို့နယ်နေသူအား CCTV မှတ်တမ်းဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ တူညီမှုရှိသဖြင့် ၎င်းအား ဖမ်းဆီးခေါ်ဆောင်၍ စမ်းချောင်းမြို့မရဲစခန်း၌ (ပ)၃၆၁/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ (၈၄) ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားပြီး ထပ်မံစစ်ဆေးခဲ့ရာ စက်တင်ဘာ ၄ ရက်က အလားတူဖြစ်ပွားခဲ့သည့် အမှတ် (၈) အစုန် DEMU ရထား၏ပထမတန်းတွဲအား ခဲဖြင့်ပစ်ပေါက်ခဲ့သည့် အမှုပါပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) အရ ရထားကိုတစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာ ပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ အနှစ် ၂၀ အထိ မပိုသောထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်းချမှတ်နိုင်ပြီး ဖမ်းဆီးရမိသော တရားခံများကို ဥပဒေနှင့်အညီ ထောင်ဒဏ်များ အသီးသီးချမှတ်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ အဆင်ပြေကောင်းမွန်စွာ ခရီးသွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းသွားရန်လိုအပ်ကြောင်းသိရသည်။

👍13
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မောင်းတစ်ဦးကို သတ်ပြီး ကားလုယက်မှုဖြစ်ပွား တရားခံက််ိုအမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ
NOM စက်တင်ဘာ ၇၊ ၂၀၂၆
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၇၉/၁) အနီးတွင် ယမန်နေ့ (စက်တင်ဘာ ၆ ရက်) ညနေပိုင်းက အမျိုးသားတစ်ဦး ရိုက်နှက်သတ်ဖြတ်ခံရပြီး ၎င်းမောင်းနှင်သည့် မော်တော်ယာဉ် လုယူခံရကြောင်း မိတ္ထီလာမြို့နယ်ဒေသခံများထံမှ သိရသည်။
ဖြစ်စဥ်မှာ နေပြည်တော်မှ ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူ ဦးဝင်းကို အသက် ၃၄ နှစ်အား မိဘများမှ ဘယ်ရောက်နေလဲဟု ဖုန်းဆက်သွယ်ရာ ၎င်းတို့၏သားမဟုတ်ဘဲ အခြားအမျိုးသားတစ်ဦးမှ ဖုန်းကိုင်ပြီး အခုမိတ္ထီလာရောက်နေကြောင်း ကားဆရာအပြင်သွား၍ ဖုန်းကိုင်လိုက်ကြောင်း ပြောလာပြီး မိသားစုမှစိတ်ပူပြီး ဖုန်းထပ်မံဆက်ရာတွင် ဖုန်းစက်ပိတ်သွား၍ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ မိဘများမှ ဆက်သွယ် အကူအညီတောင်းခံလာသောကြောင့် ရဲတပ်ဖွဲ့ဝင်များ ချိတ်ဆက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
စုံစမ်းမှုများပြုလုပ်နေစဥ် အဆိုပါနေ့ ညနေ ၅ နာရီခွဲကျော်ခန့်တွင် နွားကျောင်းသားတစ်ဦးမှ နွားသိမ်းအပြန် အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ပြီး ရာအိမ်မှူးမှတဆင့် စခန်းမှူးထံ ဆက်သွယ်အကြောင်းကြားလာသည့်အတွက် စစ်ဆေးမှုများပြုလုပ်ပြီး ၎င်း Dead Body ပုံအား နေပြည်တော်မှ မိဘများထံ ပြသကြည့်ရာ ၎င်းတို့၏သား ဦးဝင်းကိုဖြစ်ကြောင်းသိရှိခဲ့ရသည်။
"အမြန်လမ်း ၂၇၉ ဖိုင် ၁ ဖာလုံနားမှာ လူသေအလောင်းတစ်လောင်းတွေ့ရှိ၍ သယ်ပေးပါရန် အကူအညီတောင်းခံလာလို့ ကျွန်တော်တို့အသင်းက လူတွေသွားပြီး Dead Body ကိုကောက်ပြီး ဆေးရုံကိုပိုဆောင်ပေးခဲ့ပါတယ်"ဟု မေတ္တာပါရမီ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သေဆုံးသူမှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာ၌ နေထိုင်သည့် ကားအငှားဝန်ဆောင်မှုလုပ်ကိုင်သူ ဦးဝင်းကို (၃၄ နှစ်) ဖြစ်ပြီး ၎င်းအား ရိုက်နှက်သတ်ဖြတ်ကာ ၎င်းမောင်းနှင်သည့် ယာဉ်အမှတ် 9Q/4825၊ Hyundai Accent (အဖြူရောင်) အမျိုးအစားမော်တော်ယာဉ်ကို လုယက်ယူဆောင် မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
လူတစ်ဦးကို ရိုက်နှက်သတ်ဖြတ်ပြီး ၎င်းမောင်းနှင်လာသည့်မော်တော် ယာဉ်ကို လုယက်ယူဆောင်သွားသည့် တရားခံက််ိုအမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ၎င်းကားအားတွေ့ရှိပါက နီးစပ်ရာရဲစခန်းသို့ အကြောင်းကြားပေးကြပါရန် ရဲတပ်ဖွဲ့မှ ပြည်သူများအား မေတ္တာရပ်ခံထားကြောင်းသိရသည်။

👍7❤4😢3
တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့/ကယ်ဆယ်ရေးပစ္စည်းပေးပြီး ပြန်လာသည့်အဖွဲ့အား အကြမ်းဖက် ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာ ပြင်းထန်ရရှိခဲ့
NOM စက်တင်ဘာ ၇၊ ၂၀၂၆
တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက် ကုန်များ၊ ထောက်ပံ့ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်ခဲ့သည့် မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့သည် ယမန်နေ့ ညနေပိုင်းက တနင်္သာရီမြို့မှ မြိတ်မြို့သို့ အပြန်တွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်ခြင်းခံရပြီး တစ်ဦးဒဏ်ရာပြင်းထန်ရရှိခဲ့သည်။
ရေဘေးသင့်ပြည်သူများအတွက် မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ သည် လုပ်ငန်းများဆောင်ရွက်ပြီး တနင်္သာရီမြို့မှ မော်တော်ယာဉ်များဖြင့် မြိတ်မြို့သို့အပြန် တနင်္သာရီ မြို့နယ် ရမ်းဖိုကျေးရွာ အထွက် ကမ်းတိုကျေးရွာ လမ်းကွေ့နေရာအရောက်တွင် ကမ်းတိုကျေးရွာ ရွာဟောင်း မြစ်တစ်ဖက်ကမ်းနေရာမှ အကြမ်းဖက်အဖွဲ့မှ လက်နက်များဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် မြိတ်ခရိုင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ခြင်းဖြစ်သည်။

👍7❤1😢1
တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေများဝင်ရောက်
စက်တင်ဘာ ၇၊ ၂၀၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းအချိန်မှစ၍ မိုးများသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများစီးဆင်းကာ မြို့ပေါ်ရပ်ကွက်အချို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများစီးဝင်လာမှုကြောင့် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက တာလော့ရပ်ကွက်ရှိ လမ်းအချို့၊ မြန်မာ-ထိုင်းအမှတ် (၁)ချစ်ကြည်ရေးတံတားအနီး၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမရှိ နဂါးနှစ်ကောင်ကျောင်းရှေ့၊ ပုန်းထွန်ရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက်ရှိ လမ်းအချို့တို့တွင် ရေဝင်ရောက်ခဲ့သဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ယာယီသွားလာရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့ ပုန်းထွန်ဇလဗေဒတိုင်းတာရေးစခန်း၏ စက်တင်ဘာလ ၇ ရက်၊ နံနက် ၉ နာရီ တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေမှတ် ၄၆၄ စင်တီမီတာသို့ရောက်ရှိကာ စိုးရိမ်ရေမှတ် (အထက်) ၇၄ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ညနေ ၄ နာရီ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်(အောက်) ၁၈ စင်တီတာသို့ ရေများပြန်လည်ကျဆင်းလာခြင်းကြောင့် မြေနိမ့်ပိုင်းရပ်ကွက်ရှိ လမ်းအချို့တွင်သာ ရေများကျန်ရှိတော့ကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုအခြေအနေများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည့်ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးအစီအမံများကို အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်းသိရသည်။

👍8❤2😨1
ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ထုံးကျောက်လုပ်ကွက်နှင့် နိုင်ငံပိုင်ကျောက်အမှုန့်ကြိတ်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေး
စက်တင်ဘာ ၆၊ ၂၀၂၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် ပြည်ညောင်ကျေးရွာအုပ်စုရှိ ရွှေတောင်သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်၏ အပါချီဘိလပ်မြေစက်ရုံတွင် ဘိလပ်မြေထုတ်လုပ်ရန် လိုအပ်သော ထုံးကျောက်၊ ရွှံ့စေး၊ မြေနီနှင့် ကျောက်မီးသွေးထုတ်လုပ်နေမှု၊ ကုန်ကြမ်းစဉ်ဆက်မပြတ်ရရှိရေး စီမံဆောင်ရွက်ထားရှိမှု၊ ဘိလပ်မြေထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးသည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် စက်ရုံ၏ လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ သာစည်မြို့နယ် ပြည်ညောင်ကျေးရွာအုပ်စု သပြေတောင်ထုံးကျောက်လုပ်ကွက်တွင် ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဘိလပ်မြေစက်ရုံအတွင်း ဘိလပ်မြေထုတ်လုပ်နေမှုကိုလည်းကောင်း၊ သာစည်မြို့နိုင်ငံပိုင် ကျောက်အမှုန့်ကြိတ်စက်ရုံ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် စက်ရုံအခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါခရီးစဉ်အတွင်း သာစည်ရုံးခွဲရှိ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

👍5❤1
This media is not supported in your browser
VIEW IN TELEGRAM
ခါကိဗ် (Kharkov) ဒေသတွင် ယူကရိန်း အကြမ်းဖက်သမား ၁,၇၀၀ ခန့် ဝိုင်းရံပိတ်ဆို့ခံထားရကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
မြောက်ပိုင်း ရုရှားစစ်ကြောင်းများအနေဖြင့် အဆိုပါဒေသရှိ ကျေးရွာအချို့အနီးတွင် ယူကရိန်းအကြမ်းဖက်အစိုးရ၏ တပ်ဖွဲ့များကို 'ဝိုင်းရံပိတ်ဆို့မှုအား ပိုမိုတင်းကြပ်လျက်' ရှိသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရန်သူ့ဘက်မှ ပိတ်ဆို့မှုကို ဖောက်ထွက်ရန် ကြိုးပမ်းခဲ့ခြင်း မရှိပေ။
ရုပ်သံ- ခါကိဗ်နှင့် ဆူမီ (Sumy) ဒေသများတွင် မြောက်ပိုင်းရုရှားစစ်ကြောင်းများ၏ စစ်ဆင်ရေး လှုပ်ရှားမှုများ

👍12😱3❤1
ဂျာမနီနိုင်ငံ၌ အေအက်ဖ်ဒီ (AfD) ပါတီသည် ဆက်ဆွန်နီ-အန်ဟော့ (Saxony-Anhalt) ပြည်နယ်ရွေးကောက်ပွဲတွင် မဲဆန္ဒ ၄၄ ရာခိုင်နှုန်းနီးပါး ရရှိကာ မဲဆန္ဒ ၁၇.၂ ရာခိုင်နှုန်းသာရသည့် စီဒီယူ (CDU) ပါတီထက် နှစ်ဆကျော် အသာရရှိပြီး ပြတ်ပြတ်သားသား အနိုင်ရရှိသွားခဲ့သည်။
AfD ပါတီ၏ ပူးတွဲခေါင်းဆောင် အဲလစ် ဝိုင်ဒယ်လ် (Alice Weidel) က ၎င်းကို "သမိုင်းဝင်" အနိုင်ရရှိမှုဟု ခေါ်ဆိုခဲ့သည်။ ပါတီအနေဖြင့် အစိုးရတစ်ဖွဲ့လုံးကို စိတ်ကြိုက်ဖွဲ့စည်းနိုင်သည့် အပြတ်အသတ် မဲအရေအတွက် (အာဏာရရှိရန် အနိမ့်ဆုံး လိုအပ်ချက် ၄၂ နေရာအနက် ၃၉ နေရာသာ ရရှိခဲ့သဖြင့် ၃ နေရာ လိုအပ်နေဆဲ ဖြစ်သည်) သို့ မရောက်ရှိခဲ့သော်လည်း အစိုးရဖွဲ့စည်းရန် ပြတ်သားသည့် ပြည်သူ့အမိန့် (Mandate) ကို ရရှိထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျာမနီ၏ စီးပွားရေး တုံ့ဆိုင်းနေမှုကြောင့် လက်ရှိဂျာမနီ၏ အဓိပတိခေါင်းဆောင် မာဇ် (Merz) နှင့် ၎င်း၏ညွှန့်ပေါင်းအစိုးရအဖွဲ့သည် ပြည်သူ့ထောက်ခံမှု ကျဆင်းနေချိန်တွင် AfD အနိုင်ရမှုသည် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

👍10
တီးတိန်မြို့နယ်တွင် ပျောက်ဆုံးနေသော နွားများကို လိုက်လံရှာဖွေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ချင်းလက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲ၍ သေဆုံး
NOM စက်တင်ဘာ ၇၊ ၂၀၂၆
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာနေ ဦးခါလ်းခန့်ထွန်း (၃၅) နှစ်သည် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ၎င်းပိုင်နွားများ ပျောက်ဆုံးနေသဖြင့် ကျေးရွာအနီးဝန်းကျင်၌ လိုက်လံရှာဖွေစဉ် လိုင်တွီးကျေးရွာနှင့် လင်တန် ကျေးရွာကြားအရောက် ချင်းလက်နက်ကိုင် အကြမ်းဖက်အဖွဲ့များထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးခါလ်းခန့်ထွန်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

👍7❤2
ဘီးလင်းမြို့နယ်၊ ညောင်ထောက်ကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အမျိုးသမီးတစ်ဦးဒဏ်ရာရ
NOM စက်တင်ဘာ ၇၊ ၂၀၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းချောင်းတိုက်နယ်ဆေးရုံသို့ စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၅ နာရီတွင် ဘီးလင်းမြို့နယ်၊ ညောင်ထောက်ကျေးရွာနေ ဒေါ်သိန်းမြ (၄၈) နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် နေအိမ်ခြံဝင်းအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေါ်သိန်းမြတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

👍7
This media is not supported in your browser
VIEW IN TELEGRAM
‘ကျမတို့အနေနဲ့ ဂျာမန်ပြည်သူတွေအတွက် ဦးတည်တဲ့ မူဝါဒတွေကို ဖော်ဆောင်သွားမှာပါ’ — အေအက်ဖ်ဒီ (AfD) ခေါင်းဆောင် အဲလစ် ဝိုင်ဒယ်လ် (Alice Weidel) က ‘သမိုင်းဝင် အနိုင်ရရှိမှု’ ကို အောင်ပွဲခံပြောကြား
‘နယ်စပ်တွေကို စည်းကမ်းမဲ့ ဖွင့်ပေးထားတဲ့ ဒီလို ပရမ်းပတာ လုပ်ရပ်မျိုးဟာ ဘဏ္ဍာရေးအရ လုံးဝ ရေရှည် မရပ်တည်နိုင်တော့ပါဘူး’ ဟု ၎င်းက ထောက်ပြခဲ့သည်။

👍13❤1
တနိုင်းမြို့နယ်၊ ရေကြည်ချောင်းကျေးရွာအနီးတွင် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် မျှစ်ရှာသွားသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးဒဏ်ရာရ
NOM စက်တင်ဘာ ၇၊ ၂၀၂၆
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် တနိုင်းမြို့နယ်၊ ရေကြည်ချောင်းကျေးရွာအနီးရှိ ရွှေမှော်၌ အလုပ်လုပ်ကိုင်နေသူ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နေ ဦးသန်းထွန်း (၄၇) နှစ်သည် အဆိုပါနေရာအနီးရှိ တောအတွင်း မျှစ်ရှာသွားရောက်စဉ် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်း အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

👍6
အီရန်က ဟော်မုဇ်ရေလက်ကြားတွင် ကန့်သတ်ဇုန်အသစ် သတ်မှတ်
အမေရိကန်၏ ပိတ်ဆို့တားဆီးမှုပြုလုပ်ထားသော ဧရိယာမှသည် ပါရှန်းပင်လယ်ကွေ့အထိ ကျယ်ပြန့်သော ဧရိယာအသစ်ကို သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း အီရန် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mohsen Rezaei က ကြေညာခဲ့သည်။
အီရန်နှင့် အိုမန် ရေပိုင်နက်များကို ဖြတ်သန်းသော စင်္ကြံအသစ်၏ မြေပုံများကို သဘောတူညီမှု ရရှိထားပြီးဖြစ်၍ မကြာမီ လက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း၊ ရေလက်ကြားအတွင်း သွားလာမည့် သင်္ဘောလိုင်းများအားလုံး ထိုစင်္ကြံအတိုင်း မဖြစ်မနေ ဖြတ်သန်းသွားလာရမည်ဖြစ်ကြောင်း Rezaei က ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်၏ ခြိမ်းခြောက်မှုများနှင့် တိုက်ခိုက်မှုများ ရပ်တန့်သွားမှသာ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည်ဟု အီရန်က အခိုင်အမာ ပြောဆိုထားသည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်၏ တရားဝင်အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းသည့်အနေဖြင့် ပူးတွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အီရန်သည် ဟော်မုဇ် ရေလက်ကြားအတွင်း စိစစ်ကြပ်မတ်ထားခြင်းမရှိသည့် သင်္ဘောသွားလာမှုများကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
အီရန်က အတည်ပြုပေးထားသည့် လမ်းကြောင်းနှင့် စည်းမျဉ်းများကို မလိုက်နာဘဲ ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းသည့် သင်္ဘောမှန်သမျှသည် အရေးယူတိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်လာနိုင်သည်။
အမေရိကန်ကလည်း အီရန်အား ရေတပ်ဖြင့် ပြန်လည်ပိတ်ဆို့ခြင်း၊ အီရန်သင်္ဘောများကို တိုက်ခိုက်ခြင်းများ ပြုလုပ်ကာ ယင်းလှုပ်ရှားမှုကို တုံ့ပြန်ရန် ကြိုးပမ်းခဲ့ပြီး ရေလက်ကြားမှတစ်ဆင့် ကုန်စည်ပို့ဆောင်သည့် ကုန်သင်္ဘောများအားလုံးထံမှ ၂၀ ရာခိုင်နှုန်း အခကြေးငွေကောက်ခံမည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။

👍12❤2