News Of Myanmar
11.9K subscribers
28.3K photos
3.67K videos
3 files
6.62K links
Download Telegram
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ခရီးစဉ်ပြီးဆုံး၍ ယနေ့ စက်တင်ဘာ ၆ ရက်တွင် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းများက Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်အဖြစ် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ သွားရောက်ခဲ့ခြင်းဖြစ်သည်။
👍10❤‍🔥7
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည့်  ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၆ ရက်၊ မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်လေဆိပ်၌ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
👍183❤‍🔥1
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ PDF အဖွဲဝင် ၂၀၃ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

NOM စက်တင်ဘာ ၇၊၂၀၂၆

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ PDF အဖွဲဝင် ၂၀၃ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရာ အဆိုပါ PDF အဖွဲဝင်များအား လက်ခံကြိုဆိုခြင်းနှင့် မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

NOM
7👍7❤‍🔥1
သမ္မတထရန့်က အမေရိကန်​၏ ၄၇ ခုမြောက်ပြည်နယ်ဖြစ်သော နယူးမက္ကဆီကို ပြည်နယ်ကို "နယူးအမေရိက" ဟု အမည်ပြောင်းချင်နေသည်။

NOM
👍7😢2😱1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ တို့ နှစ်နိုင်ငံမှတာဝန်ရှိသူများနှင့်အတူ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပစဉ် ဆွေးနွေးပြောကြားချက်များမှ ကောက်နုတ်ချက်
👍83❤‍🔥1
နိုင်ငံခြားသားများပါဝင်သည့် အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်နေသူ ၂၈ ဦးအား ဖုန်းအလုံးရေ ၆၀၀ ခန့်အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ မန္တလေးမြို့တွင် ဖမ်းဆီးရမိ

NOM စက်တင်ဘာ ၇၊ ၂၀၂၆

နိုင်ငံခြားသားများပါဝင်သည့် အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်နေသူ ၂၈ ဦးအား ဖုန်းအလုံးရေ ၆၀၀ ခန့် အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ မန္တလေးမြို့တွင် စက်တင်ဘာလ ၂ ရက်က ဖမ်းဆီးရမိထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မဟာအောင်​မြေမြို့နယ်၊ လမ်း ၈၀၊ ၃၉ လမ်းနှင့် လမ်း ၄ဝ ကြားရှိ နေအိမ်တစ်ခုကို သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံသားနှစ်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား လေးဦးနှင့် မြန်မာအပါအဝင် ၂၀ ဦးကို ဖုန်းအလုံးရေ ၈၀ ၊ Desktop ကွန်ပြူတာ ၂၈ လုံး၊ Laptop များ၊ Wifi လွှင့်စက်များ၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ၎င်းတို့ကို စစ်ဆေးချက်အရ မဟာအောင်မြေမြို့နယ် ၆၈ လမ်းနှင့် ၁၀၁ လမ်းအနီးရှိ ကျောက်မျက်ရောင်းဝယ်ရေးသို့ ဆက်လက်ရှာဖွေခဲ့ရာ နှစ်ဦးကို ထပ်မံတွေ့ရှိရကြောင်းသိရသည်။

၎င်းတို့၏ ထွက်ဆိုချက်အရ ၄၂ လမ်းနှင့် ၆၆ လမ်း အနီးရှိ ဟိုတယ်တစ်ခုသို့ ထပ်မံရှာဖွေခဲ့ရာ လူ ၆ ဦး၊ ဖုန်းအလုံးရေ ၄၉၈ လုံး၊ ကွန်ပြူတာအပါအဝင် ဆက်စပ်ပစ္စည်းမျိုးစုံ၊ ကျောက်စိမ်းပုတီး၊ လက်ကောက်၊ လက်ပတ်၊ ဦးတီပွား ရုပ်အပြားများ၊ ကျောက်စိမ်းအတုဟု ယူဆရသည့် ကျောက်စိမ်းဘယက်များနှင့် လက်ဝတ်ရတနာတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ၎င်းတို့ကို မဟာအောင်​မြေမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ (က)/၃၈ ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါးဖြင့် တွေ့ရှိခဲ့သူ တရုတ်နိုင်ငံသားတစ်ဦးကိုလည်း မူး/စိတ်/ပုဒ်မ ၁၆(ခ)အရသော် လည်းကောင်း၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ဖမ်းဆီးအရေးယူစစ်ဆေးလျက်ရှိကြောင်းသိရသည်။

NOM
👍122❤‍🔥1