News Of Myanmar
11.9K subscribers
28.3K photos
3.67K videos
3 files
6.62K links
Download Telegram
ညောင်လေးပင်မြို့နယ်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးတို့ကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရ

NOM စက်တင်ဘာ ၆၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ လှည်းဆိပ်ကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးဌေး (၆၇) နှစ်သည် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ တစ်ရွာတည်းနေ ရာအိမ်မှူး ဦးအောင်ကျော်မျိုး (၄၃) နှစ်နှင့်အတူ ညောင်လေးပင်မြို့နယ်၊ အောင်ကြီးကျေးရွာမှချောင်းရင်းကျေးရွာဘက်သို့ ချောင်းရင်း-ကညင်နှစ်ပင် ကျေးရွာချင်းဆက်လမ်းအတိုင်း ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ကတုတ်ကျေးရွာလမ်းဆုံအနီးအရောက် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ဖြင့် ဦးစိုးဌေးနှင့် ဦးအောင်ကျော်မျိုးတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

NOM
4😢2😡1
ကျောက်ဆည်မြို့နယ်၊ ဇော်ဂျီမြစ်အတွင်း အမျိုးသားနှစ်ဦးရေဆင်းကူးရာ တစ်ဦးရေနစ်သေဆုံး

NOM စက်တင်ဘာ ၆၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဇော်ဂျီမြစ်အတွင်းယမန်နေ့ စက်တင်ဘာ ၅ ရက်မွန်းလွဲ ၂ နာရီခန့်က အမျိုးသားနှစ်ဦးရေဆင်းကူးရာ တစ်ဦးရေနစ်​သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး (ကျောက်ဆည်) အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှာ ကူမဲမြို့ကွက်သစ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၂ နှစ်ခန့်ရှိ အမျိုးသားနှစ်ဦးသည် အလည်လာပြီး ကျောက်ဆည်မြို့နယ်၊ ဇော်ဂျီမြစ်အတွင်း ရေဆင်းကူးရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။

ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးကျောက်ဆည်အဖွဲ့တို့ ပူးပေါင်း၍ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး
ကျောက်ဆည်အဖွဲ့မှ ကျောက်ဆည် မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

NOM
👍5😢3
ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ပြေးဆွဲပေးနေသည့် အမှတ် (၈) အစုန် ရထားခဲဖြင့်ပစ်ပေါက်ခံရ

NOM စက်တင်ဘာ ၆၊ ၂၀၂၆

ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ပြေးဆွဲပေးနေသည့် အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားတွဲအားစက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် ခဲဖြင့်ပစ်ပေါက်ခံရသဖြင့် ရထားတွဲ၏ လေကာမှန် ပျက်စီးသွားခဲ့ကြောင်း မြန်မာ့မီးရထားမှ သတင်းထုတ်ပြန်ထားသည်။

အမှတ် (၈) အစုန် DEMU ရထားသည် ရန်ကုန်ဘူတာကြီးသို့ ခရီးဆုံးရောက်ရှိပြီးနောက် ရထားတွဲဆိုင်းအား သိမ်းဆည်းရန် စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ ထွက်ခွာမောင်းနှင်စဉ် လမ်းညာဘက်ခြမ်းမှ ခဲဖြင့် ပစ်ပေါက်ခံရသည့်အတွက်ရထားတွဲဆိုင်း၏ ဒုတိယတွဲဖြစ်သည့် ပထမတန်း DEMU F-4030 တွဲ၊ ခုံအမှတ် 3A၊ 3B နှင့် 4A၊ 4B အကြားရှိ ပြတင်းပေါက်ဘေး လေကာမှန်မှာ ၂ လက်မခန့် ပေါက်ထွက်သွားပြီး မှန်များ ကြေမွကွဲအက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဖြစ်ပွားချိန်တွင် အမှတ် (၈) အစုန်ရထားမှာ ခရီးဆုံးဘူတာသို့ ရောက်ရှိပြီး ရထားသိမ်းဆည်းရန် မိခင်စက်ရုံသို့ ဆက်လက်ထွက်ခွာနေခြင်းဖြစ်သဖြင့် ရထားပေါ်တွင်စက် ခေါင်းမောင်းနှင့် စက်မှုစက်ပြင်အဖွဲ့သာပါရှိခဲ့သောကြောင့်ခဲဖြင့်ပစ်ပေါက်ခံရသည့် ဖြစ်စဉ်ကို စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ ရောက်ရှိချိန်မှသာ သိရှိခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူ ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ အရေးယူနိုင်ရေးအတွက် အင်းစိန်နယ်မြေရဲစခန်းတွင် အမှုဖွင့်၍ ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ ၂၀ နှစ်အထိမပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကို လည်းချမှတ်နိုင်ကြောင်းသိရသည်။
👍7😡2
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်တွေ့ဆုံ၊ တိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ပြီး၊ မန္တလေးတိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် ပါတီဝင်များအားတွေ့ဆုံ

စက်တင်ဘာ ၅၊ ၂၀၂၆
👍74❤‍🔥1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ခရီးစဉ်ပြီးဆုံး၍ ယနေ့ စက်တင်ဘာ ၆ ရက်တွင် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းများက Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်အဖြစ် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ သွားရောက်ခဲ့ခြင်းဖြစ်သည်။
👍10❤‍🔥7
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည့်  ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၆ ရက်၊ မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်လေဆိပ်၌ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
👍183❤‍🔥1
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ PDF အဖွဲဝင် ၂၀၃ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

NOM စက်တင်ဘာ ၇၊၂၀၂၆

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ PDF အဖွဲဝင် ၂၀၃ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရာ အဆိုပါ PDF အဖွဲဝင်များအား လက်ခံကြိုဆိုခြင်းနှင့် မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

NOM
7👍7❤‍🔥1