ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် တွေ့ဆုံဆွေးနွေး
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ဗီယက်နမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် ဒေသတွင်းနှင့် နိုင်ငံတကာလွှတ်တော်ဆိုင်ရာ မျက်နှာစာများတွင် အပြန်အလှန်ပံ့ပိုးကူညီမှုများ ဆက်လက်ဆောင်ရွက်သွားနိုင်ရေးနှင့် အာဆီယံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရေးတို့အတွက် လွှတ်တော်နှစ်ရပ်အကြား နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်မျှော်လင့်ထားပါကြောင်းဖြင့် ပြောဆိုဆွေးနွေးသည်။

👍13❤🔥2
ယူကရိန်းကိုဆယ်ရက်ဆက်အပြင်းအထန်တိုက်
NOM
ရုရှားသည်ယူကရိန်းကိုဆယ်ရက်မြောက်နေ့အဖြစ်မြို့တော်ကိဗက်ဗ်အားပဲ့ထိန်းဒုံးများ၊လေဟုန်စီးပဲ့ထိန်းဗုံးများ၊အသေခံဒရုန်းများဖြင့်အပြင်းအထန်တိုက်ခိုက်လျက်ရှိရာမြို့တော်ကိယက်ဗ်တွင်မီးဟုန်းဟုန်းတောက်လျက်ရှိသည်။

👍20❤2
စမ်းချောင်းမြို့နယ်အတွင်းရှိ ဂျပ်စမင်ပဲလေ့စ်ဟိုတယ်တွင် ဟိုတယ်ဝန်ထမ်းတစ်ဦး နားနေခန်းအတွင်း လဲကျ သေဆုံး
NOM စက်တင်ဘာ ၅၊ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်(တောင်) ရပ်ကွက်၊ ပြည်လမ်းမပေါ်ရှိ ဂျပ်စမင်ပဲလေ့စ်ဟိုတယ်တွင် ဟိုတယ်ဝန်ထမ်းတစ်ဦး နားနေခန်းအတွင်းလဲကျသေဆုံးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၅ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နားနေခန်းအတွင်း လဲကျသေဆုံးနေသည့် ဟိုတယ်ဝန်ထမ်း၏ ရုပ်အလောင်းအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်နိုင်ရန် အနာဂတ်အလင်းတန်းပရဟိတအသင်းက လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးရသည့် အကြောင်းရင်းကို သက်ဆိုင်ရာဌာနများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

👍4😱4😨2❤1😡1
ညောင်တုန်းတွင် ချောင်းဖျားတာ ပေ ၃၀၀ ခန့် အက်ကြောင်းပေါ်၊ စိုးရိမ်ရန်မလိုသေးဘဲ ပရဟိတအဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိ
NOM စက်တင်ဘာ ၅၊၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာသည် မြစ်ရေတိုက်စားမှုကြောင့် စက်တင်ဘာ ၅ ရက် နံနက် ၆ နာရီခန့်တွင် ပေ ၃၃၀ ခန့် ထပ်မံပြိုကျခဲ့ကြောင်းသိရသည်။
သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဒေသခံကူညီရေးပရဟိတအဖွဲ့များက သွားရောက်ကာ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ၊ ကြိုတင်ကာကွယ်ရေး အားဖြည့်လုပ်ငန်းများကို လုပ်အားပေး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
တာတမံ ကြံ့ခိုင်မှုမထိခိုက်စေရန်နှင့် ပြည်သူများ စိုးရိမ်မှုမရှိစေရန်အတွက် နီးကပ်စွာစောင့်ကြည့်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။

👍15❤🔥1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် တွေ့ဆုံဆွေးနွေး
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် ယနေ့ စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ အစိုးရအဖွဲ့ရုံး၊ Grand Hall ၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

❤🔥5❤3👍2
နမ်းစန်မြို့တွင် ရေကြီးရေလျှံ ချောင်းဘေးနေထိုင်သည့် ရေဘေးသင့်သူများကိုဘေးလွတ်ရာရွှေ့ပြောင်းပေး
NOM၊စက်တင်ဘာ၅၊၂၀၂၆
ရှမ်းပြည်နယ်၊ နမ့်စန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာ ၅ ရက်နံနက် ၈ နာရီခန့်မှစ တင်ကာ နမ့်လတ်ချောင်းရေမြင့်တက်ခဲ့ကြောင်း သိရသည်။
ထိုသို့ နမ့်လတ်ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေးရှိ အမှတ်(၁)၊ (၃)၊ (၄)ရပ်ကွက်တို့ရှိနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်သူများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

👍5❤4😢1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့အား ယနေ့ စက်တင်ဘာ ၅ ရက်ညပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က ဗီယက်နမ်နိုင်ငံသမ္မတရုံး၊ တုံကင်နန်းတော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

❤12👍7❤🔥1
ကျွန်းလှမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် နွားကျောင်းနေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ
NOM စက်တင်ဘာ ၆၊ ၂၀၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ကန့်ဘလူမြို့ (ခုတင်-၁၀၀) ပြည်သူ့ဆေးရုံသို့ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ကျွန်းလှမြို့နယ်၊ ပိတောက်မြိုင်ရပ်ကွက်နေ ဦးကျော်စိုး (၆၁) နှစ်သည် အဆိုပါရပ်ကွက်ရှိ ဘိုးယားဆည်အနီး၌ နွားကျောင်းနေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

👍5😨2😡1
ညောင်လေးပင်မြို့နယ်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးတို့ကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရ
NOM စက်တင်ဘာ ၆၊ ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ လှည်းဆိပ်ကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးဌေး (၆၇) နှစ်သည် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ တစ်ရွာတည်းနေ ရာအိမ်မှူး ဦးအောင်ကျော်မျိုး (၄၃) နှစ်နှင့်အတူ ညောင်လေးပင်မြို့နယ်၊ အောင်ကြီးကျေးရွာမှချောင်းရင်းကျေးရွာဘက်သို့ ချောင်းရင်း-ကညင်နှစ်ပင် ကျေးရွာချင်းဆက်လမ်းအတိုင်း ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ကတုတ်ကျေးရွာလမ်းဆုံအနီးအရောက် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ဖြင့် ဦးစိုးဌေးနှင့် ဦးအောင်ကျော်မျိုးတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

❤4😢2😡1
ကျောက်ဆည်မြို့နယ်၊ ဇော်ဂျီမြစ်အတွင်း အမျိုးသားနှစ်ဦးရေဆင်းကူးရာ တစ်ဦးရေနစ်သေဆုံး
NOM စက်တင်ဘာ ၆၊ ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဇော်ဂျီမြစ်အတွင်းယမန်နေ့ စက်တင်ဘာ ၅ ရက်မွန်းလွဲ ၂ နာရီခန့်က အမျိုးသားနှစ်ဦးရေဆင်းကူးရာ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး (ကျောက်ဆည်) အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဖြစ်စဥ်မှာ ကူမဲမြို့ကွက်သစ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၂ နှစ်ခန့်ရှိ အမျိုးသားနှစ်ဦးသည် အလည်လာပြီး ကျောက်ဆည်မြို့နယ်၊ ဇော်ဂျီမြစ်အတွင်း ရေဆင်းကူးရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။
ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးကျောက်ဆည်အဖွဲ့တို့ ပူးပေါင်း၍ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး
ကျောက်ဆည်အဖွဲ့မှ ကျောက်ဆည် မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

👍5😢3
ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ပြေးဆွဲပေးနေသည့် အမှတ် (၈) အစုန် ရထားခဲဖြင့်ပစ်ပေါက်ခံရ
NOM စက်တင်ဘာ ၆၊ ၂၀၂၆
ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ပြေးဆွဲပေးနေသည့် အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားတွဲအားစက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် ခဲဖြင့်ပစ်ပေါက်ခံရသဖြင့် ရထားတွဲ၏ လေကာမှန် ပျက်စီးသွားခဲ့ကြောင်း မြန်မာ့မီးရထားမှ သတင်းထုတ်ပြန်ထားသည်။
အမှတ် (၈) အစုန် DEMU ရထားသည် ရန်ကုန်ဘူတာကြီးသို့ ခရီးဆုံးရောက်ရှိပြီးနောက် ရထားတွဲဆိုင်းအား သိမ်းဆည်းရန် စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ ထွက်ခွာမောင်းနှင်စဉ် လမ်းညာဘက်ခြမ်းမှ ခဲဖြင့် ပစ်ပေါက်ခံရသည့်အတွက်ရထားတွဲဆိုင်း၏ ဒုတိယတွဲဖြစ်သည့် ပထမတန်း DEMU F-4030 တွဲ၊ ခုံအမှတ် 3A၊ 3B နှင့် 4A၊ 4B အကြားရှိ ပြတင်းပေါက်ဘေး လေကာမှန်မှာ ၂ လက်မခန့် ပေါက်ထွက်သွားပြီး မှန်များ ကြေမွကွဲအက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားချိန်တွင် အမှတ် (၈) အစုန်ရထားမှာ ခရီးဆုံးဘူတာသို့ ရောက်ရှိပြီး ရထားသိမ်းဆည်းရန် မိခင်စက်ရုံသို့ ဆက်လက်ထွက်ခွာနေခြင်းဖြစ်သဖြင့် ရထားပေါ်တွင်စက် ခေါင်းမောင်းနှင့် စက်မှုစက်ပြင်အဖွဲ့သာပါရှိခဲ့သောကြောင့်ခဲဖြင့်ပစ်ပေါက်ခံရသည့် ဖြစ်စဉ်ကို စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ ရောက်ရှိချိန်မှသာ သိရှိခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူ ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ အရေးယူနိုင်ရေးအတွက် အင်းစိန်နယ်မြေရဲစခန်းတွင် အမှုဖွင့်၍ ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ ၂၀ နှစ်အထိမပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကို လည်းချမှတ်နိုင်ကြောင်းသိရသည်။

👍7😡2