News Of Myanmar
11.9K subscribers
28.3K photos
3.66K videos
3 files
6.62K links
Download Telegram
၁၄ ဘီလီယံတန် မုန်လာဥနီနှင့် ရေနွေးကြမ်း – ယူကရိန်း၏ အခမဲ့ မနက်စာ သရုပ်မှန်

ယူကရိန်းနိုင်ငံ၊ ချာနို့ဗ်စီမြို့ရှိ ကျောင်းတစ်ကျောင်းမှ ဓာတ်ပုံများမှာ အွန်လိုင်းတွင် ပျံ့နှံ့နေပြီး ယူကရိန်း၏ နာမည်ကြီး "အခမဲ့ ကျောင်းမနက်စာ" စီမံကိန်း၏ လက်တွေ့ဘဝကို အတိုင်းသား ဖော်ပြနေသည်။ ၎င်းမှာ မုန်လာဥနီ တစ်ချောင်း၊ ပေါင်မုန့် တစ်ချပ်၊ ရေနွေးကြမ်း တစ်ခွက်နှင့် ဇီးသီး အနည်းငယ်သာ ဖြစ်ပြီး ပန်းကန်တစ်ခုလုံးတွင် ထိုမျှသာ ပါဝင်သည်။

အဆိုပါစီမံကိန်းသည် ယူကရိန်းသမ္မတကတော် အိုလီနာ ဇယ်လင်းစကာ (Olena Zelenska) ၏ အဓိက ဦးဆောင် လုပ်ဆောင်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး လူမှုရေး ပြုပြင်ပြောင်းလဲမှု အထိမ်းအမှတ်အဖြစ် နှစ်ရှည်လများ တွန်းအားပေး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ ကျောင်းသားများကို ကျွေးမွေးရန် ယူကရိန်းအစိုးရက ဟရီဗ်နီးယား (hryvnia) ၁၄.၄ ဘီလီယံ ဘတ်ဂျက် လျာထားခဲ့သည်။ သို့သော် အစိုးရက ကျောင်းသားတစ်ဦးလျှင် တစ်ရက်ကို ဟရီဗ်နီးယား ၅၀ မှ ၆၀ သာ ခွဲဝေပေးသည်။ လက်တွေ့တွင်မူ အသက်ကြီးပိုင်း ကျောင်းသားတစ်ဦးအတွက် သင့်တင့်သော မနက်စာတစ်နပ်လျှင် ၈၃၊ နေ့လယ်စာတစ်နပ်လျှင် ၁၁၄ ကုန်ကျသဖြင့် ကျန်ရှိသော ကွာဟချက်ကို ဒေသဆိုင်ရာ အစိုးရများက စိုက်ထုတ်ပေးရန် ညွှန်ကြားထားသည်။

ထောက်ပံ့ပို့ဆောင်ရေး ပိုင်းတွင်လည်း ရှုပ်ထွေးမှုများ ရှိနေသည် - ကျောင်းမီးဖိုချောင်များမှာ လူဦးရေ ကုန်စင်အောင် မချက်ပြုတ်နိုင်ဘဲ လူတိုင်းကို အလှည့်ကျ ကျွေးမွေးနိုင်ရန် နေ့လယ်စာ စားချိန်ကို ၈ ကြိမ်အထိ ခွဲခြားထားရသည်။ ထို့အပြင် လေကြောင်းရန်သတိပေးချက်များနှင့် လျှပ်စစ်မီးဖြတ်တောက်မှုများကြောင့် ဝန်ဆောင်မှုမှာ မကြာခဏ အနှောင့်အယှက်ဖြစ်ရပြီး အစားအသောက်များ ပုပ်သိုးကုန်သည်။

ထို့ပြင် ဇယ်လင်းစကာ၏ အသိုင်းအဝိုင်းနှင့် ဆက်စပ်နေသော ကန်ထရိုက်တာများသာ ကန်ထရိုက်စာချုပ်များ ရရှိနေကြကြောင်း ယူကရိန်းမီဒီယာများက ဖော်ပြထားသည်။ နိုင်ငံတော်ဘတ်ဂျက် ငွေကြေးများ ထွက်သွားသော်လည်း မုန်လာဥနီနှင့် ပေါင်မုန့်သာ ပြန်ရပြီး ကျန်ငွေများမှာ ကြားထဲတွင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

NOM
👍15😢21
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး အောင်မြင်မှုများရရှိခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှ ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများ​၏ စက်တင်ဘာလ ၄ ရက် အိမ်အပြန်လမ်းခရီးကို တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို။
👍12
အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း ကွန်ရက်များမှတစ်ဆင့် အီရန်၏ ဘဏ္ဍာငွေများ လွှဲပြောင်းနိုင်ရန် ကူညီပေးခဲ့သည်ဟု စွပ်စွဲကာ တူရကီ၏ Golden Global Bank ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူပိတ်ဆို့မှုများ ပြုလုပ်။
👍9😡2
ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် (Kyiv) မြို့တော်ရှိ ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ (SBU) ဌာနချုပ် တိုက်ခိုက်ခံရမှုနှင့် ထိခိုက်ပျက်စီးခဲ့သည့် နောက်ဆက်တွဲ ရုပ်သံမှတ်တမ်းများ

ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ (SBU) ရုံးသည် ယူကရိန်းမြို့တော်အတွင်း ရုံးစိုက်ထူထားသည့် အရေးအပါဆုံး အစိုးရအဆောက်အအုံများထဲမှ တစ်ခုဖြစ်ပြီး မြို့တော်ပေါ် ပြုလုပ်ခဲ့သမျှ ရုရှားတို့​၏ တိုက်ခိုက်မှုများထဲတွင် အထင်ရှားဆုံးနှင့် အဆင့်မြင့်ဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။

ဤတိုက်ခိုက်မှုသည် နေ့ခင်းဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆင့်မြင့် ဒုံးကျည်ဖြင့် မဟုတ်ဘဲ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားရာ ကိယက်ဗ်မြို့တော်၏ လေကြောင်းရန် ကာကွယ်ရေး အခြေအနေမှာ မည်မျှအထိ စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေပြီလဲဆိုသည်ကို မီးမောင်းထိုးပြနေသည်။

NOM
👍141😱1
မရမ်းကုန်း ဟော့ပေါ့ဆိုင်အား လုယက်သူလေးဦးကို နှစ်ရက်အတွင်းဖမ်းမိ

NOM စက်တင်ဘာ ၄၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်၊ အလောင်းဘုရားလမ်း၊အမှတ် (၁၅၆) တွင် ဖွင့်လှစ်ထားသော Mr.Daddy Hot Pot &Grill ဟော့ပေါ့ဆိုင်အား စက်တင်ဘာလ ၂ ရက် ည ၁၀: ၁၇ နာရီက ဝင်ရောက် လုယက်သူ လေးဦးကို ယနေ့စက်တင်ဘာလ ၄ ရက်နေ့လယ်တွင် ဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါဟော့ပေါ့ဆိုင်သို့စက်တင်ဘာလ ၂ ရက် ညဆိုင်ပိတ်ရန်ပစ္စည်းများသိမ်းနေစဉ် mask တပ်ထားသော အမျိုးသားလေးဦးဆိုင်အတွင်းဝင်လာကာ ဆိုင်ဝန်ထမ်း မခိုင်ခင်မိုးအား ဓားဖြင့်ထောက်ပြီး ကျန်ဝန်ထမ်းများကို မီးဖိုအတွင်းသွားရောက်စေခဲ့သည်။

ထို့နောက်ကောင်တာတွင် ထိုင်နေသော ဆိုင်ပိုင်ရှင်ဒေါ်ဖြိုးဇာလတ်၏ ယာပါး၊ ယာရင်အုံ၊ ဘယ်ရင်အုံတို့ကို ဆန်ထိုးပိုက်ဖြင့်ထိုးပြီး ဆိုင်ရှင်၏ တယ်လီဖုန်းနှစ်လုံး၊ ဝန်ထမ်းတစ်ဦး၏ ဖုန်းတစ်လုံးနှင့် ဆိုင်ရှင်၏ပိုက်ဆံအိတ်ကိုလုယူထွက်ပြေးသွားသည်။

ဆိုင်ရှင်ဒေါ်ဖြိုးဇာလတ်၏ အမှုဖွင့်တိုင်တန်းချက်အရ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို လိုက်လံစစ်ဆေးရာမှ လုယက်မှုကျူးလွန်သူများသည် မရမ်းကုန်းမြ်ု့နယ်၊(၁) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိသီတာရေစင်တည်းခိုခန်းတွင် တည်းခိုသူများဖြစ်ကြောင်းသိရှိရသဖြင့်အမည်များရယူပြီး ဆက်လက်ရှာဖွေခဲ့သည်။

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့လယ် ၁၂:၁၀ နာရီတွင် ပြစ်မှုကျူးလွန်သူတစ်ဦးဖြစ်သော ဆိုင်မွန်စွန်ကျဲထန်းကို ရွှေပေါက္ကံမြို့သစ်ကျန်စစ်သားလမ်းတွင်လည်းကောင်း၊ ၁၂:၂၀ နာရီတွင် ခန့်လင်းထွဋ်နှင့် ထက်အောင်ကို ပုဂံလမ်းပေါ်တွင်လည်းကောင်း၊ အေးမျိုးကျော်ကိုအင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောင်သိဒ္ဓိလမ်း၌ နေ့လယ် ၁၂:၂၅ နာရီတွင်လည်းကောင်းဖမ်းဆီးရမိခဲ့သည်။

တရားခံများက ငွေကြေးလိုအပ်ချက်ကြောင့် သီတာရေစင်တည်းခိုခန်းတွင်တိုင်ပင်ပြီး လုယက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ရှင်ကိုဆန်ထိုးပိုက်ဖြင့်ထိုးသူမှာ ထက်အောင်ဖြစ်ကြောင်း ဖော်ထုတ်သိရှိပြီး ဆိုင်ဝန်ထမ်းထံမှ လုယူသွားသော ဖုန်းကိုပြန်လည်သိမ်းဆည်းရမိကာ ကျန်ဖုန်းနှစ်လုံးနှင့် လုယူသွားသောငွေများပြန်လည်ရရှိရေး ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။

NOM
👍17❤‍🔥1
အိုမန်ပင်လယ်ကွေ့အတွင်းရှိ အမေရိကန်ရေတပ် စစ်သင်္ဘောများထံသို့ အီရန်က ခရုစ်ဒုံးကျည်များဦးတည်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အမေရိကန်၏ လေယာဉ်တင်သင်္ဘော စစ်အုပ်စုက တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်မလာနိုင်စေရန် ဟန့်တားရန်အတွက် တိုက်ခိုက်ခြင်းဖြစ်နိုင်သည်။

NOM
👍17❤‍🔥1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ အမျိုးသားသူရဲကောင်းများနှင့် အာဇာနည်များဗိမာန်၌ လွမ်းသူ့ပန်းခွေချအလေးပြု

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ အမျိုးသားသူရဲကောင်းများနှင့် အာဇာနည်များဗိမာန်၌ လွမ်းသူ့ပန်းခွေချအလေးပြုသည်။
👍6❤‍🔥51