ရန်ကုန်-မန္တလေးအမြန်လမ်း တွင်TikTok ရိုက်နေသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီးသေဆုံး
NOM၊စက်တင်ဘာ၄၊၂၀၂၆
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၂ အနီးတွင် စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်က အမြန်လမ်းပေါ်တက်၍ TikTok ရိုက်ကူးနေသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါ မိုင်တိုင်အနီး ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးသည် ကလေးအား ကျောင်းပို့ပြီးအပြန် အမြန်လမ်းမကြီးပေါ်တက်၍ TikTok ရိုက်ကူးနေစဉ် ဒိုင်နာယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယာဉ်မောင်းသူဘက်မှ ဟွန်းတီးသတိပေးခဲ့သော်လည်း သတိမထားမိဘဲ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အခင်းဖြစ်ပွားပြီးနောက် မိုင်တိုင် ၃၂ အနီး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးကာ ရုပ်အလောင်းအား သယ်ဆောင်သွားခဲ့ကြောင်းသိရသည်။

👍7😨4😢1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာ
ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Viettel ၏ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများ၊ ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက်နေမှုနှင့် ကုမ္ပဏီ၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေအနေများကို လေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

👍9❤🔥2❤1
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ရေဆင်းကူးရာ အမျိုးသမီးနှစ်ဦး ရေနစ်သေဆုံး
NOM စက်တင်ဘာ ၄၊ ၂၀၂၆
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ ဂွေးခါးတောင်အနီးရှိ သဘာဝရေကန်တွင် စက်တင်ဘာ ၄ ရက် ယနေ့ညနေ ၄ နာရီခွဲက အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦး ရေဆင်းကူးရာမှ အမျိုးသမီးနှစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်း တပ်ကုန်းမြို့နယ် မီးသတ်စခန်းမှသိရသည်။
အဆိုပါ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် အမျိုးသမီးနှစ်ဦး (သေဆုံး)အား တွေ့ရှိခဲ့ပြီး တပ်ကုန်း မြို့နယ် ခုတင် (၁၀၀) ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
NOM

😢10
ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့ရှိ အကြီးဆုံးသော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှင့် ဗလာဒီဗော့စတော့ ကုန်သွယ်ရေးဆိပ်ကမ်းတို့အား လှည့်လည်ကြည့်ရှု
👍11❤🔥1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်တိုက်ခိုက်မှုကြောင့်သေဆုံးသွားသော ကလေးအတွက် ဝတ်ပြုဆုတောင်း
NOM
အီရန်နိုင်ငံ ကီရစ်ခ်ကျွန်းရှိမင်္ဂလာဧည့်ခံပွဲကို အမေရိကန်ကဗုံးကြဲတိုက်ခိုက်စဉ် သေဆုံးခဲ့ရသောလေးနှစ်အရွယ်ကလေးငယ်၏ နာရေးတွင်ဆွန်နီနှင့် ရှီယိုက်မူဆလင်များ ပူးတွဲဝတ်ပြုဆုတောင်းခဲ့ကြသည်။

👍8😢7❤1
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း အရာရှိများအား တွေ့ဆုံအမှာစကားပြောကြား
စက်တင်ဘာ ၄၊ ၂၀၂၆
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ အရာရှိများအား တွေ့ဆုံ၍ လိုအပ်သည်များကို အမှာစကားပြောကြားခဲ့သည်။

👍12❤🔥1