News Of Myanmar
11.9K subscribers
28.3K photos
3.66K videos
3 files
6.62K links
Download Telegram
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် နီပေါနိုင်ငံ၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး
 
စက်တင်ဘာ ၃၊ ၂၀၂၆
 
နီပေါနိုင်ငံ၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးရန် ရန်ကုန်မြို့ တာမွေမြို့နယ် နတ်မောက်ရိပ်သာလမ်း အမှတ် ၁၆ ရှိ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးသို့ ယနေ့မွန်းလွဲ ၂ နာရီတွင် သွားရောက်ခဲ့သည်။
 
ဦးစွာ ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမ၌ တွေ့ဆုံနှုတ်ဆက်၍ နီပေါနိုင်ငံတွင် ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့မှုအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
❤‍🔥3😢2💔1
ဆော်ဒီ ကျောထောက်နောက်ခံပြုယီမင်အစိုးရတပ်ဖွဲ့များကို ပစ်မှတ်ထားသည့် ဟူသီတို့၏ ဒရုန်းတိုက်ခိုက်မှု ရုပ်သံသစ်ထွက်ရှိ

ဆော်ဒီ ကျောထောက်နောက်ခံပြု ယီမင်အစိုးရတပ်ဖွဲ့များအား ဒရုန်းဖြင့် တိုက်ခိုက်သည့် မှတ်တမ်းဗီဒီယို ပေါင်းချုပ်တစ်ခုကို ဟူသီအဖွဲ့က ထပ်မံထုတ်ပြန်လိုက်သည်။

လွန်ခဲ့သည့်လက ဆာနား (Sanaa) လေဆိပ်ကို ဆော်ဒီက လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ကုလသမဂ္ဂ ကြားဝင်စေ့စပ်ပေးထားသည့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားခဲ့ကာ စစ်ရေးတင်းမာမှုများ မြင့်တက်လာချိန်တွင် ယခုရုပ်သံထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ ဟူသီတို့သည် ယီမင်မြေပေါ်ရှိ ဆော်ဒီတပ်ဖွဲ့များအပြင် ဆော်ဒီအာရေးဘီးယား နိုင်ငံအတွင်းရှိ ပစ်မှတ်များကိုပါ လက်စားချေတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

NOM
👍121
ရန်ကုန်-မန္တလေးအမြန်လမ်း တွင်TikTok ရိုက်နေသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီးသေဆုံး
NOM၊စက်တင်ဘာ၄၊၂၀၂၆
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၂ အနီးတွင် စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်က အမြန်လမ်းပေါ်တက်၍ TikTok ရိုက်ကူးနေသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါ မိုင်တိုင်အနီး ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးသည် ကလေးအား ကျောင်းပို့ပြီးအပြန် အမြန်လမ်းမကြီးပေါ်တက်၍ TikTok ရိုက်ကူးနေစဉ် ဒိုင်နာယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယာဉ်မောင်းသူဘက်မှ ဟွန်းတီးသတိပေးခဲ့သော်လည်း သတိမထားမိဘဲ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အခင်းဖြစ်ပွားပြီးနောက် မိုင်တိုင် ၃၂ အနီး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးကာ ရုပ်အလောင်းအား သယ်ဆောင်သွားခဲ့‌ကြောင်းသိရသည်။
👍7😨4😢1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာ

ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Viettel ၏ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများ၊ ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက်နေမှုနှင့် ကုမ္ပဏီ၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေအနေများကို လေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
👍9❤‍🔥21
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင်‌ ရေဆင်းကူးရာ အမျိုးသမီးနှစ်ဦး‌ ရေနစ်သေဆုံး

NOM စက်တင်ဘာ ၄၊ ၂၀၂၆

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ ဂွေးခါးတောင်အနီးရှိ သဘာဝရေကန်တွင် စက်တင်ဘာ ၄ ရက် ယနေ့ညနေ ၄ နာရီခွဲက အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦး ရေဆင်းကူးရာမှ အမျိုးသမီးနှစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်း တပ်ကုန်းမြို့နယ် မီးသတ်စခန်းမှသိရသည်။

အဆိုပါ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် အမျိုးသမီးနှစ်ဦး (သေဆုံး)အား တွေ့ရှိခဲ့ပြီး တပ်ကုန်း မြို့နယ် ခုတင် (၁၀၀) ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့‌ ကြောင်းသိရသည်။

NOM
😢10
ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့ရှိ အကြီးဆုံးသော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှင့် ဗလာဒီဗော့စတော့ ကုန်သွယ်ရေးဆိပ်ကမ်းတို့အား လှည့်လည်ကြည့်ရှု
👍11❤‍🔥1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်တိုက်ခိုက်မှုကြောင့်သေဆုံးသွားသော ကလေးအတွက် ဝတ်ပြုဆုတောင်း

NOM

အီရန်နိုင်ငံ ကီရစ်ခ်ကျွန်းရှိမင်္ဂလာဧည့်ခံပွဲကို အမေရိကန်ကဗုံးကြဲတိုက်ခိုက်စဉ် သေဆုံးခဲ့ရသောလေးနှစ်အရွယ်ကလေးငယ်၏ နာရေးတွင်ဆွန်နီနှင့် ရှီယိုက်မူဆလင်များ ပူးတွဲဝတ်ပြုဆုတောင်းခဲ့ကြသည်။
👍8😢71