မြန်မာအာကာသအေဂျင်စီတွင် တပ်မတော်အရာရှိ ၁၉ ဦး ပြောင်းရွှေ့ခန့်အပ်
မြန်မာအာကာသအေဂျင်စီ (MSA) တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၉ ဦးနှင့် ဗိုလ်ကြီး ၄ ဦး စုစုပေါင်း အရာရှိ ၁၉ ဦးကို ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင်ဖော်ပြထားသည်။
အဆိုပါခန့်အပ်မှုကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအတည်ပြုချက်အရ နိုင်ငံတော်သမ္မတရုံးက ၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

👍16❤🔥2
အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် PDF ၁၇ ဦး လက်နက်ခဲယမ်းများနှင့် အတူ တပ်မတော်ထံ အလင်းဝင်
စက်တင်ဘာ ၄၊ ၂၀၂၆
ယနေ့ စက်တင်ဘာလ ၄ ရက်နေ့၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲ့ဝင် အမျိုးသား (၁၆) ဦး၊ အမျိုးသမီး (၁) ဦး စုစုပေါင်း (၁၇) ဦးတို့သည် သေနတ် ၉ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

👍10❤🔥1
တောင်သာမြို့နယ်၊ အောင်သာကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့က ခရီးသည်တင်ယာဉ်တစ်စီးကိုတားဆီး၍ ခရီးသည်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား
NOM စက်တင်ဘာ ၄၊ ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်နေ ဦးမင်းသူဟိန်း (၄၄) နှစ်သည် စက်တင်ဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်၌ မြင်းခြံမြို့မှ နေပြည်တော်သို့ "ပြည်တော်အေး" ခရီးသည်တင် မော်တော်ယာဉ်ဖြင့် လိုက်ပါလာစဉ် တောင်သာမြို့နယ်၊ အောင်သာကျေးရွာအနီး မီးရထားသံလမ်းကူးအရောက် PDF အကြမ်းဖက်သမားကိုးဦးခန့်က မော်တော်ယာဉ်အား တားဆီးကာ ဦးမင်းသူဟိန်းအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
NOM

😡5👍2
ညောင်ဦးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က လောကနန္ဒာမြစ်ရေတင်စီမံကိန်းမှ ဦးစီးအရာရှိ (လျှပ်စစ်) ကိုဖမ်းဆီးခေါ်ဆောင်သွား
NOM စက်တင်ဘာ ၄၊ ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့နေ ညောင်ဦးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လောကနန္ဒာမြစ်ရေတင်စီမံကိန်းမှ ဦးစီးအရာရှိ (လျှပ်စစ်) ဖြစ်သူ ဦးဇင်မင်းထိုက် (၄၇) နှစ်သည် စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ ပုဂံမြို့အနီးရှိ လောကနန္ဒာမြစ်ရေတင်စီမံကိန်းနေရာမှ ပုဂံမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ပုဂံမြို့နယ်၊ နွားကြိုးအိုင်ကျေးရွာအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

👍5😡3❤1😱1😢1
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် နီပေါနိုင်ငံ၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး
စက်တင်ဘာ ၃၊ ၂၀၂၆
နီပေါနိုင်ငံ၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးရန် ရန်ကုန်မြို့ တာမွေမြို့နယ် နတ်မောက်ရိပ်သာလမ်း အမှတ် ၁၆ ရှိ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးသို့ ယနေ့မွန်းလွဲ ၂ နာရီတွင် သွားရောက်ခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမ၌ တွေ့ဆုံနှုတ်ဆက်၍ နီပေါနိုင်ငံတွင် ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့မှုအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

❤🔥3😢2💔1
ဆော်ဒီ ကျောထောက်နောက်ခံပြုယီမင်အစိုးရတပ်ဖွဲ့များကို ပစ်မှတ်ထားသည့် ဟူသီတို့၏ ဒရုန်းတိုက်ခိုက်မှု ရုပ်သံသစ်ထွက်ရှိ
ဆော်ဒီ ကျောထောက်နောက်ခံပြု ယီမင်အစိုးရတပ်ဖွဲ့များအား ဒရုန်းဖြင့် တိုက်ခိုက်သည့် မှတ်တမ်းဗီဒီယို ပေါင်းချုပ်တစ်ခုကို ဟူသီအဖွဲ့က ထပ်မံထုတ်ပြန်လိုက်သည်။
လွန်ခဲ့သည့်လက ဆာနား (Sanaa) လေဆိပ်ကို ဆော်ဒီက လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ကုလသမဂ္ဂ ကြားဝင်စေ့စပ်ပေးထားသည့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားခဲ့ကာ စစ်ရေးတင်းမာမှုများ မြင့်တက်လာချိန်တွင် ယခုရုပ်သံထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုအချိန်မှစ၍ ဟူသီတို့သည် ယီမင်မြေပေါ်ရှိ ဆော်ဒီတပ်ဖွဲ့များအပြင် ဆော်ဒီအာရေးဘီးယား နိုင်ငံအတွင်းရှိ ပစ်မှတ်များကိုပါ လက်စားချေတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

👍12❤1
ရန်ကုန်-မန္တလေးအမြန်လမ်း တွင်TikTok ရိုက်နေသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီးသေဆုံး
NOM၊စက်တင်ဘာ၄၊၂၀၂၆
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၂ အနီးတွင် စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်က အမြန်လမ်းပေါ်တက်၍ TikTok ရိုက်ကူးနေသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါ မိုင်တိုင်အနီး ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးသည် ကလေးအား ကျောင်းပို့ပြီးအပြန် အမြန်လမ်းမကြီးပေါ်တက်၍ TikTok ရိုက်ကူးနေစဉ် ဒိုင်နာယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယာဉ်မောင်းသူဘက်မှ ဟွန်းတီးသတိပေးခဲ့သော်လည်း သတိမထားမိဘဲ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အခင်းဖြစ်ပွားပြီးနောက် မိုင်တိုင် ၃၂ အနီး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးကာ ရုပ်အလောင်းအား သယ်ဆောင်သွားခဲ့ကြောင်းသိရသည်။

👍7😨4😢1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာ
ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Viettel ၏ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများ၊ ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက်နေမှုနှင့် ကုမ္ပဏီ၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေအနေများကို လေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

👍9❤🔥2❤1