News Of Myanmar
11.9K subscribers
28.2K photos
3.65K videos
3 files
6.62K links
Download Telegram
သင်္ဘောသားများ ပြည်ပသို့အလည်အပတ်ထွက်က သင်္ဘောသားနိုင်ငံကူးလက်မှတ် PS ဖြင့် ထွက်ခွင့်မပြု

NOM
👍13
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့  သွားရောက်လေ့လာ

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာအသုံးပြုထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။
👍11❤‍🔥1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့  သွားရောက်လေ့လာ

NOM စက်တင်ဘာ ၄၊ ၂၀၂၆

ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျပ်စစ််မော်တော် ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့သွားရောက်၍ ထုတ် လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာ အသုံးပြုထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။

နိုင်ငံတော်သမ္မတသည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ ကားကိုယ်ထည်ဖိပုံသွင်းခြင်းမှစ၍ ကိုယ်ထည်တည်ဆောက်ခြင်း၊ ဆေးမှုတ်ခြင်း၊ မော်တော်ယာဉ် အစိတ်အပိုင်းများ တပ်ဆင်ခြင်းနှင့် အပြီးသတ်မော်တော်ယာဉ်များ ထုတ်လုပ်သည့် အဆင့်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုလေ့လာခဲ့သည်။

NOM
👍12❤‍🔥1
မြန်မာအာကာသအေဂျင်စီတွင် တပ်မတော်အရာရှိ ၁၉ ဦး ပြောင်းရွှေ့ခန့်အပ်

မြန်မာအာကာသအေဂျင်စီ (MSA) တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၉ ဦးနှင့် ဗိုလ်ကြီး ၄ ဦး စုစုပေါင်း အရာရှိ ၁၉ ဦးကို ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင်ဖော်ပြထားသည်။

အဆိုပါခန့်အပ်မှုကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအတည်ပြုချက်အရ နိုင်ငံတော်သမ္မတရုံးက ၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
👍16❤‍🔥2
အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် PDF ၁၇ ဦး လက်နက်ခဲယမ်းများနှင့် အတူ တပ်မတော်ထံ အလင်းဝင်

စက်တင်ဘာ ၄၊ ၂၀၂၆

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲ့ဝင် အမျိုးသား (၁၆) ဦး၊ အမျိုးသမီး (၁) ဦး စုစုပေါင်း (၁၇) ဦးတို့သည် သေနတ် ၉ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
👍10❤‍🔥1
တောင်သာမြို့နယ်၊ အောင်သာကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့က ခရီးသည်တင်ယာဉ်တစ်စီးကိုတားဆီး၍ ခရီးသည်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

NOM စက်တင်ဘာ ၄၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်နေ ဦးမင်းသူဟိန်း (၄၄) နှစ်သည် စက်တင်ဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်၌ မြင်းခြံမြို့မှ နေပြည်တော်သို့ "ပြည်တော်အေး" ခရီးသည်တင် မော်တော်ယာဉ်ဖြင့် လိုက်ပါလာစဉ် တောင်သာမြို့နယ်၊ အောင်သာကျေးရွာအနီး မီးရထားသံလမ်းကူးအရောက် PDF အကြမ်းဖက်သမားကိုးဦးခန့်က မော်တော်ယာဉ်အား တားဆီးကာ ဦးမင်းသူဟိန်းအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

NOM
😡5👍2