News Of Myanmar
11.9K subscribers
28.3K photos
3.65K videos
3 files
6.62K links
Download Telegram
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းတည့် ၁၂ နာရီခွဲတွင် ရောက်ရှိကြသည်။

Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဗီယက်နမ်သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေးဒုတိယဝန်ကြီးနှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
👍16❤‍🔥2
ကယားပြည်နယ်၊၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

စက်တင်ဘာ ၄၊ ၂၀၂၆

ကယားပြည်နယ်အတွင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးများမှ တာဝန်ရှိသူများ၊ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများနှင့် မိဘ အုပ်ထိန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားကို လွိုင်ကော်မြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “တို့ကျောင်းတော်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများအနေနှင့် နိုင်ငံသားတစ်ယောက်၏ ကျင့်ဝတ်သိက္ခာနှင့်အညီ တန်ဖိုးရှိစွာ နေထိုင်တတ်ပြီး ထူးချွန်ထက်မြက်သည့် လူရည်ချွန် လူရည်မွန်များ ဖြစ်အောင် ဆက်လက်ကြိုးစားသွားစေလိုကြောင်း  စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅) ဘာသာဂုဏ်ထူးရရှိသည့် ကျောင်းသားကျောင်းသူ(၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသည့် ကျောင်းသား (၁) ဦး၊ အောင်ချက်အကောင်းဆုံးကျောင်းဆု ရရှိသည့် ကျောင်းများနှင့် ပြည်နယ်အတွင်း သိပ္ပံဘာသာတွဲနှင့် ဝိပ္ပံဘာသာတွဲတို့တွင် ရမှတ်အများဆုံး ရရှိသည့် ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ရာ ဆုရရှိသူများက အသီးသီးလက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးမှူးတို့က ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ ဘာသာတွဲရမှတ် ဒုတိယနှင့် တတိယအများဆုံးဆုရရှိသူများ၊ ဘာသာရပ်အလိုက် သင်ကြားမှု ထူးချွန်ဆုရရှိသည့် ဆရာဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းများကို ပေးအပ် ချီးမြှင့်သည်။ ယင်းနောက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။

ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက တေး သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
👍8
သင်္ဘောသားများ ပြည်ပသို့အလည်အပတ်ထွက်က သင်္ဘောသားနိုင်ငံကူးလက်မှတ် PS ဖြင့် ထွက်ခွင့်မပြု

NOM
👍13
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့  သွားရောက်လေ့လာ

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာအသုံးပြုထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။
👍11❤‍🔥1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့  သွားရောက်လေ့လာ

NOM စက်တင်ဘာ ၄၊ ၂၀၂၆

ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျပ်စစ််မော်တော် ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့သွားရောက်၍ ထုတ် လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာ အသုံးပြုထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။

နိုင်ငံတော်သမ္မတသည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ ကားကိုယ်ထည်ဖိပုံသွင်းခြင်းမှစ၍ ကိုယ်ထည်တည်ဆောက်ခြင်း၊ ဆေးမှုတ်ခြင်း၊ မော်တော်ယာဉ် အစိတ်အပိုင်းများ တပ်ဆင်ခြင်းနှင့် အပြီးသတ်မော်တော်ယာဉ်များ ထုတ်လုပ်သည့် အဆင့်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုလေ့လာခဲ့သည်။

NOM
👍12❤‍🔥1
မြန်မာအာကာသအေဂျင်စီတွင် တပ်မတော်အရာရှိ ၁၉ ဦး ပြောင်းရွှေ့ခန့်အပ်

မြန်မာအာကာသအေဂျင်စီ (MSA) တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၉ ဦးနှင့် ဗိုလ်ကြီး ၄ ဦး စုစုပေါင်း အရာရှိ ၁၉ ဦးကို ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင်ဖော်ပြထားသည်။

အဆိုပါခန့်အပ်မှုကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအတည်ပြုချက်အရ နိုင်ငံတော်သမ္မတရုံးက ၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
👍16❤‍🔥2