This media is not supported in your browser
VIEW IN TELEGRAM
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နှင့်ဇနီးအား ဂုဏ်ပြုကြိုဆိုရန် ပြင်ဆင်နေမှုမြင်ကွင်းများ
👍5❤🔥4
၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ အခြေခံပညာ လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်
စက်တင်ဘာ ၂၊ ၂၀၂၆
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ အခြေခံပညာလူရည်ချွန်ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်အတူ ဇနီးဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ဖတ်ရှုခြင်းဝါသနာကို မွေးမြူကြရန်လိုအပ်ကြောင်း။
တပ်မတော်သား အရာရှိ၊ စစ်သည်များသည် နိုင်ငံတော်၏ နယ်မြေအသီးသီးတွင် ကျရာတာဝန်ကို နေရာဒေသမရွေး ထမ်းဆောင်နေကြသူများပင်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ကျရာနယ်မြေအသီးသီးတွင် ပေးအပ်လာသည့် ကျရာတာဝန်များကို ထမ်းဆောင်ကြရင်း ကိုယ်စီမိသားစုများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်ကဏ္ဍများကို တိုးတက်အောင် ထမ်းဆောင်နေကြသူများပင်ဖြစ်ကြောင်း၊ ထိုသို့ ဘဝ၏စိန်ခေါ်မှုများကြားက မိမိတို့သားသမီးများ၏ပညာရည်မြင့်မားရေးကို စွမ်းစွမ်းတမံ ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကြသူများသည် နိုင်ငံတော်၏စစ်သည်တော်ကောင်းများဖြစ်သကဲ့သို့ မိသားစု၏ မိဘကောင်းများအဖြစ်လည်း သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ကြသူများဖြစ်ကြောင်း၊ မိဘ၏အရိပ်အောက်မှ ကြိုးစားအောင်မြင်ခဲ့ကြသည့် လူငယ်မောင်မယ်တို့အနေဖြင့်လည်း မိသားစု၏သားသမီးကောင်းရတနာများအဖြစ်သာမက နိုင်ငံ့သားကောင်းရတနာများအဖြစ်ပါ ဆင့်ကဲကမ္ပည်းထိုးနိုင်ခဲ့မှုအတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
မိမိတို့တပ်မတော်အနေဖြင့် ပညာရည်မြင့်မားရေးကို ဆောင်ရွက်ရာတွင် ကဏ္ဍနှစ်ခုကို အပိုင်းခွဲဖော်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးနှင့် တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးပင်ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ ပညာရည်မြင့်မားရန်အတွက် တပ်မတော်ပညာရေးကျောင်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့ တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး အခြေခံပညာရေးမှသည် အဆင့်မြင့်ပညာရေးအထိ သင်ကြားအောင်မြင်နိုင်ရေး အစဉ်တစိုက် ကြိုးပမ်း ထမ်းရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် လက်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်လည်း တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်းနှစ်ကျောင်းကို အထက်မြန်မာပြည်၊ အောက်မြန်မာပြည်ခွဲ၍ နေပြည်တော်နှင့်ရန်ကုန်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ပညာရေးကဏ္ဍသစ်အဖြစ် ဖွင့်လှစ်လိုက်သည့်ကျောင်းများတွင် တပ်မတော်သားမိသားစုဝင်များ၊တပ်မတော်သားအငြိမ်းစားများ၏မိသားစုဝင်များအပြင် တပ်မတော်နှင့်တပ်မတော်၏ ပညာရည်မြင့်မားရေးဖော်ဆောင်မှုအပေါ် စိတ်ပါဝင်စားစွာ တက်ရောက်လိုသူများကို ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်သကဲ့သို့ တက်ရောက်လိုသူများကိုလည်း အမြဲတမ်းကြိုဆိုလျက်ရှိကြောင်း။
လူငယ်မောင်မယ်တို့ ကိုယ်စီတွင် ပိုင်ဆိုင်ထားပြီးဖြစ်သည့် ထူးချွန်လိုသည့် စိတ်ဓာတ်၊ ငယ်ရွယ်စဉ်ကတည်းက ရည်မှန်းချက်ထားရှိခဲ့သည့် ခိုင်မာသည့် သန္နိဋ္ဌာန် စိတ်ဓာတ်၊ ထူးချွန်အောင်မြင်မှုကို ခုံမင်သည့်စိတ်ဓာတ်များကိုအခြေခံပြီး မိမိတို့ရွေးချယ်ရာ အဆင့်မြင့်တက္ကသိုလ်ပညာရပ်များတွင်လည်း ထူးချွန်အောင်မြင်သူများဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားကြရန်၊ မိမိဘဝအတွက်၊ မိမိ မိသားစုအတွက်၊ မိမိနိုင်ငံ တော်အတွက် တတ်သင့်တတ်ထိုက်၊ သိသင့်သိထိုက်သည်မှန်သမျှကို တတ်ချင်၊ သိချင်၊ ကြိုးစားချင်သည့် အညွန့်တလူလူစိတ်ဓာတ်နှင့် နိုင်ငံတော်၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်နိုင်သူများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်း လိုကြောင်းဖြင့်ပြောကြားသည်။

👍5❤🔥2
ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သားမိသားစုဝင်သားသမီးများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများ၊စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏သားသမီးများနှင့်အခြေခံပညာလူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် တပ်မတော်ပညာရေးကျောင်းများနှင့် တပ်မတော်အခြေခံပညာကျောင်းများ၏ ဆုရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်မတော်အခြေခံပညာ အထက်တန်းကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံ (၃) ဦး၊ လူရည်ချွန်ဆုရရှိသူ (၃) ဦး နှင့် (၆) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ (၂)ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာက လူရည်ချွန် ဆုရရှိသူ (၃)ဦးနှင့် (၆) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ (၅)ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်မတော်ပညာရေးကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် တပ်မတော်ပညာရေးကျောင်းများမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံ (၃)ဦး၊ လူရည်ချွန်ဆုရရှိသူ (၃) ဦးနှင့် (၆) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ (၃)ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီး ဒေါ်နန်းကူးကူက လူရည်ချွန်ဆုရရှိသူ (၃)ဦးနှင့် (၆) ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ (၆)ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက လူရည်ချွန်ဆုနှင့် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်များအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့် ကြသည်။
ဂုဏ်ပြုဆုများပေးအပ်အပြီးတွင် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များကိုယ်စားလူရည်ချွန်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်အဖွဲ့ဝင်များသည် လူရည်ချွန်ဆုနှင့် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်များ၊ တာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီးဒေါ်နီလာတို့က အခမ်းအနားတက်ရောက်လာကြသူများ၊ ဆုရစစ်သည်များ၊ လူရည်ချွန်ဆုနှင့် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများအား စားသောက်ဖွယ်ရာများဖြင့် ဂုဏ်ပြုတည်ခင်းဧည့်ခံသည်။ စားသောက်ဖွယ်ရာများ သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက လူငယ်ဂုဏ်ပြုတေး သီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ဂုဏ်ပြုဧည့်ခံဖျော်ဖြေပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် အဖွဲ့ဝင်များသည် လူရည်ချွန်ဆုနှင့် ထူးချွန်ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်များ၊ မိဘများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

👍6❤🔥3❤1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းတည့် ၁၂ နာရီခွဲတွင် ရောက်ရှိကြသည်။
Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဗီယက်နမ်သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေးဒုတိယဝန်ကြီးနှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

👍16❤🔥2
ကယားပြည်နယ်၊၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
စက်တင်ဘာ ၄၊ ၂၀၂၆
ကယားပြည်နယ်အတွင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးများမှ တာဝန်ရှိသူများ၊ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများနှင့် မိဘ အုပ်ထိန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားကို လွိုင်ကော်မြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “တို့ကျောင်းတော်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများအနေနှင့် နိုင်ငံသားတစ်ယောက်၏ ကျင့်ဝတ်သိက္ခာနှင့်အညီ တန်ဖိုးရှိစွာ နေထိုင်တတ်ပြီး ထူးချွန်ထက်မြက်သည့် လူရည်ချွန် လူရည်မွန်များ ဖြစ်အောင် ဆက်လက်ကြိုးစားသွားစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅) ဘာသာဂုဏ်ထူးရရှိသည့် ကျောင်းသားကျောင်းသူ(၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသည့် ကျောင်းသား (၁) ဦး၊ အောင်ချက်အကောင်းဆုံးကျောင်းဆု ရရှိသည့် ကျောင်းများနှင့် ပြည်နယ်အတွင်း သိပ္ပံဘာသာတွဲနှင့် ဝိပ္ပံဘာသာတွဲတို့တွင် ရမှတ်အများဆုံး ရရှိသည့် ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ရာ ဆုရရှိသူများက အသီးသီးလက်ခံရယူကြသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးမှူးတို့က ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ ဘာသာတွဲရမှတ် ဒုတိယနှင့် တတိယအများဆုံးဆုရရှိသူများ၊ ဘာသာရပ်အလိုက် သင်ကြားမှု ထူးချွန်ဆုရရှိသည့် ဆရာဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းများကို ပေးအပ် ချီးမြှင့်သည်။ ယင်းနောက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက တေး သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

👍8