This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်တွင် ယူကရိန်းလုံခြုံရေးတပ်ဖွဲ့ (SBU) နှင့် ယူကရိန်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဌာန (GUR) တို့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၊ တစ်ဦးသေ နှစ်ဦးဒဏ်ရာရပြီး အခြေအနေများဆက်လက်တင်းမာနေ
ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ (SBU) နှင့် ယူကရိန်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဌာန (GUR) တို့အကြား ညဘက်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မြို့တော် ကိယက်ဗ်တွင် အခြေအနေများ ဆက်လက် တင်းမာလျက်ရှိပြီး ဖြစ်စဉ်အတွင်း လူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ယူကရိန်း ရှေ့နေချုပ်ရုံးနှင့် SBU တို့က GUR သည် ရုရှား၏ ပြည်တွင်းလုံခြုံရေးနှင့် ထောက်လှမ်းရေးအေဂျင်စီ FSB ထိန်းချုပ်မှုအောက်တွင် အလုပ်လုပ်ပေးနေကြောင်း စွပ်စွဲခဲ့သည်။
အဆိုပါ စွပ်စွဲချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် ဇာလန်းစကီး (Zelensky) ၏ သမ္မတရုံး အကြီးအကဲဖြစ်သူ ဘူဒါနော့ဗ် (Budanov) က GUR ဘက်မှ ကာကွယ်ပြောဆိုလိုက်ပြီး SBU အဖွဲ့အား "လူပြန်ပေးဆွဲသည့်အဖွဲ့" ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့သည်။
NOM

👍20😱2❤1
-
ဧရာဝတီတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အ.ထ.က(အိုင်သပြု)ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ပေး
NOM၊စက်တင်ဘာ၃၊၂၀၂၆
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် အခြေခံပညာစာသင် ကျောင်းများအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ဆရာ၊ ဆရာ မများ၊ ကျောင်းသား/သူများအန္တရာယ်မဖြစ်စေရေးအတွက် စာသင် ကျောင်းများကိုယာယီပိတ်ခဲ့ရသည်။
လက်ရှိအချိန်၌ ရေများပြန်လည်ကျဆင်းလာ၍ ကျောင်းသား/သူများ စာသင်ကြားမှုနောက်မကျစေရေးအတွက် ယာယီပိတ်ထားခဲ့ရသော စာသင်ကျောင်းများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရေကြီးနစ်မြုပ်ခဲ့ရသော အိုင်သပြုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ခေါင်းဆောင်လျက်လုံခြုံရေးအ ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ရေ ကြီးစဥ်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံနွံများကို ယနေ့ စက်တင်ဘာ ၁ ရက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

👍7❤🔥2
ငမိုးရိပ်ရေလှောင်တမံ သတ်မှတ်ရေပြည့်မှတ်ကို ၂ပေကျော်ရေလျှံကျနေလာသောကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်မှုများဖြစ်ပေါ်
NOM၊စက်တင်ဘာ၃၊၂၀၂၆
ငမိုးရိပ်ရေလှောင်တမံ၏ သတ်မှတ်ရေပြည့်မှတ်အားယနေ့ (စက်တင်ဘာ၃ရက်)နံနက် ၆နာရီတိုင်းထွာချက်များအရ ရေပြည့်မှတ်အား၂ပေ ကျော် ပြီး ရေလျှံကျနေဖြစ်ပွားနေသည့်တွက် မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်မှုများဖြစ်ပေါ် နေသည့်ဟု ငမိုးရိပ်ရေလှောင်တမံမှတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။
ငမိုးရိပ်ရေလှောင်တမံ ရေပိုလွှဲတွင် သြဂုတ်၂၈ရက် မွန်တည် ၁၂နာရီမှစတင်ပြီးရေကျော်ခဲ့ရာ၂၉ ရက်မှ ယနေ့စက်တင်ဘာ ၃ရက်နေ့ထိ ၆ ရက်အတွင်း နေရာအနှံ့မိုးများပြားခဲ့ပြီး၊ရေပိုလွှဲမှရေကျော်ခြင်း၊ရေထရက်နှင့်တိုက်ဆိုင်ခြင်းတို့ကြောင့်
အနိမ့်ပိုင်းနေရာတချို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရေဝင်ရောက်သည့်နေရာမှ ပြည်သူများအတွက် စိတ်မကောင်းဖြစ်ရကြောင်းထုတ်ပြန်ထားသည်။
"တမံအောက်ဖက်မှာရှိတဲ့အနိမ့်ပိုင်းဒေသက သူတွေဆိုတော့ တမံရေကျော်ရင်တော့ ကိုယ်တွေဆီရေရောက်တာတော့ဖြစ်နေကြပါ ဒါပေမဲ့ဒီထက်ဆိုးမလားဖို့ဘဲဆုတောင်ရမှာဘဲ၊ လက်ရှိမိုးကငမိုးရိပ်ချောင်းရေ ဖြတ်သန်းစီးဆင်းရာ လမ်းကြောင်း
တစ်လျှောက်ရှိ လှည်းကူး၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ပုစွန်တောင်နှင့် မင်္ဂလာတောင်ညွန့် စတဲ့ မြို့နယ်များအတွင်းရှိ မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဝင်ရောက်မှုများဖြစ်ပွားနေကြောင်းသိရသည်။
"သူတို့ကြေညာချက်မှာစိုးရိမ်စရာမရှိပါဘူးလို့တော့ ရေးထားတယ်ဒါလည်းဖြစ်နိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက အခြေအနေနဲ့ထိမရောက်သေးပါဘူးအဲဒီတုန်းက ငမိုးရိပ်ဆည် ရေပိုလွှဲကနေ ၆ ပေကျော်အထိတောင် ရေလျှံကျခဲ့ဖူးတဲ့ သာဓကရှိခဲ့ပါတယ်၊ ဒါကြောင့် အခု ၂ ပေကျော်အခြေအနေအတွက် အရမ်းကြီး ထိတ်လန့်စိုးရိမ်ဖို့တော့ မလိုအပ်သေးပါဘူး"ဟု လှည်းကူးမြို့နယ်မှဒေသခံတစ်ဦး
ကပြောသည်။

👍9❤2😢1
မန္တလေးမှ ဗန်းမော်သို့ ရေကြောင်းဖြင့် စစ်ချီခဲ့သော မြစ်တွင်းသွားစစ်ရေယာဉ်များသည် KIA အကြမ်းဖက်အဖွဲ့၏ ချောင်းမြောင်းပစ်ခတ်မှုများကို ကျော်ဖြတ်၍ ဗန်းမော်မြို့သို့ အောင်မြင်စွာရောက်ရှိခဲ့သည်။
NOM
NOM
👍26❤3❤🔥1
ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်မိန့်ခွန်းပြောကြား
စက်တင်ဘာ ၃၊ ၂၀၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတဦးညိုစောသည် စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့ ရုရှားအရှေ့ဖျားဖက်ဒရယ်တက္ကသိုလ်နယ်မြေရှိ အဆောက်အဦ၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် မျက်နှာစုံညီအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။
အခမ်းအနားတွင် moderator အဖြစ် RBC TV Channel မှ ကီရီးလ်တာကာရက်ဗ်က ဆောင်ရွက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၊ အင်ဒိုနီးရှားနိုင်ငံသမ္မတ မစ္စတာ ပရာဘိုဝို ဆူဘီ ယန်တို၊ မွန်ဂိုလီးယား သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ အူချရယ်ညမ်းအိုဆာရ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန်နှင့် ဒုတိယသမ္မတ ဦးညိုစောတို့က မိန့်ခွန်းပြောကြားကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မိတ်ဖက်နိုင်ငံများမှ သံတမန်များ၊ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဒုတိယသမ္မတက မိန့်ခွန်းပြောကြားရာတွင် အရှေ့ဖျားစီးပွားရေးဖိုရမ်သည် အာရှ-ပစိဖိတ်ဒေသအတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ပေါင်းစည်းဆက်သွယ်မှုများကိုမြှင့်တင်ပေးပြီး မိတ်ဖက်ဆက်ဆံရေးခိုင်မာစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေရန်အရေးပါကြောင်း။
ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်တို့၏ မကြာသေးမီကတွေ့ဆုံမှုမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်အောင် ဆက်လက်တိုးမြှင့် အကောင်အထည်ဖော်လျက်ရှိပါကြောင်း။
Digital Transformation Artificial Intelligence Innovation နှင့် Modern Infrastructure တို့သည် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများဖန်တီးပေးနိုင်ပြီး ပြည်သူ့ဝန်ဆောင်မှုများနှင့် လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်စေရန် အရေးပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ ကျန်းမာရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကဏ္ဍများတွင် ခေတ်မီနည်းပညာများအသုံးချ၍ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် ဆောင်ရွက်နေကြောင်း။
မြန်မာနိုင်ငံသည် အာရှဒေသ၏ မဟာဗျူဟာမြောက် ပထဝီတည်နေရာတွင်ရှိပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံဈေးကွက်များအကြား ချိတ်ဆက်ပေးနိုင်သည့် ကုန်းတွင်းတံတားသဖွယ်အရေးပါကြောင်း၊ အာဆီယံ၊ လန်ချန်း-မဲခေါင်နှင့် BIMSTEC အဖွဲ့များတွင် ပါဝင်ခြင်းတို့ကြောင့် ဒေသတွင်း ကုန်သွယ်ရေးနှင့် စီးပွားရေးချိတ်ဆက်မှုများ တိုးမြှင့်နိုင်သည့် အခွင့်အလမ်းများရှိကြောင်း။
ထို့ပြင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၊ အာဆီယံအဝေးပြေးလမ်းကွန်ယက် အရှေ့အနောက်စီးပွားရေးစင်္ကြံနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံတို့၏ အချက်အချာနေရာတွင် မြန်မာနိုင်ငံတည်ရှိနေမှုကို အခွင့်အလမ်းအဖြစ် အသုံးချရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် လျှပ်စစ်စွမ်းအားဖွံ့ဖြိုးရေးတို့တွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် မကြာသေးမီက ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့ပြီး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ကောင်းမွန်သည့် အပြန်အလှန်ဆက်ဆံမှုများ ပိုမိုခိုင်မာစေရုံသာမက နှစ်ဖက်အကျိုးရှိမည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်နိုင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ပထဝီအနေအထားအရ ကွာဝေးသော်လည်း နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်အားပေးထောက်ခံမှုများနှင့် ခိုင်မာရင်းနှီးသည့် နှစ်နိုင်ငံဆက်ဆံရေးရှိပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ပိုမိုချိတ်ဆက်၍ ခိုင်မာပြီးဘက်စုံဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ရပ်တည်ဆောက်နိုင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

❤9👍9❤🔥2
News Of Myanmar
ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်မိန့်ခွန်းပြောကြား စက်တင်ဘာ ၃၊ ၂၀၂၆ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတဦးညိုစောသည် စက်တင်ဘာ…
အရှေ့ဖျားစီးပွားရေးဖိုရမ် မျက်နှာစုံညီအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
👍7❤3❤🔥1
ကျွန်းစုမြို့နယ်၊ ရှော်တောမော်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူသုံးဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား
NOM စက်တင်ဘာ ၃၊ ၂၀၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ရှော်တောမော်ကျေးရွာနေသူများဖြစ်ကြသည့် ဦးသန့်ဇင် (၄၈) နှစ်၊ ဦးသားငယ်မဲ (၅၈) နှစ်နှင့် ဦးခိုင်ဝင်း (၄၉) နှစ်တို့သည် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁ နာရီအချိန်၌ ၎င်းတို့၏နေအိမ်အသီးသီးတွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အားခြောက်ဦးခန့်က ဖိုက်ဘာစက်လှေတစ်စီးဖြင့် ကျေးရွာသို့ ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

😡7❤1👍1😢1
ယူကရိန်းနိုင်ငံ၊ ကိအက်ဗ် (Kiev) မြို့တော်သည် ပထမဆုံးအကြိမ်အဖြစ် ရှာဟစ် - ၅ Shahed-5 ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ကိုကာကိုလာ (Coca-Cola) စက်ရုံတစ်ရုံ ပျက်စီးသွားခဲ့သည်။
တာဘိုဖန်အင်ဂျင်များ တပ်ဆင်ထားသည့် ရှာဟစ်ဒရုန်းမော်ဒယ်သစ်များသည် တစ်နာရီလျှင် ကီလိုမီတာ ၆၀၀ အထိ ပျံသန်းနိုင်သဖြင့် ယခင်မော်ဒယ်များထက် နှစ်ဆနီးပါး ပိုမိုမြန်ဆန်လာသည်။
ထို့ပြင် ယူကရိန်း၏ ကုန်ကျစရိတ်နည်း ကြားဖြတ်ဒရုန်းများထက်ပင် ပိုမိုမြန်ဆန်နိုင်သောကြောင့် ပစ်ခတ်ဟန့်တားရန် ပိုမိုခက်ခဲသွားစေသည်။

👍19👎1🙏1🕊1
အမေရိကန်-အီရန် စစ်ပွဲ ၂၀၂၇ အထိ ကြာမြင့်နိုင်ဟုဆို၊ အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်က စစ်အင်အားဖြန့်ကြက်မှုများကို တိတ်တဆိတ် သက်တမ်းတိုး
Wall Street Journal ဝေါလ်စထရိသတင်းစာ၏ ဖော်ပြချက်အရ အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်၏ စစ်အင်အားဖြန့်ကြက်မှု အစီအစဉ်များအပေါ် အခြေခံ၍ အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် လာမည့်နှစ်အထိ ဆက်လက်ကြန့်ကြာနိုင်ကြောင်းသိရသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ အရှေ့အလယ်ပိုင်းဒေသတစ်ခွင် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ထားရှိမှု သက်တမ်းများကို တိုးမြှင့်လိုက်ကြောင်းသိရသည်။ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များအတွက် ပုံမှန် ၉ လကြာ တာဝန်ထမ်းဆောင်ရမည့် ကာလကို ၁ နှစ်အထိ တိုးမြှင့်လိုက်ပြီး ဥရောပနှင့် ပစိဖိတ်ဒေသတို့မှ ရွှေ့ပြောင်းလာသော အချို့တပ်ဖွဲ့များသည် ဒေသတွင်း၌ တာဝန်ထမ်းဆောင်နေသည်မှာ ၁ နှစ်ထက်ပင် ကျော်လွန်နေပြီဖြစ်သည်။
လက်ရှိတွင် အမေရိကန်သည် စစ်သင်္ဘော ၁၉ စီး (လေယာဉ်တင်သင်္ဘော ၂ စီးနှင့် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော ၁၃ စီး အပါဝင်)၊ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များ၊ တိုက်လေယာဉ်အုပ်များ နှင့် လေထီးတပ်ဖွဲ့များ အပါအဝင် တပ်ဖွဲ့ဝင် အင်အား ၅၀,၀၀၀ ခန့်ကို ဒေသတွင်း၌ တပ်စွဲထားပြီး ယင်းအထဲမှ အချို့တပ်ဖွဲ့များသည် ၂၀၂၇ ခုနှစ်အထိ အရှေ့အလယ်ပိုင်းတွင် ဆက်လက်ရှိနေနိုင်ကြောင်း သတင်းစာက ဖော်ပြသည်။
သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်ကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိလာစေရန် စီးပွားရေးအရ ဖိအားပေးသည့် စိုက်ထုတ်မှုများကို လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ပြုလုပ်ခဲ့သော်လည်း အီရန်ဘက်မှ လက်လျှော့မည့် အရိပ်အယောင် မပြသေးဘဲ အမေရိကန်နှင့် အီရန်တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။
အမေရိကန် အရာရှိများ၏ အဆိုအရ ထရန့်သည် အီရန်စစ်ပွဲ ပြီးဆုံးကြောင်း ကြေညာရန် သင့်/မသင့်ကို အကြံပေးများနှင့် သီးသန့်ဆွေးနွေးနေပြီး ထိုအယူအဆဘက်သို့ ပိုမိုယိမ်းပိုင်နေပုံရသည်။ လတ်တလော လက်တုံ့ပြန်တိုက်ခိုက်မှုများထက် ပိုမိုစစ်ရေးအရှိန်မြှင့်တင်ခြင်းက နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ၏ အလားအလာများကို ထိခိုက်စေနိုင်ကြောင်း အကြံပေးများက သတိပေးထားသည်။
တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့များသည် ထရန့်က စစ်အရှိန်မြှင့်ရန် ရွေးချယ်ပါက အကြီးစားထိုးစစ်ဆင်မှုများ စတင်နိုင်ရန် အသင့်ပြင်ဆင်ထားဆဲဖြစ်သည်။
ဤသတင်းသည် စစ်ပွဲ ဆက်လက်ဖြစ်ပွားနေမှုအပေါ် ပင်တာဂွန် စစ်ဗိုလ်ချုပ်များ၏ ကန့်ကွက်မှု သတင်းများအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆင့်မြင့် အမေရိကန် စစ်ဘက်အရာရှိ ၄ ဦးက အရှေ့အလယ်ပိုင်းတွင် တပ်ဖွဲ့ဝင်များ ဆက်လက်ဖြန့်ကြက်ထားရှိမှုကို ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

👍13❤2
ရန်ကုန်- မန္တလေးအမြန်လမ်းတွင်လမ်းသား အလျား ၃၀ ပေခန့် နိမ့်ကျမှုဖြစ်ပွား
NOM စက်တင်ဘာ ၄၊ ၂၀၂၆
ရန်ကုန်- မန္တလေးအမြန်လမ်းတွင်ယမန်နေ့(စက်တင်ဘာ၃ရက်)နံနက်ပိုင်းက လမ်းသား အလျား ၃၀ပေခန့် နိမ့်ကျသွားသောကြောင့်ပြန်လည်ပြုပြင်မှုများပြုလုပ်နေကြောင်းမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်
ထားသည်။
ရန်ကုန်- မန္တလေးအမြန်လမ်းမိုင် ၃၁၁/၃ နှင့် ၄ ဖာလုံအကြားနေပြည်တော်မှမန္တလေးသို့အသွားလမ်း လက်ဝဲဖက်ယာဥ်ကြောတွင် လမ်းသား အလျား ၃၀ပေခန့် နိမ့်ကျသွားသည့်အတွက်ပြန်လည်ပြုပြင်နေသည့်အတွက်အတွင်းဘက်လမ်းအား ၅၀၀ ပေခန့် ယာယီပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။
၎င်းနေရာ၌လက်ရှိကွန်ကရစ်လမ်းသားအသစ်ခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်မည်ဖြစ်ပါ၍ နေပြည်တော်မှမန္တလေးသို့အသွားလမ်းအသုံးပြုသောယာဥ်များ မိုင်၃၁၁/၃ သို့ချဥ်းကပ်စဥ်လက်ယာဘက်ယာဥ်ကြောအတိုင်းဂရုပြုမောင်းနှင်ကြပါရန် အသိပေးထားကြောင်းသိရသည်။

👍7😨1
ပထဝီနိုင်ငံရေး တင်းမာမှုများမြင့်တက်နေချိန် နယ်သာလန်က အမေရိကန်ထံမှ ဒေါ်လာ ၁၀ ဘီလီယံဖိုးရှိ ရွှေများကို ပြောင်းရွှေ့
ကမ္ဘာပေါ်တွင် ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်နေချိန်၌ နယ်သာလန်နိုင်ငံသည် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့တွင် သိမ်းဆည်းထားသော အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီတန်ကြေးရှိ ရွှေသီးသန့်ရန်ပုံငွေများကို ဗြိတိန်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့သည်။
နယ်သာလန်ဗဟိုဘဏ် (DNB) က ပြင်းထန်သော စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကို "ပိုမိုကောင်းမွန်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရန်" အတွက် ထိုသို့ ရွှေရန်ပုံငွေများကို ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ရွှေများကို ဘာကြောင့် ပြောင်းရွှေ့ခဲ့ရသနည်း
နယ်သာလန်ဗဟိုဘဏ်အနေဖြင့် မည်သည့် အကျပ်အတည်းအတွက် ပြင်ဆင်နေသည်ဆိုသည်ကို တိတိကျကျ ဖော်ပြခြင်းမရှိသော်လည်း အောက်ပါအချက်များကြောင့်ဟု သုံးသပ်ကြသည်-
၁။ ကုန်သွယ်ရေးစစ်ပွဲများ- အမေရိကန်နှင့် ကနေဒါတို့အကြား
ကုန်သွယ်ရေးအခွန်တိုးမြှင့်မှု စစ်ပွဲများ ဖြစ်ပွားနေခြင်း။
၂။ စစ်ရေးတင်းမာမှုများ- အမေရိကန်၏ အီရန်နှင့် စစ်ပွဲ၊ ဗင်နီဇွဲလားနှင့် ကျူးဘားဒေသတဝိုက် စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာခြင်း။
၃။ အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေး တင်းမာလာခြင်း- ဥရောပ မဟာမိတ်များအနေဖြင့် စစ်ပွဲများတွင် ပါဝင်ရန် ငြင်းဆန်ခဲ့သည့်အတွက် အမေရိကန်နှင့် ဥရောပကြား သံတမန်ရေးအရ တင်းမာမှုများ ဖြစ်ပေါ်လာခြင်း။
၄။ နိုင်ငံခြားပိုင်ဆိုင်မှုများကို ထိန်းချုပ်ခွင့်ရယူလိုခြင်း- နိုင်ငံအများအပြားသည် မိမိတို့၏ ရွှေများကို အမေရိကန်ဒေါ်လာ သို့မဟုတ် အခြားနိုင်ငံများ၏ လက်ထဲတွင် အပြည့်အဝ ပုံအောမထားဘဲ တိုက်ရိုက်ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လာကြခြင်း။
ရွှေ မည်မျှ ရွှေ့ပြောင်းခဲ့သနည်း
နယ်သာလန်နိုင်ငံတွင် စုစုပေါင်း အလေးချိန် ၆၁၂.၄ တန် (ကန်ဒေါ်လာ ၈၃.၈ ဘီလီယံခန့်) တန်ဖိုးရှိ ရွှေများ ရှိသည်။
ယခင်က နယ်သာလန်ရွှေများ၏ ၃၁.၃ ရာခိုင်နှုန်းကို နယူးယောက် (အမေရိကန်) တွင်လည်းကောင်း၊ ၁၉.၇ ရာခိုင်နှုန်းကို အော့တဝါ (ကနေဒါ) တွင်လည်းကောင်း သိမ်းဆည်းထားခဲ့သည်။ ယခု ရွှေ့ပြောင်းမှုအပြီးတွင် အမေရိကန်နှင့် ကနေဒါတို့၌ ၁၈.၅ ရာခိုင်နှုန်းစီသာ ကျန်ရှိတော့ပြီး လန်ဒန်တွင် ၃၂.၁ ရာခိုင်နှုန်းအထိ တိုးမြှင့်သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။
ရွှေများကို မည်သို့ ပြောင်းရွှေ့ခဲ့သနည်း
နယ်သာလန်ဗဟိုဘဏ်သည် ရွှေများကို သယ်ယူပို့ဆောင်ရာတွင် နယူးယောက်၌ရှိသော ရွှေများကို ရောင်းချပြီး လန်ဒန်တွင် ရွှေပြန်လည်ဝယ်ယူသည့် နည်းလမ်းအပြင်၊ အမေရိကန်နှင့် ကနေဒါတို့မှ ရွှေချောင်းများကို တိုက်ရိုက် ရဟတ်ယာဉ်/သင်္ဘော စသည်တို့ဖြင့် သယ်ယူသည့် နည်းလမ်းနှစ်ခုလုံးကို ပေါင်းစပ်အသုံးပြုခဲ့သည်။
DNB ၏ ဥက္ကဋ္ဌ ဖြစ်သူ Olaf Sleijpen က "ယခုလို ပြောင်းရွှေ့လိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏ ရွှေအရင်းအမြစ်များကို ပိုမိုလွယ်ကူ လျင်မြန်စွာ အရောင်းအဝယ်ပြုလုပ်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဒီရွှေတွေကို အသုံးမပြုရဖို့ မျှော်လင့်ပေမဲ့ အရေးပေါ်အခြေအနေများအတွက် ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ထားရမည်ဖြစ်သည်" ဟု ပြောကြားခဲ့သည်။

👍13
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) စတင်ထွက်ခွာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။
လေဆိပ်တွင် ဒုတိယသမ္မတဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

👍12❤1❤🔥1