လွိုင်ကော်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ
NOM စက်တင်ဘာ ၂၊ ၂၀၂၆
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံသို့ စက်တင်ဘာ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၄ နာရီခွဲတွင် လွိုင်ကော်မြို့နယ်၊ ထီရိကျေးရွာနေ ဒေါ်ငဲတူး (၄၇) နှစ်သည် ကျေးရွာ၏မြောက်ဘက်ရှိ လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
NOM

😢2😡1
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားသူ တရားခံ အမျိုးသားတစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ
NOM စက်တင်ဘာ ၂၊ ၂၀၂၆
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ဒေါ်သန်းသန်းနုသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ မင်္ဂလာသိဒ္ဓိလမ်းနှင့် ဓမ္မပါလလမ်းထောင့်ရှိ တိုက်အမှတ် (၄၅)၊ ပထမထပ်နေ သူငယ်ချင်းဖြစ်သူ ဒေါ်ခင်မိုးကြည်(၅၄)နှစ်၏ အခန်းသို့ သွားရောက်၍တံခါးအရှေ့မှ ဒေါ်ခင်မိုးကြည်အားခေါ်ခဲ့ရာ ခေါ်မရသဖြင့် အိမ်နီးချင်းများနှင့်အတူ အခန်း၏ သံပန်းတံခါးအားဖျက်၍ ဝင်ရောက်ကြည့်ရှုစဉ် အခန်းပေါက်ဝဘုရားခန်းရှေ့၌ ဒေါ်ခင်မိုးကြည်မှာ သွေးအိုင်ထဲ၌ မှောက်ခုံအနေအထားဖြင့် စောင်ခြုံလျက် ထိုးသွင်းဒဏ်ရာ ၃ ချက်ဖြင့် သေဆုံး နေသည်ကို တွေ့ရှိရကြောင်း သတင်းပေးပို့တိုင်တန်းချက်အရ ဗဟန်းမြို့မရဲစခန်း (ပ)၂၆၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ နယ်မြေသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် လူသတ်မှုကျူးလွန်သူ တရားခံ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ (၁၂)ရပ်ကွက်နေ ဉာဏ်စိုး(၂၀)နှစ်အား မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊(၆)ရပ်ကွက်ရှိ The Waiting Lodge Hotel၊ အခန်းအမှတ် B-06 ၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဉာဏ်စိုးအား စစ်ဆေးချက်အရ ၎င်းသည် သေဆုံးသူ ဒေါ်ခင်မိုးကြည်၏ သားဖြစ်သူနှင့် သူငယ်ချင်းဖြစ်ပြီး အခင်းဖြစ်နေအိမ်သို့ ဝင်ထွက်သွားလာဖူးသူဖြစ်ကြောင်း၊ ၎င်းသည် အွန်လိုင်းစလော့ဂိမ်းရှုံး၍ ငွေလိုအပ်နေသဖြင့် လုယက်ရန်အတွက် ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် အခင်းဖြစ်နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ နေအိမ်သို့ရောက်ရှိပြီး ဒေါ်ခင်မိုးကြည်မှ တံခါးဖွင့်ပေးစဉ်၎င်းမှအသင့်ယူဆောင်လာသည့် ဓားဖြင့်ထိုးသတ်၍ အခန်းအတွင်းရှိ စားပွဲပေါ်မှ သော့ဖြင့် ဘီရိုအား ဖွင့်ကာ အတွင်းမှ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ခဲ့သူ တရားခံ ဉာဏ်စိုးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

👍6❤3❤🔥1
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဘက်ဆင့် (Bessent) က ရေကြောင်း သွားလာရေး အနှောင့်အယှက်များ ဖြစ်ပေါ်နေချိန်တွင် "လုံခြုံစိတ်ချ၍ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်" ရှိစေရန် တောင်းဆိုထားသည့် အပိုဒ်ကို လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့ပြီး၊ တရုတ်နိုင်ငံသည် ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထုတ်ပြန်ချက်ကို ငြင်းပယ်ခဲ့သည့် တစ်ခုတည်းသော G20 အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။
NOM
NOM
👍14❤1
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အောင်ပွဲရ တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
စက်တင်ဘာ ၂၊ ၂၀၂၆
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းက ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ရာ အနောက်မြောက်တိုင်းစစ်ဌာချုပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ရိုးရာ အက၊ အလှများ၊ အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

👍8❤🔥2
အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် အနောက်အာရှတွင် ရက်ပေါင်း ၂၅၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ပင်လယ်ပြင်၌ ၂၈၆ ရက်ကြာ စေလွှတ်ထားခြင်းခံရအပြီး ဗုဒ္ဓဟူးနေ့တွင် ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ရောက်လာခဲ့သည်။
တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့် တင်ဆောင်လာသည့် Lincoln သင်္ဘောသည် USS Frank E. Petersen Jr. ဖျက်သင်္ဘော ဖြတ်သန်းသွားပြီးနောက် မကြာမီ ချွန်ဘူရီခရိုင်ရှိ လဲမ်ချာဘန်း (Laem Chabang) ဆိပ်ကမ်းသို့ ဝင်ရောက်လာသည်ကို AP သတင်းထောက်များက တွေ့ရှိခဲ့ကြသည်။
ဤသို့ ကာလရှည်ကြာ တာဝန်ထမ်းဆောင်ရမှုကြောင့် သင်္ဘောပေါ်ရှိ တပ်ဖွဲ့ဝင်များ၏ စိတ်ကျန်းမာရေး ထိခိုက်လာမှုနှင့် အစားအသောက်၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ အပါအဝင် ထောက်ပံ့ရေး ပစ္စည်း လိုအပ်ချက်များ ကြုံတွေ့ခဲ့ရကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။
သတင်းထောက်များသည် သင်္ဘောပေါ်ရှိ တပ်ဖွဲ့ဝင်များနှင့် ချက်ချင်း တွေ့ဆုံခွင့် မရရှိခဲ့ပေ။ သင်္ဘော၏ ကိုယ်ထည်မှာလည်း ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရန် လိုအပ်နေသည့်ပုံ ပေါ်နေပြီး၊ အထူးသဖြင့် ရေမျက်နှာပြင်နှင့် ထိစပ်နေသည့်နေရာများနှင့် တိုက်လေယာဉ်များ၊ ဟယ်လီကော်ပတာများ ရပ်နားထားသည့် လေယာဉ်ပြေးလမ်း အနားစွန်းတစ်လျှောက်တို့တွင် ထင်ရှားသော သံချေးရာများကို တွေ့မြင်ခဲ့ရသည်။
သင်္ဘော၏ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာတွင် Lincoln သင်္ဘော၏ တပ်မှူး Capt. Dan Keeler က "ဒါက ကာလရှည် တာဝန်ထမ်းဆောင်ရတဲ့ သင်္ဘောတစ်စီးအတွက် ပုံမှန်ပါပဲ၊ ကျွန်တော်တို့အနေနဲ့ နောက်ထပ် ဘာမှ မှတ်ချက်မပေးချင်ပါဘူး" ဟု ပြောကြားခဲ့သည်။
ထို့အပြင် စံချိန်တင် ကာလရှည် တာဝန်ထမ်းဆောင်ခဲ့ရမှုအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ "ဒါဟာ မလုံလောက်သေးပါဘူး" ဟု ဖော်ပြပြောဆိုခဲ့သည့် စကားနှင့် ပတ်သက်၍ မေးမြန်းရာတွင်လည်း Keeler က တိုတိုတုတ်တုတ်ပင် တုံ့ပြန်ခဲ့သည်။
"သမ္မတကတော့ သူ့သဘောထားအတိုင်း ပြောတာပါ၊ ဒါကတော့ အဲ့ဒီအပေါ် ကျွန်တော့်ရဲ့ အမြင်ပါပဲ" ဟု လည်းကောင်းက ပြောခဲ့သည်။
ယခင်က ပြင်ဆင်ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင်မူ Keeler က "Abraham Lincoln သင်္ဘောရဲ့ လဲမ်ချာဘန်း ခရီးစဉ်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေအပေါ် ထားရှိတဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်ပြီး၊ သမိုင်းဝင် တာဝန်ထမ်းဆောင်မှုအတွင်း ထိုင်းနိုင်ငံကို ပထမဆုံး ဆိပ်ကမ်းအဖြစ် လာရောက်ရတဲ့အတွက် အားလုံးဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်" ဟု ပြောကြားထားသည်။
အာရှဒေသတွင် ပုံမှန်အခြေစိုက်သည့် USS George Washington သင်္ဘောသည် ဩဂုတ်လအတွင်းက အနောက်အာရှဒေသတွင် Lincoln သင်္ဘော၏နေရာ၌ အစားထိုး တာဝန်ယူခဲ့ခြင်းဖြစ်သည်။

👍11❤3
ပဲခူးမြို့တွင် ရေကြီးရေလျှံမှုများကြောင့် အခြေခံပညာကျောင်း ၁၃ ကျောင်း ယာယီပိတ်ထားရ
NOM စက်တင်ဘာ ၂၊ ၂၀၂၆
ပဲခူးမြို့တွင် ပဲခူးမြစ်ရေမြင့်တက်လာခြင်းနှင့် မိုးအဆက်မပြတ် ရွာသွန်းမှုတို့ကြောင့် စက်တင်ဘာ ၂ ရက်နေ့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း ၁၃ ကျောင်း ယာယီပိတ်ထားရပြီး ပဲခူး–ရန်ကုန် မန္တလေး လမ်းဟောင်း၏ နေရာအချို့တွင်လည်း ရေကျော်မှုများ ဖြစ်ပေါ်နေ ကြောင်းသိရသည်။
ပဲခူးမြစ်ရေသည် စက်တင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ ပဲခူးမြို့၏ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအထက် ၉၁၇ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ထက် ၃၇ စင်တီမီတာ (၁ ပေကျော်ခန့်) ကျော်လွန်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ပဲခူး–ရန်ကုန် မန္တလေး လမ်းဟောင်းရှိ ကျွန်းသာယာဘက်၊ ဆီဆိုင်ရှေ့နှင့် မယ်တော်ကျောင်းရှေ့ အနီးလမ်းပိုင်းများတွင် ရေကျော်မှု စတင်ဖြစ်ပေါ်နေပြီး ယာဉ်များ သွားလာရာတွင် အခက်အခဲရှိနေကြောင်း ဒေသခံတစ်ဦးကပြောသည်။

😢4👍2😨1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်တွင် ယူကရိန်းလုံခြုံရေးတပ်ဖွဲ့ (SBU) နှင့် ယူကရိန်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဌာန (GUR) တို့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၊ တစ်ဦးသေ နှစ်ဦးဒဏ်ရာရပြီး အခြေအနေများဆက်လက်တင်းမာနေ
ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ (SBU) နှင့် ယူကရိန်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဌာန (GUR) တို့အကြား ညဘက်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မြို့တော် ကိယက်ဗ်တွင် အခြေအနေများ ဆက်လက် တင်းမာလျက်ရှိပြီး ဖြစ်စဉ်အတွင်း လူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ယူကရိန်း ရှေ့နေချုပ်ရုံးနှင့် SBU တို့က GUR သည် ရုရှား၏ ပြည်တွင်းလုံခြုံရေးနှင့် ထောက်လှမ်းရေးအေဂျင်စီ FSB ထိန်းချုပ်မှုအောက်တွင် အလုပ်လုပ်ပေးနေကြောင်း စွပ်စွဲခဲ့သည်။
အဆိုပါ စွပ်စွဲချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် ဇာလန်းစကီး (Zelensky) ၏ သမ္မတရုံး အကြီးအကဲဖြစ်သူ ဘူဒါနော့ဗ် (Budanov) က GUR ဘက်မှ ကာကွယ်ပြောဆိုလိုက်ပြီး SBU အဖွဲ့အား "လူပြန်ပေးဆွဲသည့်အဖွဲ့" ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့သည်။

👍20😱2❤1
-
ဧရာဝတီတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အ.ထ.က(အိုင်သပြု)ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ပေး
NOM၊စက်တင်ဘာ၃၊၂၀၂၆
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် အခြေခံပညာစာသင် ကျောင်းများအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ဆရာ၊ ဆရာ မများ၊ ကျောင်းသား/သူများအန္တရာယ်မဖြစ်စေရေးအတွက် စာသင် ကျောင်းများကိုယာယီပိတ်ခဲ့ရသည်။
လက်ရှိအချိန်၌ ရေများပြန်လည်ကျဆင်းလာ၍ ကျောင်းသား/သူများ စာသင်ကြားမှုနောက်မကျစေရေးအတွက် ယာယီပိတ်ထားခဲ့ရသော စာသင်ကျောင်းများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရေကြီးနစ်မြုပ်ခဲ့ရသော အိုင်သပြုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ခေါင်းဆောင်လျက်လုံခြုံရေးအ ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ရေ ကြီးစဥ်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံနွံများကို ယနေ့ စက်တင်ဘာ ၁ ရက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

👍7❤🔥2
ငမိုးရိပ်ရေလှောင်တမံ သတ်မှတ်ရေပြည့်မှတ်ကို ၂ပေကျော်ရေလျှံကျနေလာသောကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်မှုများဖြစ်ပေါ်
NOM၊စက်တင်ဘာ၃၊၂၀၂၆
ငမိုးရိပ်ရေလှောင်တမံ၏ သတ်မှတ်ရေပြည့်မှတ်အားယနေ့ (စက်တင်ဘာ၃ရက်)နံနက် ၆နာရီတိုင်းထွာချက်များအရ ရေပြည့်မှတ်အား၂ပေ ကျော် ပြီး ရေလျှံကျနေဖြစ်ပွားနေသည့်တွက် မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်မှုများဖြစ်ပေါ် နေသည့်ဟု ငမိုးရိပ်ရေလှောင်တမံမှတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။
ငမိုးရိပ်ရေလှောင်တမံ ရေပိုလွှဲတွင် သြဂုတ်၂၈ရက် မွန်တည် ၁၂နာရီမှစတင်ပြီးရေကျော်ခဲ့ရာ၂၉ ရက်မှ ယနေ့စက်တင်ဘာ ၃ရက်နေ့ထိ ၆ ရက်အတွင်း နေရာအနှံ့မိုးများပြားခဲ့ပြီး၊ရေပိုလွှဲမှရေကျော်ခြင်း၊ရေထရက်နှင့်တိုက်ဆိုင်ခြင်းတို့ကြောင့်
အနိမ့်ပိုင်းနေရာတချို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရေဝင်ရောက်သည့်နေရာမှ ပြည်သူများအတွက် စိတ်မကောင်းဖြစ်ရကြောင်းထုတ်ပြန်ထားသည်။
"တမံအောက်ဖက်မှာရှိတဲ့အနိမ့်ပိုင်းဒေသက သူတွေဆိုတော့ တမံရေကျော်ရင်တော့ ကိုယ်တွေဆီရေရောက်တာတော့ဖြစ်နေကြပါ ဒါပေမဲ့ဒီထက်ဆိုးမလားဖို့ဘဲဆုတောင်ရမှာဘဲ၊ လက်ရှိမိုးကငမိုးရိပ်ချောင်းရေ ဖြတ်သန်းစီးဆင်းရာ လမ်းကြောင်း
တစ်လျှောက်ရှိ လှည်းကူး၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ပုစွန်တောင်နှင့် မင်္ဂလာတောင်ညွန့် စတဲ့ မြို့နယ်များအတွင်းရှိ မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဝင်ရောက်မှုများဖြစ်ပွားနေကြောင်းသိရသည်။
"သူတို့ကြေညာချက်မှာစိုးရိမ်စရာမရှိပါဘူးလို့တော့ ရေးထားတယ်ဒါလည်းဖြစ်နိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက အခြေအနေနဲ့ထိမရောက်သေးပါဘူးအဲဒီတုန်းက ငမိုးရိပ်ဆည် ရေပိုလွှဲကနေ ၆ ပေကျော်အထိတောင် ရေလျှံကျခဲ့ဖူးတဲ့ သာဓကရှိခဲ့ပါတယ်၊ ဒါကြောင့် အခု ၂ ပေကျော်အခြေအနေအတွက် အရမ်းကြီး ထိတ်လန့်စိုးရိမ်ဖို့တော့ မလိုအပ်သေးပါဘူး"ဟု လှည်းကူးမြို့နယ်မှဒေသခံတစ်ဦး
ကပြောသည်။

👍9❤2😢1