နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန် နိုင်ငံတော်သမ္မတ မှာကြား
ဩဂုတ် ၃၁ ရက်က Naypyitaw State Academy ၌ ပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားမှာ နိုင်ငံတော်သမ္မတက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံ၏သမိုင်းကြောင်းများကို သိရှိအောင်လေ့လာစေလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများကို သိရှိလိုက်နာပြီး နိုင်ငံကိုအကျိုးပြုနိုင်အောင်ကြိုးစားကြစေလိုကြောင်း၊ အချင်းချင်းအပြန်အလှန်လေးစားမှုရှိပြီး မတူကွဲပြားမှုများကို အမျိုးသားရေးစွမ်းအားအဖြစ်ရှုမြင်သုံးသပ်နိုင်ရန်လိုကြောင်း၊ အနာဂတ်နိုင်ငံကို ဦးဆောင်ကြမည့်သူများဖြစ်သဖြင့် သေချာစဉ်းစားသုံးသပ်ပြီး နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန် ပြောကြားခဲ့သည်။

👍8❤🔥1❤1
ကျိုင်းတုံ-တောင်ကြီးကားလမ်းတွင် Express ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျ ခရီးသည် တစ်ဦး
သေဆုံး ၁၉ဦးဒဏ်ရာ
NOM၊စက်တင်ဘာ၂၊၂၀၂၆
ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်းတွင်ယမန်နေ့စက်တင်ဘာ၁ရက်ည၉နာရီ ၁၀မိနစ်ခန့်ကခရီးသည်တင်ကား တစ် စီး ပေ၅၀အနက်ချောက်ထဲထိုးကျသွားရာခရီးသည်တစ်ဦးသေဆုံးခဲ့ပြီး ၁၉ဦးဒဏ်ရာရရှိခဲ့ကြောင်း
မီးသတ်တပ်ဖွဲ့မှသိရသည်။
ဖြစ်စဥ်မှာ ကျိုင်းတုံဘက်မှတောင်ကြီးဘက်သို့ခရီးသည်အမျိုးသား ၁၃ဉီး၊ အမျိုးသမီး ကိုးဦး၊ ယာဉ်မောင်းသူံးဦး၊ ယာဉ်နောက်လိုက်နှစ်ဦး၊ ယာဉ်မယ်တစ်ဦး၊စုစုပေါင်း (၂၈)ဦး
လိုက်ပါလာသည့် ဧကရာဇ် Express ခရီးသည်တင်ယာဉ်သည် မိုင်းပျဉ်း မြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်းမိုင်တိုင်အမှတ် ၅၅၅.၅ km နှင့် ၅၅၆.၀ km ကြား ခမ်းပေါ့ကျေးရွာ နှင့် တောင်သုံးလုံးကျေးရွာအနီးတွင် ဘရိတ်ပေါက်ရာမှ လမ်း၏ ဘယ်ဘက် ပေ(၅၀)ခန့် အနက်ရှိချောက်ထဲသို့ကျသွားခြင်းဖြစ်သည်။
"ဘရိတ်ပေါက်ရာမှ လမ်း၏ ဘယ်ဘက် ပေ(၅၀)ခန့် အနက်ရှိ
တဲ့ချောက်ထဲသို့ကျသွားတာပါ ကားပေါ်ပါတဲ့ခရီးသည်၂၈ဦးမှာ အမျိုးသား ၁၁ဦး၊ အမျိုးသမီး ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်အမျိုးသမီးတစ်ဦးကတော့ နေရာမှာသေဆုံးခဲ့ပါ
တယ်"ဟု ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ခရီးသည်တင်ယာဉ်တစ်စီးချောက်ထဲပြုက်ကျကြောင်းသတင်းရရှိသဖြင့် မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းမှ မီ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့်ဒဏ်ရာရရှိသူများအား တုံတာလူမှုကူညီရေးအသင်းယာဉ်ဖြင့် တုံတာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

👍6❤2😢1
အီရန်က လတ်တလောပြုလုပ်ခဲ့သည့် လက်တုံ့ပြန်တိုက်ခိုက်မှုများကို အမေရိကန်က ပြန်လည်တုံ့ပြန်ခြင်း မပြုလုပ်ရန် စဉ်းစားနေကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
"သမ္မတအနေနဲ့ အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုတွေထဲ ပိတ်မိပါသွားတာမျိုးကို ရှောင်လွှဲချင်နေပါတယ်" ဟု အဆိုပါ အရာရှိက ပြောသည်။
အိမ်ဖြူတော်အနေဖြင့် ရေနံစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် ဒုံးခွင်းဒုံးလက်နက်ခဲယမ်းများ လျော့နည်းလာခြင်းတို့အပေါ် စိုးရိမ်ပူပန်နေကြောင်းသိရသည်။
NOM

👍11
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်
👍5❤🔥1❤1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်၏ အကြီးမားဆုံး ဒုံးပျံလောင်စာခဲသုံး ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရေး စက်ရုံများထဲမှ တစ်ခုဖြစ်သော Shahrud မြေအောက်စက်ရုံသည် ယခင်ကထက် ပိုမိုမြန်ဆန်သော နှုန်းထားဖြင့် တိုးချဲ့လျက်ရှိသည်။
NOM
NOM
👍16❤2👎1
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ညီလာခံကျင်းပမည့်ရက်ပြောင်းရွှေ့
NOM စက်တင်ဘာ ၂၊ ၂၀၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နေပြည်တော်ရှိ ပါတီဌာနချုပ် အတွင်းကျင်းပမည့်ညီလာခံကို ယခင်က စက်တင်ဘာ ၁၀ ရက် နောက်ပိုင်းတွင် ကျင်းပရန်စီစဉ်ခဲ့သော်လည်း ယခုအခါ စက်တင်ဘာ ၂၀ ရက် နောက်ပိုင်းသို့ ပြောင်းရွှေ့ထားကြောင်း ပါတီမှတာဝန်ရှိသူတစ်ဦးကပြောသည်။
"အခုလိုပြောင်းရွှေ့ရတာက တရားဝင်စာတော့မထွက်သေးပါဘူး။ ဘာကြောင့် ပြောင်းရွှေ့ရလဲဆိုရင်တော့ အခုလက်ရှိအောက်ခြေမှာလုပ်နေတဲ့ ရွေးချယ်ဖွဲ့စည်းတွေကမပြီးသေးပါဘူး။ သူတို့ပြီးလို့ အပေါ်ကို ရောက်မှညီလာခံ ကကျင်းပလို့ရမှာပါ။ ဒါကြောင့် အောက်ခြေအဖွဲ့ တွေကိုစောင့်နေရပါတယ်"ဟု ပါတီတာဝန်ရှိသူတစ်ဦးကပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ညီလာခံကို၂၀၂၂ အောက်တိုဘာလတွင် ကျင်းပခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

❤8👍5
ပေါင်းလောင်းရေလှောင်တမံအောက်ဘက်ရှိ ဒေသများ ဘေးကင်းလုံခြုံမှုရှိပြီး ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်မရှိ
စက်တင်ဘာ ၁၊ ၂၀၂၆
အောက်ပေါင်းလောင်းရေလှောင်တမံသည် လက်ရှိတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) ၁၀ ရွက် ဖွင့်ထားပြီး စီးဝင်ရေနှင့် သိုလှောင်ရေကို ဟန်ချက်ညီထိန်းသိမ်းဆောက်ရွက်လျက်ရှိသကဲ့သို့ ပေါင်းလောင်းရေလွှဲဆည် (အဝေရာရေလွှဲဆည်) မှတစ်ဆင့် ရေလမ်းကြောင်း ထိန်းညှိဆောင်ရွက်နေခြင်းကြောင့် ရေဝေရေလဲဒေသနှင့် စစ်တောင်းမြစ်တစ်လျှောက်တွင် ထူးကဲသည့် မိုးသည်းထန်စွာ ရွာသွန်းမှုမရှိပါက ရေကြီးရေလျှံမှုဖြစ်ပေါ်ရန်မရှိကြောင်း သိရသည်။
ထို့ပြင် ရေလှောင်တမံသည် မူလကန်ရေပြည့် ရေလှောင်ပမာဏ ၅ ဒသမ ၄၉ သိန်း ဧကပေရှိပြီး ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တံခါးရွက် ၂၀ တပ်ဆင်၍ ရေလှောင်ပမာဏဧကပေ ၂၁၀၀၀ ခန့် ပိုမိုသိုလှောင်နိုင်ခြင်းကြောင့် နှစ်စဉ် ရေအားလျှပ်စစ် ယူနစ်ရှစ်သန်းပိုမိုထုတ်လုပ်ကာ စုစုပေါင်းရေအားလျှပ်စစ်ယူနစ် ၉၁၉ သန်း ထုတ်လုပ်လျက်ရှိသည်။
ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အောက်ပေါင်းလောင်းရေလှောင်တမံသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သွားရောက်၍ တမံအတွင်းရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှ ရေကျော်စီးဆင်းမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တမံလုံခြုံရေးနှင့် တမံဘေးကင်းလုံခြုံမှုအချက်ပြ အလံလွှင့်ထူမှုစနစ်ဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
အောက်ပေါင်းလောင်း ရေလှောင်တမံအနေဖြင့် တည်ဆောက်အသုံးပြုခဲ့သည့် ၂၁ နှစ် တာကာလအတွင်း ရေပိုလွှဲမှ (၁၈) ကြိမ် ရေကျော်စီးဆင်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ရာဂီ မုန်တိုင်းအရှိန်ကြောင့် ရေပိုလွှဲမှ အမြင့် ၁၁ ပေကျော်အထိ ရေကျော်စီးဆင်းခဲ့ပြီး ဒေသတွင်း ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရသော်လည်း လက်ရှိအခြေအနေအရဒေသ၏ ဘေးကင်းလုံခြုံမှုနှင့် ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်မရှိကြောင်းနှင့် ရေသိုလှောင် ပမာဏများပြားသော တမံများ၏ အခြေအနေကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက လူမှုမီဒီယာများမှ အချိန်နှင့်တစ်ပြေးညီ အသိပေးလျက်ရှိကြောင်း သိရသည်။

👍7❤2❤🔥1
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ငွေကျပ်သိန်း ၁,၅၂၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
စက်တင်ဘာ ၂၊ ၂၀၂၆
ဩဂုတ်လ ၃၁ ရက်နေ့ ၂၂၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၂)ရပ်ကွက်၊ ရတနာလမ်းနေ နေဝင်းထွန်း(ခ)ဒန်နီ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၇၆,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၅၂၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နေဝင်းထွန်း(ခ)ဒန်နီ(၅၂)နှစ်အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိသည်။

❤4👍2❤🔥1
တောင်ငူမြို့တွင် ငွေကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
စက်တင်ဘာ ၂၊ ၂၀၂၆
ဩဂုတ်လ ၃၀ ရက်နေ့ ၀၄၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တောင်ငူမြို့၊ အမှတ်(၂၂)ရပ်ကွက်အနီးတွင် ပန်းအောင်(ခ)အောင်ပေ နှင့် မနော်ဌေးဌေးစိုး တို့အား TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်နှင့် TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်တို့နှင့်အတူ ဘိန်းဖြူ အလေးချိန် ၆.၃၄ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၂,၂၁၉ သိန်း)၊ စိတ်ကြွဆေးပြား ၈၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၂၁၅ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပန်းအောင်(ခ)အောင်ပေ(၃၉)နှစ် နှင့် မနော်ဌေးဌေးစိုး (၂၀)နှစ်တို့အား တောင်ငူမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိသည်။

❤4👍4❤🔥1
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
NOM စက်တင်ဘာ ၂၊ ၂၀၂၆
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့် “Ma Seint” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ပိုးလောင်းလေးကျေးရွာနေ စိမ့်စိမ့်သူအား မွန်းလွဲ ၂ နာရီခွဲတွင် ပြင်စလူနယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

👍7❤🔥2
လွိုင်ကော်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ
NOM စက်တင်ဘာ ၂၊ ၂၀၂၆
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံသို့ စက်တင်ဘာ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၄ နာရီခွဲတွင် လွိုင်ကော်မြို့နယ်၊ ထီရိကျေးရွာနေ ဒေါ်ငဲတူး (၄၇) နှစ်သည် ကျေးရွာ၏မြောက်ဘက်ရှိ လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

😢2😡1
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားသူ တရားခံ အမျိုးသားတစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ
NOM စက်တင်ဘာ ၂၊ ၂၀၂၆
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ဒေါ်သန်းသန်းနုသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ မင်္ဂလာသိဒ္ဓိလမ်းနှင့် ဓမ္မပါလလမ်းထောင့်ရှိ တိုက်အမှတ် (၄၅)၊ ပထမထပ်နေ သူငယ်ချင်းဖြစ်သူ ဒေါ်ခင်မိုးကြည်(၅၄)နှစ်၏ အခန်းသို့ သွားရောက်၍တံခါးအရှေ့မှ ဒေါ်ခင်မိုးကြည်အားခေါ်ခဲ့ရာ ခေါ်မရသဖြင့် အိမ်နီးချင်းများနှင့်အတူ အခန်း၏ သံပန်းတံခါးအားဖျက်၍ ဝင်ရောက်ကြည့်ရှုစဉ် အခန်းပေါက်ဝဘုရားခန်းရှေ့၌ ဒေါ်ခင်မိုးကြည်မှာ သွေးအိုင်ထဲ၌ မှောက်ခုံအနေအထားဖြင့် စောင်ခြုံလျက် ထိုးသွင်းဒဏ်ရာ ၃ ချက်ဖြင့် သေဆုံး နေသည်ကို တွေ့ရှိရကြောင်း သတင်းပေးပို့တိုင်တန်းချက်အရ ဗဟန်းမြို့မရဲစခန်း (ပ)၂၆၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ နယ်မြေသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် လူသတ်မှုကျူးလွန်သူ တရားခံ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ (၁၂)ရပ်ကွက်နေ ဉာဏ်စိုး(၂၀)နှစ်အား မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊(၆)ရပ်ကွက်ရှိ The Waiting Lodge Hotel၊ အခန်းအမှတ် B-06 ၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဉာဏ်စိုးအား စစ်ဆေးချက်အရ ၎င်းသည် သေဆုံးသူ ဒေါ်ခင်မိုးကြည်၏ သားဖြစ်သူနှင့် သူငယ်ချင်းဖြစ်ပြီး အခင်းဖြစ်နေအိမ်သို့ ဝင်ထွက်သွားလာဖူးသူဖြစ်ကြောင်း၊ ၎င်းသည် အွန်လိုင်းစလော့ဂိမ်းရှုံး၍ ငွေလိုအပ်နေသဖြင့် လုယက်ရန်အတွက် ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် အခင်းဖြစ်နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ နေအိမ်သို့ရောက်ရှိပြီး ဒေါ်ခင်မိုးကြည်မှ တံခါးဖွင့်ပေးစဉ်၎င်းမှအသင့်ယူဆောင်လာသည့် ဓားဖြင့်ထိုးသတ်၍ အခန်းအတွင်းရှိ စားပွဲပေါ်မှ သော့ဖြင့် ဘီရိုအား ဖွင့်ကာ အတွင်းမှ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ခဲ့သူ တရားခံ ဉာဏ်စိုးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

👍6❤3❤🔥1
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဘက်ဆင့် (Bessent) က ရေကြောင်း သွားလာရေး အနှောင့်အယှက်များ ဖြစ်ပေါ်နေချိန်တွင် "လုံခြုံစိတ်ချ၍ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်" ရှိစေရန် တောင်းဆိုထားသည့် အပိုဒ်ကို လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့ပြီး၊ တရုတ်နိုင်ငံသည် ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထုတ်ပြန်ချက်ကို ငြင်းပယ်ခဲ့သည့် တစ်ခုတည်းသော G20 အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။
NOM
NOM
👍14❤1
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အောင်ပွဲရ တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
စက်တင်ဘာ ၂၊ ၂၀၂၆
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းက ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ရာ အနောက်မြောက်တိုင်းစစ်ဌာချုပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ရိုးရာ အက၊ အလှများ၊ အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

👍8❤🔥2