News Of Myanmar
11.9K subscribers
28.2K photos
3.64K videos
3 files
6.62K links
Download Telegram
မလှိုင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်အား PDF အကြမ်းဖက်အဖွဲ့က FPV Drone ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ

NOM စက်တင်ဘာ ၂၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်သို့ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ FPV Drone တစ်စင်းဖြင့် ပစ်ခတ်ခဲ့ရာ ရပ်ကွက် အတွင်းကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဦးကံထူးမောင် (၆၆) နှစ်နှင့် ဦးဝေဇော်ထွန်း (၄၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

NOM
😡4😢31
အီရန်တောင်ပိုင်း ကူဟက်စတက်ခ် (Kuhestak) မြို့ရှိ မင်္ဂလာဆောင်တစ်ခုကို ထိမှန်ခဲ့ပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးကာ ၅၀ ထက်မက ဒဏ်ရာရရှိခဲ့သည့် ဒုံးကျည်မှာ အမေရိကန်ပြုလုပ်သော 'SLAM-ER' ဒုံးကျည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရုစ်ဒုံးကျည်ကို ထုတ်လုပ်သည့် ဘိုးအင်း (Boeing) ကုမ္ပဏီကမူ ၎င်းဒုံးကျည်သည် အမေရိကန်ရေတပ်၏ရှိ လက်နက်များအားလုံးအနက် အတိကျဆုံး လက်နက်ဖြစ်သည်ဟု အခိုင်အမာဆိုထားသည်။

သို့သော်လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် အရပ်သားပစ်မှတ်ကို 'မှားယွင်း' ထိမှန်ခဲ့သည်။

NOM
👍7😨63😱1
အမေရိကန် စစ်ဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် ၎င်းလက်ထက်တွင် အမေရိကန်အဆင့်မြင့် စစ်ဘက်အရာရှိကြီး ၂၀ ထက်မက ရာထူးမှ နှုတ်ထွက်ခဲ့ကြရ သို့မဟုတ် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

အမေရိကန် အရာရှိတစ်ဦးက "ဟက်ဂ်ဆက်သ်ဟာ အီရန်ဗိုလ်ချုပ်တွေထက် အမေရိကန်ဗိုလ်ချုပ်တွေကို ပိုပြီး ဖြုတ်ထုတ်ရှင်းလင်းခဲ့တယ်" ဟု ပြောကြားခဲ့သည်။

NOM
👍14
ယနေ့ စက်တင်ဘာ ၂ ရက်နေ့ နံနက် ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ PDF အဖွဲ့မှ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၂၄ ဦး အလင်းဝင်ရောက်ခြင်းအခမ်းအနားပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အလင်းဝင်လာသူများနှင့်အတူ MA-3 တစ်လက်၊ M-4 တစ်လက်၊ ကာဘိုင်တစ်လက်၊ M-79 လက်လုပ်လောင်ချာတစ်လက်၊ BA-63 တစ်လက်၊ လက်လုပ်ပစ္စတိုတစ်လက်၊ လက်လုပ်သေနတ် ၂ လက်၊ ၄၀ မမဗုံးသီးတစ်လုံး၊ လက်ပစ်ဗုံး ၁၀ လုံး၊ ကျည်အိမ် ၆ ခုနှင့် ကျည်မျိုးစုံ ၂၆၁ တောင့် ပါဝင်ကြောင်း သိရသည်။
👍9❤‍🔥1
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပ

စက်တင်ဘာ ၁၊ ၂၀၂၆

 ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရွှေပြား အလှူရှင် ၃၆ ဦးက ရွှေသင်္ကန်းတော် ခြောက်ကျပ်သားရွှေပြားတစ်ချပ်နှင့် တစ်ကျပ်သားရွှေပြား ၅၅ ချပ် စုစုပေါင်းရွှေစင်ရွှေပြား ၅၆ ချပ်နှင့် ငွေသားအလှူရှင် ၁၇၇ ဦးတို့က အလှူငွေ ၂၃၃၀၀၇၅၇၈၈ ကျပ် တို့ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသည့် ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က (၆၀၂) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲကို ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက်ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ပြန်လည်ပေးအပ်

ဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိဦးကျော်ဇေယျနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူ၍ ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘန္ဒန္တအဂ္ဂသာမိထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနာယူခဲ့ကြကြောင်းသိရသည်။
👍10💔1
နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန် နိုင်ငံတော်သမ္မတ မှာကြား
 
ဩဂုတ် ၃၁ ရက်က Naypyitaw State Academy ၌ ပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားမှာ နိုင်ငံတော်သမ္မတက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
 
နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံ၏သမိုင်းကြောင်းများကို သိရှိအောင်လေ့လာစေလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများကို သိရှိလိုက်နာပြီး နိုင်ငံကိုအကျိုးပြုနိုင်အောင်ကြိုးစားကြစေလိုကြောင်း၊ အချင်းချင်းအပြန်အလှန်လေးစားမှုရှိပြီး မတူကွဲပြားမှုများကို အမျိုးသားရေးစွမ်းအားအဖြစ်ရှုမြင်သုံးသပ်နိုင်ရန်လိုကြောင်း၊ အနာဂတ်နိုင်ငံကို ဦးဆောင်ကြမည့်သူများဖြစ်သဖြင့် သေချာစဉ်းစားသုံးသပ်ပြီး နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန် ပြောကြားခဲ့သည်။
👍8❤‍🔥11
ကျိုင်းတုံ-တောင်ကြီးကားလမ်းတွင် Express ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျ ခရီးသည် တစ်ဦး
သေဆုံး ၁၉ဦးဒဏ်ရာ
NOM၊စက်တင်ဘာ၂၊၂၀၂၆
ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်းတွင်ယမန်နေ့စက်တင်ဘာ၁ရက်ည၉နာရီ ၁၀မိနစ်ခန့်ကခရီးသည်တင်ကား တစ် စီး ပေ၅၀အနက်ချောက်ထဲထိုးကျသွားရာခရီးသည်တစ်ဦးသေဆုံးခဲ့ပြီး ၁၉ဦးဒဏ်ရာရရှိခဲ့ကြောင်း
မီးသတ်တပ်ဖွဲ့မှသိရသည်။

ဖြစ်စဥ်မှာ ကျိုင်းတုံဘက်မှတောင်ကြီးဘက်သို့ခရီးသည်အမျိုးသား ၁၃ဉီး၊ အမျိုးသမီး ကိုးဦး၊ ယာဉ်မောင်းသူံးဦး၊ ယာဉ်နောက်လိုက်နှစ်ဦး၊ ယာဉ်မယ်တစ်ဦး၊စုစုပေါင်း (၂၈)ဦး
လိုက်ပါလာသည့် ဧကရာဇ် Express ခရီးသည်တင်ယာဉ်သည် မိုင်းပျဉ်း မြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်းမိုင်တိုင်အမှတ် ၅၅၅.၅ km နှင့် ၅၅၆.၀ km ကြား ခမ်းပေါ့ကျေးရွာ နှင့် တောင်သုံးလုံးကျေးရွာအနီးတွင် ဘရိတ်ပေါက်ရာမှ လမ်း၏ ဘယ်ဘက် ပေ(၅၀)ခန့် အနက်ရှိချောက်ထဲသို့ကျသွားခြင်းဖြစ်သည်။

"ဘရိတ်ပေါက်ရာမှ လမ်း၏ ဘယ်ဘက် ပေ(၅၀)ခန့် အနက်ရှိ
တဲ့ချောက်ထဲသို့ကျသွားတာပါ ကားပေါ်ပါတဲ့ခရီးသည်၂၈ဦးမှာ အမျိုးသား ၁၁ဦး၊ အမျိုးသမီး ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်အမျိုးသမီးတစ်ဦးကတော့ နေရာမှာသေဆုံးခဲ့ပါ
တယ်"ဟု ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ခရီးသည်တင်ယာဉ်တစ်စီးချောက်ထဲပြုက်ကျကြောင်းသတင်းရရှိသဖြင့် မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းမှ မီ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့်ဒဏ်ရာရရှိသူများအား တုံတာလူမှုကူညီရေးအသင်းယာဉ်ဖြင့် တုံတာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
👍62😢1
အီရန်က လတ်တလောပြုလုပ်ခဲ့သည့် လက်တုံ့ပြန်တိုက်ခိုက်မှုများကို အမေရိကန်က ပြန်လည်တုံ့ပြန်ခြင်း မပြုလုပ်ရန် စဉ်းစားနေကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

"သမ္မတအနေနဲ့ အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုတွေထဲ ပိတ်မိပါသွားတာမျိုးကို ရှောင်လွှဲချင်နေပါတယ်" ဟု အဆိုပါ အရာရှိက ပြောသည်။

အိမ်ဖြူတော်အနေဖြင့် ရေနံစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် ဒုံးခွင်းဒုံးလက်နက်ခဲယမ်းများ လျော့နည်းလာခြင်းတို့အပေါ် စိုးရိမ်ပူပန်နေကြောင်းသိရသည်။

NOM
👍11
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်
👍5❤‍🔥11