News Of Myanmar
11.9K subscribers
28.2K photos
3.64K videos
3 files
6.62K links
Download Telegram
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်များဖြင့်  ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးသေဆုံး

ဩဂုတ် ၃၁၊၂၀၂၆
4😢3😱2😡1
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

ဩဂုတ် ၃၁၊ ၂၀၂၆
👍13❤‍🔥2
Media is too big
VIEW IN TELEGRAM
နီပေါတွင်နိုင်ငံခြားသား၆၀၀နီးပါးပျောက်ဆုံးဆဲ
NOM

နီပေါနိုင်ငံတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် နိုင်ငံပေါင်း ၃၉ နိုင်ငံမှ နိုင်ငံသား ၅၉၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားသား ၃၂၃ ဦးကို ယခုအချိန်အထိ ကယ်တင်နိုင်ခဲ့သည်။
👍7😢51
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာ
👍8❤‍🔥31
ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်

NOM စက်တင်ဘာ ၁၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် စက်တင်ဘာ ၁ ရက်နံနက် ၅ နာရီ ၅၅ မိနစ်က ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့‌ကြောင်းမြို့နယ်မီးသတ်စခန်းမှသိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော ဆီဘောက်ဆာယာဉ်နှင့် မန္တလေးမှ ရန်ကုန်သို့မောင်းနှင်လာသော ကွန်တိန်နာယာဉ်တို့ တိုက်မှုဖြစ်ပွားပြီး ဆီဘောက်ဆာယာဉ် (၁) စီး မီးလောင်မှုဖြစ်ခဲ့သည်။

အဆိုပါမီးလောင်ရာသို့ တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေသယ်ယာဉ်များ ငြှိမ်းသတ်ခဲ့ပြီး လူထိခိုက်မှု
မရှိ‌ကြောင်းသိရသည်။
😢5👍4🙏21
ဒလမြို့နယ်အတွင်း လုံခြုံရေးအရ ဆိုင်ကယ်စီးနင်းခွင့်များခွင့်ပြု၍ မရသေး

NOM စက်တင်ဘာ ၁၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်း တရားဝင်ဆိုင်ကယ်စီးနင်းခွင့်အား ပြန်လည်ခွင့်ပြုပေးပါက လုံခြုံရေးအတွက် အားနည်းချက်များ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လတ်တလောတွင် ဆိုင်ကယ်စီးနင်းခွင့်များ လုံခြုံရေးအရ ခွင့်ပြု၍မရ သေးပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ယမန်နေ့သြဂုတ်လ ၃၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်‌တော်၌ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဒလမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးသန်းဦးကဒလမြို့နယ် အတွင်း၌ မော်တော်ဆိုင်ကယ်များ စီးနင်းခွင့်ပြု‌ရေးနှင့် ပတ်သက်သည့်မေးခွန်းအားမေးမြန်းခဲ့သည်။

"တွံတေးခရိုင်အတွင်း ပါဝင်သော တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ဒလမြို့နယ်များတွင်း ဆိုင်ကယ်မစီးရ ဒေသန္တရအမိန့် ထုတ်ပြန်ဆောင်ရွက်ထားသည့်အတွက် ဒလမြို့နယ်အတွင်း တရားဝင်ဆိုင်ကယ်စီးနင်းခွင့်အား ပြန်လည်ခွင့်ပြုပေးပါက လုံခြုံရေးအတွက် အားနည်းချက်များဖြစ်ပေါ်လာနိုင်ခြင်းကြောင့် သက်ဆိုင်ရာ နယ်မြေလုံခြုံရေးအဖွဲ့စည်းများ၏ သဘောထားပြန်ကြားချက်များအရ လက်တလောမှာ ဆိုင်ကယ်စီးနင်းခွင့်များ လုံခြုံရေးအရ ခွင့်ပြု၍မရသေးပါဘူး"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်ကဖြေကြားသွားသည်။

ဒလမြို့နယ်အတွင်း၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် အများပြည်သူများအပေါ် မော် တော်ဆိုင်ကယ်အသုံးပြု၍ အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ငန်းများ၊ ပစ်ခတ်မှုဖြစ်စဉ်များနှင့် ဖောက်ခွဲရေးဖြစ်စဉ်များအား ဆောင်ရွက်ခဲ့ရာ ဖောက်ခွဲမှု (၁၃) ကြိမ်၊ အုပ်ချုပ်ရေးမှူးနှင့်အပြစ်မဲ့ ပြည်သူများအားလုပ်ကြံခံရမှု (၉) ကြိမ်ရှိကြောင်းသိရသည်။

NOM
👍98
အမြန်လမ်းတွင်ယာဉ်တိုက်မှုဖြစ်အမျိုးသမီးတစ်ဦးသေဆုံး
NOM၊စက်တင်ဘာ၁၊၂၀၂၆
ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၃၂/၅နှင့် ၃၂/၆ကြားတွင်ယနေ့စက်တင်ဘာ၁ရက်နံနက်၁၁နာရီ၁၅မီနစ်ကယာဉ်တိုက်မှုဖြစ်ခဲ့ရာအမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ဖြစ်စဉ်မှာရန်ကုန်မှနေပြည်တော်သို့မောင်းနှင်နေသော9Q-9836 ဝင်း ခရီးသည်တင်ယာဉ်သည် ရုတ် တ ရက်လမ်းဖြတ်ကူး​သော အမျိုး သမီးတစ်ဦးအား တိုက်မိသဖြင့်လမ်းကူးသူအမျိုးသမီးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့သည့်အတွက်အမြန်လမ်းမကြီးများ ဥပဒေအရ အ ရေးယူဆောင်ရွက်လျက်ရှိ‌ ကြောင်းသိရသည်။
😢81
သံလွင်မြစ်ရေမြင့်တတ်မှုကြောင့် အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး
NOM၊စက်တင်ဘာ၁၊၂၀၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စက်တင်ဘာ၁ရက်မွန်းတည့်၁၂နာရီကသံလွင်မြစ်ရေမြင့်တတ်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊အမှတ်(၂) ရပ် ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့ရှိ နေအိမ်များအတွင်း ရေဝင်ရောက်နေကြောင်း ဘားအံခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် စက်လှေများဖြင့် ရေဝင်ရောက်နေသော အိမ်ထောင်စုများအားရေဘေး လွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့‌ကြောင်းသိရသည်။
👍104
This media is not supported in your browser
VIEW IN TELEGRAM
ဟန်ဂေရီတွင်အမူးသမားတစ်ဦးကလေယာဉ်ခိုးယူ
NOM

အသက် ၂၄ နှစ်အရွယ် အရက်မူးနေသောဟန်ဂေရီအမျိုးသားတစ်ဦးသည် Kalocsa ရှိ လေယာဉ်ကွင်းတစ်ခုမှ ဆက်ဆနာ172 အပေါ့စား လေယာဉ်တစ်စင်းကို ခိုးယူပြီး နျူကလီးယားဓာတ်အားပေးစက်ရုံသို့ ဦးတည်ပျံသန်းခဲ့သည်။ လေယာဉ်သည်စက်ရုံပတ်လည်ရှိ ကန့်သတ်ဇုန်ထဲသို့ ဝင်ရောက်သွားသောကြောင့် တိုက်လေယာဉ်နှစ်စင်းကကြားဖြတ်ဟန့်တားခဲ့သည်။

နောက်ဆုံးတွင် အရက်မူးနေသောလေယာဉ်သူခိုးသည် လေယာဉ်ကိုမထိန်းချုပ်နိုင်တော့ပဲလယ်ကွင်းတစ်ခုတွင် ကြမ်းတမ်းစွာ ဆင်းသက်ခဲ့ရသည်။ အဆိုပါအမူးသမားသည်လေယာဉ်ပေါ်မှ ဆင်းကာ သူ့ကိုကူညီရန် ရပ်တန့်ခဲ့သော ယာဉ်မောင်းတစ်ဦး၏ ကားကို ပြန်ပေးဆွဲရန် လည်းကြိုးစားခဲ့သေးသည်။
👍143
Media is too big
VIEW IN TELEGRAM
အမေရိကန်တွင်အမျိုးသမီးတစ်ဦးကလူနှစ်ဦးကိုဓားဖြင့်ထိုး
NOM

ယမန်နေ့က Times Square ရင်ပြင်၌အသက် ၄၉ နှစ်အရွယ် အမျိုးသမီး Pamela Cisneros သည်ဓားနှစ်ချောင်းကိုင်ဆောင်ထားပြီး မြေအောက်ရထားပေါ်မှဇနီးနှင့်အတူ ဆင်းလာသည့်အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦးအားရုတ်တရက် ဗိုက်ကိုဓားနဲ့ထိုးခဲ့သည်။

ထို့နောက်သူမသည်အသက် ၃၂ ​​နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ဝမ်းဗိုက်ကိုလည်း ဓားဖြင့်ထိုးခဲ့ပြန်သည်။
ဓားထိုးခံရသူအမျိုးသမီးသည် Bellevue ဆေးရုံ၌သေဆုံးသွားခဲ့ပြီး အမျိုးသားမှာအသက်အန္တရာယ်မစိုးရိမ်ရဟုသိရသည်။
😱12👍31
မလှိုင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်အား PDF အကြမ်းဖက်အဖွဲ့က FPV Drone ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ

NOM စက်တင်ဘာ ၂၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်သို့ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ FPV Drone တစ်စင်းဖြင့် ပစ်ခတ်ခဲ့ရာ ရပ်ကွက် အတွင်းကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဦးကံထူးမောင် (၆၆) နှစ်နှင့် ဦးဝေဇော်ထွန်း (၄၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

NOM
😡4😢31
အီရန်တောင်ပိုင်း ကူဟက်စတက်ခ် (Kuhestak) မြို့ရှိ မင်္ဂလာဆောင်တစ်ခုကို ထိမှန်ခဲ့ပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးကာ ၅၀ ထက်မက ဒဏ်ရာရရှိခဲ့သည့် ဒုံးကျည်မှာ အမေရိကန်ပြုလုပ်သော 'SLAM-ER' ဒုံးကျည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရုစ်ဒုံးကျည်ကို ထုတ်လုပ်သည့် ဘိုးအင်း (Boeing) ကုမ္ပဏီကမူ ၎င်းဒုံးကျည်သည် အမေရိကန်ရေတပ်၏ရှိ လက်နက်များအားလုံးအနက် အတိကျဆုံး လက်နက်ဖြစ်သည်ဟု အခိုင်အမာဆိုထားသည်။

သို့သော်လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် အရပ်သားပစ်မှတ်ကို 'မှားယွင်း' ထိမှန်ခဲ့သည်။

NOM
👍7😨63😱1
အမေရိကန် စစ်ဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် ၎င်းလက်ထက်တွင် အမေရိကန်အဆင့်မြင့် စစ်ဘက်အရာရှိကြီး ၂၀ ထက်မက ရာထူးမှ နှုတ်ထွက်ခဲ့ကြရ သို့မဟုတ် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

အမေရိကန် အရာရှိတစ်ဦးက "ဟက်ဂ်ဆက်သ်ဟာ အီရန်ဗိုလ်ချုပ်တွေထက် အမေရိကန်ဗိုလ်ချုပ်တွေကို ပိုပြီး ဖြုတ်ထုတ်ရှင်းလင်းခဲ့တယ်" ဟု ပြောကြားခဲ့သည်။

NOM
👍14
ယနေ့ စက်တင်ဘာ ၂ ရက်နေ့ နံနက် ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ PDF အဖွဲ့မှ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၂၄ ဦး အလင်းဝင်ရောက်ခြင်းအခမ်းအနားပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အလင်းဝင်လာသူများနှင့်အတူ MA-3 တစ်လက်၊ M-4 တစ်လက်၊ ကာဘိုင်တစ်လက်၊ M-79 လက်လုပ်လောင်ချာတစ်လက်၊ BA-63 တစ်လက်၊ လက်လုပ်ပစ္စတိုတစ်လက်၊ လက်လုပ်သေနတ် ၂ လက်၊ ၄၀ မမဗုံးသီးတစ်လုံး၊ လက်ပစ်ဗုံး ၁၀ လုံး၊ ကျည်အိမ် ၆ ခုနှင့် ကျည်မျိုးစုံ ၂၆၁ တောင့် ပါဝင်ကြောင်း သိရသည်။
👍9❤‍🔥1