ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲက လာရောက်ဂါရဝပြု တွေ့ဆုံ။
ဇွန် ၈၊ ၂၀၂၆
ဇွန် ၈၊ ၂၀၂၆
👍16❤🔥3
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းနိုင်ငံ ချာနော့ဗ်ဆီ (Chernovtsy) ဒေသတွင် ကလေးငယ်များ ပြည့်နှက်နေသည့် တံတားတစ်စင်း ပြိုကျ။
ကျောင်းသား/ ကျောင်းသူ ၆ ဦး ဆေးရုံတင်ထားရ။
NOM

😱11👍4
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး Alabuga SEZ မှ ကိုယ်စားလှယ် Mr. Konstantin Trifonov အား လက်ခံတွေ့ဆုံ
ဇွန် ၇၊ ၂၀၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပလျက်ရှိသည့် (၂၉)ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ တက်ရောက်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာတာစတန်ဒေသ ကာဇန်မြို့ရှိ အလာဘူဂါ အထူးစီးပွားရေးဇုန် (Alabuga Special Econo-mic Zone)မှ ကိုယ်စားလှယ် Mr. Konstantin Trifonov အား ဒေသစံတော်ချိန် ညနေပိုင်းတွင် Welton Hotel ၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် အထူးစီးပွားရေးဇုန်၏ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေး စက်မှုလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်သားများခေါ်ယူမည့်ကိစ္စရပ်များ၊ အလုပ်သမားရေးရာ MoU ရေးထိုးနိုင်ရေး ဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် မြန်မာလုပ်သားများ အလုပ်လုပ်ကိုင်နေကြသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

👍8❤3
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ရှိ Smart Meter ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်လေ့လာ
ဇွန် ၇၊ ၂၀၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Telematic Solution Co., Ltd. ၏ Smart Meter ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက စက်ရုံအတွင်း ဆောင်ရွက်နေမှု လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။
ရှင်းလင်းမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကိုယ်ပိုင်အဆင့်မြင့်နည်းပညာသုံး တပ်ဆင်ထုတ်လုပ်ထားသည့် Smart Meter စနစ်ကို မြန်မာနိုင်ငံ၌ လက်ရှိအသုံးပြုနေသည့်စနစ်တွင် ပေါင်းစပ်အဆင့်မြှင့်တင်ရာ၌ လာရောက်ရင်းနှီးမြှုပ်နှံလိုသည့်အပေါ် ကြိုဆိုပါကြောင်းနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်လိုပါကြောင်း ပြန်လည်ဆွေးနွေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးအား Inter Rao Co., Ltd. မှ တာဝန်ရှိသူများက လာရောက်တွေ့ဆုံ၍ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ထုတ်လုပ်သည့် တာဘိုင်များအား စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် ပြန်လည်ပြုပြင်နိုင်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့လေလွင့်ဆုံးရှုံးမှုများ လျှော့ချနိုင်ရန်အတွက် တာဘိုင်များအားပြုပြင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ နည်းပညာရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လာရောက်လေ့လာရန် ဖိတ်ခေါ်ခဲ့ကြောင်း သတင်းရရှိသည်။

❤8👍7❤🔥2
အွန်လိုင်း အချစ်ရှာဖွေရေးအက်ပ်
မှ သက်ကြီးပိုင်းအမျိုးသားများကို ဆေးခတ်လုယက်ခဲ့သည့် အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ၊ သားကောင်ဖြစ်ရသူတစ်ဦး သေဆုံး
အမေရိကန်-မက္ကဆီကို ကတ္တားနှစ်မျိုးခံယူထားသူ အိုရိုရာ ဖဲလ်ပ်စ် (Aurora Phelps) ဆိုသူ အမျိုးသမီးသည် အနည်းဆုံး အမျိုးသား ၃ ဦးကို ချဉ်းကပ်မြှူဆွယ်ခဲ့ပြီးနောက် ဆေးခတ်လုယက်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။
သူမသည် သားကောင်ဖြစ်ရသူတစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၅ သောင်းကျော်ကို ခိုးယူခဲ့သည့်အပြင် ထိုသူ့အသွင်ဆောင်ကာ ၎င်း၏သားဖြစ်သူထံသို့ ဖုန်းမက်ဆေ့ခ်ျများ ပေးပို့ခဲ့ကြောင်း သိရသည်။
သူမ၏ခင်ပွန်းဖြစ်သူကမူ ၎င်း၏ဇနီးတွင် ယခုကဲ့သို့ စရိုက်ဆိုးမျိုး ရှိနေလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။
သတင်းရင်းမြစ် - FBI (အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို)

😱9👍4
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့် အထိမ်းအမှတ် တရုတ်ရုပ်ရှင်သီတင်းပတ်ဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့တက်ရောက်
ဇွန် ၈၊ ၂၀၂၆
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့် အထိမ်းအမှတ် တရုတ်ရုပ်ရှင် သီတင်းပတ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေပြည်တော်ရှိ Ocean Center ၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Ma Jia နှင့်အတူ အမှတ်တရ လက်မှတ်ရေးထိုးခဲ့ပြီး China Media Group (CMG) ၏ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။
ထို့နောက် တရုတ်ရုပ်ရှင်သီတင်းပတ် အထိမ်းအမှတ် ပရိုမိုဗီဒီယိုကို ကြည့်ရှုခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့် တရုတ်နိုင်ငံသံအမတ်ကြီးတို့က နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ပြည်သူချင်းချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရေးဆိုင်ရာ အမှာစကားများ ပြောကြားခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာသူများသည် တရုတ်ရုပ်ရှင်လောက၏ လူကြိုက်များသည့် "Lighting Up the Stars" ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုအားပေးခဲ့သည်။

👍12