News Of Myanmar
12.6K subscribers
24.9K photos
3.4K videos
3 files
6.61K links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ဟစ်ဇဘိုလာအဖွဲ့သည် နာဘာတီးယား (Nabatieh) ကောင်းကင်ယံရှိ အစ္စရေး တိုက်လေယာဉ်တစ်စင်းအား မြေပြင်မှဝေဟင်ပစ် ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ခဲ့ရာအဆိုပါ တိုက်လေယာဉ်မှာ မီးကျည်များ ထုတ်လွှတ်ပြီး လက်ဘနွန် လေပိုင်နက်အတွင်းမှ ဆုတ်ခွာသွားခဲ့ရသည်။

NOM
👍19
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသားနှစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့

ဇွန် ၇၊ ၂၀၂၆

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးနှင့် ရုရှားနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသားနှစ်ဦး ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေးစစ်ဆေးနိုင်ခဲ့သည်။

အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၁၄၇၀၃ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၅၂၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။

လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၈၂ ဦးတွင် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၆၆၂ ဦးရှိသည့်အတွက် ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၅၂၀ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
👍136
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ မြင့်တက်လာ
NOM၊ဇွန်၇၊၂၀၂၆
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးများစွာရွာသွန်းခဲ့မှုကြောင့် ပဲခူးမြစ်ရေသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သိသိသာသာမြင့်တက်လာကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါမိုးဇလ၏ ထုတ်ပြန်ချက်အရ ပဲခူးမြို့ရှိ ပဲခူးမြစ်ရေအမှတ်သည် ၂၄ နာရီအတွင်း ၁၇၃ စင်တီမီတာ မြင့်တက်ခဲ့ပြီး လက်ရှိတွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၆ ပေကျော် လိုအပ်နေသေးကြောင်း သိရသည်။
ပဲခူးမြစ်ရေ ဆက်လက်မြင့်တက်လာနိုင်သဖြင့် မြစ်ရေအခြေအနေကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်ကြောင်း မိုးဇလက သတိပေးထားသည်။
မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း ပဲခူးမြစ်ရေသည် ဇွန် ၆ ရက်နောက်ပိုင်းမှစတင်၍ သိသိသာသာမြင့်တက်လာကြောင်းနှင့် ဇွန် ၁၄ ရက်မှ ၁၆ ရက်အတွင်း ယခုမိုးရာသီ၏ ပထမဆုံး အမြင့်ဆုံးရေစီးဆင်းမှုအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
ထို့ပြင် မိုးဇလက ပဲခူးတိုင်းဒေသကြီးအပါအဝင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဇွန် ၇ ရက်တွင် ထုတ်ပြန်ထားသည်။
👍152😢1
This media is not supported in your browser
VIEW IN TELEGRAM
ဒိုမီနီကန်တွင် လေယာဉ်မီးလောင်

ဒိုမီနီကန်နိုင်ငံ လာရာမန်နာလေဆိပ်တွင် လေယာဉ်တစ်စီးဆင်းသက်စဉ် မီးလောင်ပေါက်ကွဲခဲ့သည်။

NOM
👍16😱6
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်တွင် ပြင်းထန်သောငလျင်ကြီးလှုပ်

ယနေ့နံနက်ဒေသစံတော်ချိန်နံနက် ၇း၄၀ နာရီတွင် ဖိလစ်ပိုင်န်ုင်ငံမင်ဒါနာအိုကျွန်းကိုဗဟိုပြုပြီးပြင်းအား ၈.၂ မဂ္ဂနီကျုရှိ ငလျင်ကြီးလှုပ်ခတ်သဖြင့် အဆောက်အဦးများပြိုကျပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့်ဂျပန်တွင် ဆူနာမီသတိပေးချက်များထုတ်ပြန်ထားသည်။

NOM
😱28👍11😢54
တန့်ယန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံး
NOM၊ဇွန်၈၊၂၀၂၆
ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်ရပ်ကွက်(၆)အုပ်စု (၅) တွင်ယနေ့(ဇွန်၈ရက်)နံနက် ၇နာရီ ၃၀မိနစ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီးအမျိုးသမီးတစ်ဦးသေဆုံးခဲ့သည့်ဟုတန့်ယန်း အရန်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ရပ်ကွက်(၆)၊ အုပ်စု(၅)ရှိ နေအိမ်အနီးတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွါးခဲ့ရာနေအိမ်၏ ဝဲဘက်အခန်းပေါ်သို့ မြေထိန်းနံရံပြိုကျပြီး အိပ်ခန်းအတွင်းအိပ်ပျော်နေသည့် အသက်၄၉နှစ်အရွယ်အမျိုးသမီးပေါ်သို့ပိမီပြီးနေရာတွင်သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူအမျိုးသမီးအား တန့်ယန်းအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
👍9😢62
ဇေကမ္ဘာစက်မှုဇုန်အတွင်း ဓာတုပစွည်းများသိုလောင်ထားသည့် ဂိုဒေါင်တစ်လုံး Level 1အဆင့်မီးလောင်မှုဖြစ်ပွား
NOM၊ဇွန်၈၊၂၀၂၆
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်အတွင်းယနေ့ (ဇွန်၈ရက်) နံနက် ၉နာရီ၂၂မိနစ်က ဓာတုပစွည်းများသိုလောင်ထားသည့် ဂိုဒေါင်တစ်လုံး Level 1အဆင့်မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသိရသည်။

ဇေကမ္ဘာစက်မှုဇုန်အတွင်းရှိ ဓာတုပသ္စည်းများထားရှိသည့်ဂိုဒေါင်တွင် မီးခိုငွေ့များထွက်လာသည့်အတွက် မီးသတ်တပ်ဖွဲ့မှအချိန်မီသွားရောက်ပြီးငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်ယာဉ်အုပ်စုများ၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်း၊ ရွှေပေါက္ကံနယ်မြေမီးသတ်စခန်းနှင့် ဝေဘာဂီနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များနှင့် လူမှုကူညီရေးအသင်းများမှသွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက်၁၀နာရီ ၂၉မိနစ်တွင် မီးငြိမ်းကြောင်းသိရသည်။
6👍6😢3
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက "မံဆောင်" သံကူကွန်ကရစ်တံတားအသစ်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

NOM ဇွန် ၈၊ ၂၀၂၆

ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊ လမ်းဇန်ကျေးရွာနှင့် လိုင်တွီးကျေးရွာကြားရှိ မဏိပူရမြစ်အား ဖြတ်သန်း၍ တီးတိန်မြို့နှင့် ရိဒ်ခေါဒါရ်မြို့သို့ ဆက်သွယ်ထားသည့် "မံဆောင်" သံကူကွန်ကရစ်တံတားအသစ်အား ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီအချိန်၌ အကြမ်းဖက် အဖွဲ့ (စိစစ်ဆဲ) က မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အဆိုပါတံတား၏ ရေလယ်တိုင်အမှတ် P1 ရှိ တိုင် နှစ်လုံးတွင် အောက်ခြေပိုင်းပျက်စီးသွားခဲ့ပြီး လူနှင့် မော်တော်ဆိုင်ကယ်များဖြတ်သန်းသွားလာနိုင် ကြောင်းနှင့် မော်တော်ယာဉ်များမှာ အနီးရှိ တံတားအဟောင်းမှ ဖြတ်သွားလာလျက်ရှိကြောင်းသိရသည်။

NOM
😡8👍61
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူအား ဖော်ထုတ်အရေးယူ

ဇွန် ၈၊ ၂၀၂၆

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Nang Akari” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ညောင်ဖြူစခန်းရပ်ကွက်၊ စဝ်စံထွန်းဈေး (အောက်ဘက်)တေဇလမ်းနေ ဧကရီကျော် (ခ) နန်းဧကရီကျော် အား ည ၁၀ နာရီ ၄၀ မိနစ်တွင် တောင်ကြီးနယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

NOM
👍104
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်-မြောက်ကိုရီးယားချစ်ကြည်ရေးသည် ပြောင်းလဲမည်မဟုတ်ကြောင်း သမ္မတ ရှီကျင့်ဖျင် ထပ်လောင်းအတည်ပြု — ဆင်ဟွာ

ပြုံယမ်းမြို့တွင် ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ ရှီကျင့်ဖျင်နှင့် ကင်ဂျုံအွန်တို့က နိုင်ငံရေးအရ ယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေရန်၊ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်နှင့် ဒေသတွင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းညှိနှိုင်းမှုများကို အားကောင်းမောင်သန် လုပ်ဆောင်သွားရန် ကတိပြုခဲ့ကြသည်။

NOM
👍18
This media is not supported in your browser
VIEW IN TELEGRAM
အိုမန်ကမ်းလွန်တွင် Marivex သင်္ဘော တိုက်ခိုက်ခံရပြီးနောက် အိန္ဒိယသင်္ဘောသား ၂၄ ဦးကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့ရ

အခင်းဖြစ်ပွားရာနေရာမှ ရရှိသည့် ရုပ်သံမှတ်တမ်းများအရ သင်္ဘောသားများသည် ပင်လယ်ပြင်တွင် အသက်ရှင်သန်ရေးအတွက် ရုန်းကန်ခဲ့ကြရပြီးနောက် ပျက်စီးသွားသော အဆိုပါသင်္ဘောပေါ်မှ ၎င်းတို့အား (ရဟတ်ယာဉ်ဖြင့်) မတင်ကယ်ဆယ်နေသည်ကို မြင်တွေ့ရသည်။

NOM
👍16
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ပမာဏ . အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ၃၆ ထပ်မြင့်အဆောက်အအုံတစ်ခု ယိမ်းခါသွား

NOM
👍10😱5
၂၀၂၆ ခုနှစ် မေလအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေများ။
👍12
ကုမ္ပဏီစတော့ရှယ်ယာများကြောင့် SpaceX အာကာသကုမ္ပဏီမှ ဂဟေဆော်သူတစ်ဦး မီလျံနာဖြစ်လာတော့မည်

ဟွမ် ဟာနန်ဒက်ဇ်သည် တစ်နာရီလျှင် ၂၈ ဒေါ်လာရရှိသော ဂဟေဆော်သူတစ်ဦးအဖြစ် အီလွန်မက်စ်​၏ SpaceX အာကာသကုမ္ပဏီသို့ စတင်ဝင်ရောက်ခဲ့ပြီး ကုမ္ပဏီ၏ စတော့ရှယ်ယာ ၁၀,၀၀၀ ဒေါ်လာဖိုးကို (အပိုဆုအဖြစ်) ရရှိခဲ့သည်။

SpaceX ကုမ္ပဏီသည် အများပိုင်ကုမ္ပဏီအဖြစ် အိတ်ချိန်းစျေးကွက်သို့ ဝင်ရောက်ရန် (IPO) ဦးတည်နေချိန်တွင် ၎င်းလက်ဝယ် ဆုပ်ကိုင်ထားခဲ့သော ရှယ်ယာများ၏ တန်ဖိုးမှာ ယခုအခါ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးအထိ ရှိနေပြီဖြစ်သည်။

NOM
👍142
Media is too big
VIEW IN TELEGRAM
မီတာခတွေ အလဟဿ မကုန်ဆုံးစေဘဲ ထိရောက်တဲ့ လျှပ်စစ်ချွေတာနည်းလမ်းကို သိရှိဖို့

အိမ်တိုင်း အိမ်တိုင်း Capacitor Bank တပ်ဆင်ကာ လျှပ်စစ်ကိုချွေတာပါ

မီတာခ သက်သာတယ်...
ဓာတ်အား စနစ် တည်ငြိမ်တယ်...
ပိုလာတဲ့ လျှပ်စစ်ဓာတ်အားကို အခြားလူတွေ မျှပေးလို့ရတယ်.....
👍93
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ပန် Penn ဘူတာရုံအတွင်း ဓားထိုးမှုဖြစ်ပွားပြီး လူခြောက်ဦး ဒဏ်ရာရ

သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့သော်လည်း တိုက်ခိုက်ရသည့် အကြောင်းရင်းကိုမူ မသိရသေးပေ။

NOM
👍10😱3
ခြိမ်းခြောက်မှုများကို နောက်ထပ် ငြိမ်ခံစောင့်နေမည်မဟုတ်ကြောင်း အီရန်ပြောကြား၊ ဒေသတွင်း မဟာဗျူဟာမြောက် ကာကွယ်ရေးမူဝါဒအသစ်ကို ကြေညာ

အီရန်နိုင်ငံ၏ အရေးပေါ်အခြေအနေ စိစစ်သုံးသပ်ရေးကောင်စီ (Expediency Discernment Council) ဥက္ကဋ္ဌ ဆာဒက် လာရီဂျာနီ (Sadeq Larijani) က လက်ဘနွန်ကို ထောက်ခံအားပေးရန်အတွက် အီရန်အစိုးရ၏ ကြားဝင်စွက်ဖက်မှုသည် မဟာဗျူဟာမြောက် မူဝါဒအသစ်တစ်ရပ်ကို တရားဝင်ကြေညာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုမူဝါဒသစ်အရ "တော်လှန်ရေးဝင်ရိုးတန်း" (Resistance Axis) ၏ မည်သည့်အဖွဲ့ဝင်မဆို တိုက်ခိုက်ခံရပါက ပထဝီဝင်နယ်နိမိတ်များကို ကျော်လွန်ပြီး ဒေသတွင်းအခြေအနေများကို ပြောင်းလဲပစ်နိုင်မည့် တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်သွားမည်ဖြစ်သည်။

လာရီဂျာနီက အီရန်သည် ၎င်း၏ဒေသတွင်းရပ်တည်ချက်ကို ထိန်းသိမ်းရန်အတွက် ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာသည်အထိ ငြိမ်ခံစောင့်ဆိုင်းခြင်းမပြုတော့ဘဲ စတင်ဦးဦးဖျားဖျား အရေးယူဆောင်ရွက်မည့် အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ပဋိပက္ခကို ပိုမိုချဲ့ထွင်လာခြင်း သို့မဟုတ် အီရန်၏ အရေးပါသော အခြေခံအဆောက်အအုံများကို တိုက်ခိုက်လာခြင်းမျိုးမဆို ဘက်စုံလွှမ်းခြုံပြီး ဟန့်တားမှုဖြစ်စေမည့် ပြင်းထန်သော တုံ့ပြန်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း သတိပေးခဲ့သည်။

NOM
👍132🕊2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲက လာရောက်ဂါရဝပြု တွေ့ဆုံ။

ဇွန် ၈၊ ၂၀၂၆
👍16❤‍🔥3