News Of Myanmar
12.6K subscribers
24.9K photos
3.4K videos
3 files
6.61K links
Download Telegram
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တောင်ငူမြိုရှိ ပြည်သူ့ဆေးရုံနှင့် တပ်မတော်ဆေးရုံတို၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသူများအား သွားရောက်ကြည့်ရှုအားပေး။

ဇွန် ၆၊ ၂၀၂၆။
👍144❤‍🔥1
မောရဝတီရေတပ်စခန်းဌာနချုပ်မှ လက်နက်ကြီးများလေ့ကျင့်
ပစ်ခတ်ရန် စီစဉ်ထားသဖြင့်နှင့်ငါးဖမ်းရေယာဉ်များ၊ လှေ၊သဗ္ဗာန်များသက်မှတ်ဧရိယာအတွင်းဝင်ရောက်မှုမရှိစေရေး သက်ဆိုင်ဖွဲ့များထံသို့စာများပေး

NOM ဇွန် ၇၊ ၂၀၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်သံလွင်မြစ်ကြောင်းအတွင်း ကော့လိုက် ကျွန်းအနီး မောရဝတီရေတပ်စခန်းဌာနချုပ်မှ လက်နက်ကြီးများလေ့ကျင့်ပစ်ခတ်ရန် စီစဉ်ထားသဖြင့် ဇွန် ၁၀ ရက်နေ့တွင် လူနှင့်ငါးဖမ်းရေယာဉ်များ၊ လှေ/သဗ္ဗာန်များသက်မှတ်ဧရိယာအတွင်းဝင်ရောက်မှုမရှိစေရေး သက်ဆိုင်အဖွဲ့များထံသို့စာများပေးပို့ထားသည့်ဟု စစ်ရေယာဉ်မှူး မြစ်တွင်းတိုက်ရေယာဉ် (၃၀၃) မှ သတင်းထုတ်ပြန်ထားကြောင်းသိရသည်။

မောရဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ် (၄၆) စစ်ရေယာဉ်စု၊ ကွပ်ကဲမှုအောက် သံလွင်မြစ်ကြောင်းအတွင်း စစ်ဆင်ရေး၊ လုံခြုံရေးနှင့် မြစ်ကြောင်း ပိတ်ဆို့ရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော မြစ်တွင်းတိုက်ရေယာဉ် (၃၀၃) သည် ဇွန်လ ၁ဝ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊သံလွင်မြစ်ကြောင်းအတွင်း၊ ကော့လိုက် ကျွန်းအနီး မြောက်လက်တီတွဒ် ၁၆ ဒီဂရီ ၄၇ ဒသမ ၉ မိနစ်(မြောက်)၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃၅ ဒသမ ၉ မိနစ်တွင် ရေပြင်ပစ်မှတ်ပြုလုပ်၍ လက်နက်ကြီးများ
လေ့ကျင့်ပစ်ခတ်ရန် စီစဉ်ထားကြောင်းသိရသည်။

လက်နက်ကြီးများလေ့ကျင့်ပစ်ခတ် နေစဉ်အတွင်း ဧရိယာနှင့် ၃ မိုင် ပတ်လည်အတွင်း လူနှင့်ငါးဖမ်းရေယာဉ်များ၊ လှေ၊ သဗ္ဗာန်များဝင်ရောက်မှုမရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် မလိုလားအပ်သည့်ဖြစ်စဉ်များ မဖြစ်ပေါ်စေရေးတို့အတွက် လိုအပ်သည်များ ကြိုတင်စီစဉ်ထားနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်းသိရသည်။

မောရဝတီရေတပ်စခန်းဌာနချုပ်မှလက်နက် ကြီးများလေ့ကျင့်ပစ်ခတ်စဥ်အတွင်း လူနှင့်ငါးဖမ်းရေယာဉ်များ၊ လှေ၊ သဗ္ဗာန်များဝင်ရောက်မှုမရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်ဘားအံမြို့နယ်အတွင်းရှိ ထုံးအိုင်ကျေးရွာရှိစခန်းမှူး၊နယ်မြေရဲစခန်း၊ ကော့ဂွန်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးမှူး၊ ကော့လှိုက်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးတို့အားစာများပေးပို့ထားကြောင်းသိရသည်။

NOM
👍175❤‍🔥2
ဂန့်ဂေါခရိုင်၊ ကျောမြို့ရှိအထက (ကျော) ကျောင်းဝန်းအတွင်
၍ ကျောင်းအကျိုးပြုဆောင်ရွက်နေသူများကို အကြမ်းဖက်သမားများက ပစ်ခတ်ခဲ့သဖြင့် ကျောင်းသားတစ်ဦးပြင်းထန်ဒဏ်ရာရရှိ

NOM ဇွန် ၇၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောမြို့ရှိအထက (ကျော) ကျောင်းဝန်းအတွင် ယမန်နေ့(ဇွန် ၆ ရက်) နံနက် ၉ နာရီ ၂၆ မိနစ်ခန့်ကကျောင်းသားများစုပေါင်း၍ ကျောင်းအကျိုးပြုဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများက ပစ်ခတ်မှုကြောင့် ကျောင်းသားတစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဂန့်ဂေါခရိုင် ကျောမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (ကျော)၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် လူမှုဝန်ထမ်းပြုလုပ်နေသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား အဆိုပါကျောင်း၏ အရှေ့တောင်ဘက် မီတာ ၂၂၀ ခန့်အကွာရှိ ရထားသံလမ်းလမ်းဆုံမှ အကြမ်းဖက်သမားများကလက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ပစ်ခက်မှုများကြောင့်အထက(ကျော)မှမောင်ဝေယံဖြိုး
(၁၈)နှစ်၊ (G-11) (ဘ)ဦးထွန်းထွန်းလင်းတွင် ဝဲဘက်နောက်ကျောမှ ယာရင်ဘက်သို့ ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်၊ သွေးထွက်လွန် (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သဖြင့် ကျောမြို့ဆေးခန်းတွင် ဆေးကုသမှုခံယူလျက်ရှိ ကြောင်းသိရသည်။

NOM
👍7😡53
ဂျပန်နိုင်ငံ၏ လှုပ်ရှားမှုအရှိဆုံး ဆာကူရာဂျီးမား (Sakurajima) မီးတောင် ကြီးမားစွာ ပေါက်ကွဲမှုကြောင့် ကာဂိုရှီးမား (Kagoshima) မြို့တစ်ခွင်တွင် မီးတောင်ပြာများ ဖုံးလွှမ်းသွားခဲ့ပြီး မြို့တွင်း မြင်ကွင်း ကြည့်ရှုနိုင်စွမ်းကို လျော့ကျသွားစေခဲ့သည်။

NOM
👍10😢4😱2😡1
အီရန်နိုင်ငံ၏ ဟော်မုဇ်ရေလက်ကြား အသုံးပြုခ ဝန်ဆောင်မှုကြေးများကို ယခုအခါ စတင်ကောက်ခံနေပြီဖြစ်သည်။ ရေယာဉ်တစ်စီးလျှင် ဖြတ်သန်းခ အမေရိကန်ဒေါ်လာ ၁.၅ သန်းမှ ၂ သန်းအထိ ပျမ်းမျှကျသင့်မည်ဖြစ်သည်။ ပေးချေမှုပုံစံများတွင် ငွေသား၊ USDT (Tether)၊ ကုန်စည် သို့မဟုတ် အလဲအလှ်စနစ် (Barter) (သင်္ဘောများမှ ငွေအစား ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဖြင့် ပေးချေခြင်းကို ကျသင့်ငွေထဲမှ ပြန်နုတ်ခြင်း) တို့ ပါဝင်ကြောင်း Fars သတင်းဌာနက ဖော်ပြသည်။

NOM
👍182
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဂျက်လေယာဉ်ဆီစျေးနှုန်းများ မြင့်တက်လာခြင်းသည် လေကြောင်းလိုင်းများကို ဒေဝါလီခံရမည့်အခြေအနေသို့ တွန်းပို့နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) ၏ အကြီးအကဲဖြစ်သူ ဝီလီဝေါ့ရှ် (Willie Walsh) က သတိပေးလိုက်သည်။

အသေးစားနှင့် ဘဏ္ဍာရေးအခြေအနေအားနည်းသော လေကြောင်းလိုင်းများသည် အကြီးမားဆုံးသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီး အချို့မှာ စျေးကွက်အတွင်းမှ ထွက်ခွာသွားရနိုင်ကာ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပိုမိုကြီးမားသော ပြိုင်ဘက်လေကြောင်းလိုင်းများက ဝါးမြိုသွားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် မြင့်တက်လာသော စက်သုံးဆီကုန်ကျစရိတ်များကို ကာမိစေရန်အတွက် လေကြောင်းလိုင်းများသည် အမြတ်မကျန်သော ခရီးစဉ်လမ်းကြောင်းများကို ဖြတ်တောက်ရန်နှင့် လေယာဉ်လက်မှတ်စျေးနှုန်းများကို မြင့်မားစွာ ဆက်လက်ထိန်းသိမ်းထားရန် ဖိအားပေးခံရလိမ့်မည်ဖြစ်ကြောင်း ဝေါ့ရှ်က ထောက်ပြခဲ့သည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

NOM
👍171
နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်ယူအသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနိုင်ကြပါရန် ဖိတ်ခေါ်ခြင်း
👍172❤‍🔥2
This media is not supported in your browser
VIEW IN TELEGRAM
ယနေ့နံနက်ပိုင်းမှစ၍ ငါးကြိမ်မြောက်အဖြစ် အာဘီလ် (Erbil) မြို့ရှိ အီရန်-ကုဒ် အကြမ်းဖက်ပါတီများ (အမေရိကန်က ငွေကြေးထောက်ပံ့ထားသော အကြမ်းဖက်သမားများ) ၏ ဌာနချုပ်များကို အီရန်ကဒရုန်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

NOM
👍255
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ယာဥ်တိုက်မှုဖြစ်ပွား တစ်ဦး‌ သေဆုံး

NOM ဇွန် ၇၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၆၁) ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ ဧရာချမ်းသာကွန်ဒိုအနီးတွင် ဇွန် ၇ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်ကယာဉ်တိုက်မှုဖြစ်ပွားခဲ့‌ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့်ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး‌ သေဆုံးပြီး ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြောက်က္ကလာပဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့‌ကြောင်းသိရသည်။

NOM
👍10😢4
This media is not supported in your browser
VIEW IN TELEGRAM
ဟစ်ဇဘိုလာအဖွဲ့သည် နာဘာတီးယား (Nabatieh) ကောင်းကင်ယံရှိ အစ္စရေး တိုက်လေယာဉ်တစ်စင်းအား မြေပြင်မှဝေဟင်ပစ် ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ခဲ့ရာအဆိုပါ တိုက်လေယာဉ်မှာ မီးကျည်များ ထုတ်လွှတ်ပြီး လက်ဘနွန် လေပိုင်နက်အတွင်းမှ ဆုတ်ခွာသွားခဲ့ရသည်။

NOM
👍19
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသားနှစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့

ဇွန် ၇၊ ၂၀၂၆

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးနှင့် ရုရှားနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသားနှစ်ဦး ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေးစစ်ဆေးနိုင်ခဲ့သည်။

အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၁၄၇၀၃ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၅၂၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။

လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၈၂ ဦးတွင် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၆၆၂ ဦးရှိသည့်အတွက် ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၅၂၀ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
👍136
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ မြင့်တက်လာ
NOM၊ဇွန်၇၊၂၀၂၆
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးများစွာရွာသွန်းခဲ့မှုကြောင့် ပဲခူးမြစ်ရေသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သိသိသာသာမြင့်တက်လာကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါမိုးဇလ၏ ထုတ်ပြန်ချက်အရ ပဲခူးမြို့ရှိ ပဲခူးမြစ်ရေအမှတ်သည် ၂၄ နာရီအတွင်း ၁၇၃ စင်တီမီတာ မြင့်တက်ခဲ့ပြီး လက်ရှိတွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၆ ပေကျော် လိုအပ်နေသေးကြောင်း သိရသည်။
ပဲခူးမြစ်ရေ ဆက်လက်မြင့်တက်လာနိုင်သဖြင့် မြစ်ရေအခြေအနေကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်ကြောင်း မိုးဇလက သတိပေးထားသည်။
မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း ပဲခူးမြစ်ရေသည် ဇွန် ၆ ရက်နောက်ပိုင်းမှစတင်၍ သိသိသာသာမြင့်တက်လာကြောင်းနှင့် ဇွန် ၁၄ ရက်မှ ၁၆ ရက်အတွင်း ယခုမိုးရာသီ၏ ပထမဆုံး အမြင့်ဆုံးရေစီးဆင်းမှုအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
ထို့ပြင် မိုးဇလက ပဲခူးတိုင်းဒေသကြီးအပါအဝင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဇွန် ၇ ရက်တွင် ထုတ်ပြန်ထားသည်။
👍152😢1
This media is not supported in your browser
VIEW IN TELEGRAM
ဒိုမီနီကန်တွင် လေယာဉ်မီးလောင်

ဒိုမီနီကန်နိုင်ငံ လာရာမန်နာလေဆိပ်တွင် လေယာဉ်တစ်စီးဆင်းသက်စဉ် မီးလောင်ပေါက်ကွဲခဲ့သည်။

NOM
👍16😱6
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်တွင် ပြင်းထန်သောငလျင်ကြီးလှုပ်

ယနေ့နံနက်ဒေသစံတော်ချိန်နံနက် ၇း၄၀ နာရီတွင် ဖိလစ်ပိုင်န်ုင်ငံမင်ဒါနာအိုကျွန်းကိုဗဟိုပြုပြီးပြင်းအား ၈.၂ မဂ္ဂနီကျုရှိ ငလျင်ကြီးလှုပ်ခတ်သဖြင့် အဆောက်အဦးများပြိုကျပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့်ဂျပန်တွင် ဆူနာမီသတိပေးချက်များထုတ်ပြန်ထားသည်။

NOM
😱28👍11😢54
တန့်ယန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံး
NOM၊ဇွန်၈၊၂၀၂၆
ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်ရပ်ကွက်(၆)အုပ်စု (၅) တွင်ယနေ့(ဇွန်၈ရက်)နံနက် ၇နာရီ ၃၀မိနစ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီးအမျိုးသမီးတစ်ဦးသေဆုံးခဲ့သည့်ဟုတန့်ယန်း အရန်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ရပ်ကွက်(၆)၊ အုပ်စု(၅)ရှိ နေအိမ်အနီးတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွါးခဲ့ရာနေအိမ်၏ ဝဲဘက်အခန်းပေါ်သို့ မြေထိန်းနံရံပြိုကျပြီး အိပ်ခန်းအတွင်းအိပ်ပျော်နေသည့် အသက်၄၉နှစ်အရွယ်အမျိုးသမီးပေါ်သို့ပိမီပြီးနေရာတွင်သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူအမျိုးသမီးအား တန့်ယန်းအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
👍9😢62