News Of Myanmar
12.6K subscribers
24.8K photos
3.4K videos
3 files
6.61K links
Download Telegram
မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသို့ပြန်ပို့မည့်သူများ၏ မိသားစုများထံ မသမာသူတို့က ဆက်သွယ်ပြီး ငွေကြေးလိမ်လည်လျက်ရှိ။
👍10😡9
လောင်းလုံးမြို့နယ်၊ ကမြောကြီး ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ

NOM ဇွန် ၅၊ ၂၀၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဇွန်လ ၄ ရက်နေ့ ည ၆ နာရီခွဲအချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ လောင်းလုံးမြို့နယ်၊ ပဉ္စသီမော်ကျေးရွာနေ ဒေါ်သက်သက်စန်း (၅၇) နှစ်သည် ၎င်း၏သမီးဖြစ်သူ မနွေလှိုင်းဧကရီဦး (၂၈) နှစ်နှင့်အတူ ထားဝယ်မြို့မှ လောင်းလုံးမြို့သို့ ထားဝယ်-လောင်းလုံးကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် လောင်းလုံးမြို့နယ်၊ ကမြောကြီး ကျေးရွာအနီးအရောက် ၎င်းတို့အနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
👍9😡51
ဆင်ပေါင်ဝဲမြို့နယ်၊ ထိန်အင်းကျေးရွာနေအပြစ်မဲ့အရပ်သားပြည်သူလေးဦးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ်

NOM ဇွန် ၅၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ထိန်အင်းကျေးရွာနေသူများဖြစ်ကြသည့် ဦးကျော်အောင်၊ ဦးကြည်အောင်၊ ဦးငကြူးနှင့် ဦးမြင့်သိန်းတို့လေးဦးသည် ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ ၎င်းတို့၏နေအိမ်တွင် ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးရောက်ရှိလာပြီး ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ ဒေသအခေါ် ကရင်တောင်ပေါ်သို့ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတို့လေးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
😢7😡51
ကျိုက်ထိုမြို့နယ်တွင် ထမင်းနှင့်
လ္ဘက်ရည်ဆိုင်တစ်ဆိုင်တွင်ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်သတ်

NOM ဇွန် ၅၊ ၂၀၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်နေ ဦးကျော်စွာ (၄၅) နှစ်သည် ဇွန်လ ၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်၌ အဆိုပါကျေးရွာရှိ "ရွှေချိုးဖြူ" ထမင်းနှင့် လ္ဘက်ရည်ဆိုင်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးကျော်စွာတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
😡92
သဲကုန်းမြို့နယ်၊ လင်းလဲကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟု စွပ်စွဲသတ်ဖြတ်

NOM ဇွန် ၅၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ လင်းလဲကျေးရွာနေ ဦးခင်ဝင်း (၆၇) နှစ်သည် ဇွန်လ ၄ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခုနစ်ဦးရောက်ရှိ လာပြီး ဒလန် ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးခင်ဝင်းတွင် ဦးခေါင်းကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
😡10😨1
ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်

ဇွန် ၅၊ ၂၀၂၆
👍134❤‍🔥3
နိုင်ငံတော်အတွက် အကျိုးရလဒ်များစွာ ရရှိစေခဲ့သည့် သမ္မတကြီး၏ အိန္ဒိယခရီးစဉ်တစ်လျှောက် ဆောင်ရွက်ချက်များ။
7👍4❤‍🔥2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်အမှာစကားပြောကြား

၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆုရရှိကြသူများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
6👍6❤‍🔥2
ပုလောမြို့နယ်၊ မှော်မိကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ဟင်းသီးဟင်းရွက်ခူးနေသည့် အပြစ်မဲ့သားအမိနှစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရ

NOM ဇွန် ၅၊ ၂၀၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီအချိန်၌ ပုလောမြို့နယ်၊ မှော်မိကျေးရွာနေ မခိုင်ဇင်နွယ် (၃၈) နှစ်သည် ၎င်း၏သားဖြစ်သူ မောင်စွမ်းထက်အောင် (၁၂) နှစ်နှင့်အတူ ကျေးရွာအနီးရှိ တောအတွင်းသို့ ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်စဉ် အဆိုပါတောအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
👍4😢3😡3🔥1