News Of Myanmar
12.6K subscribers
24.8K photos
3.4K videos
3 files
6.61K links
Download Telegram
ကုန်းဘောင် ဗိုလ်ချုပ်နဲ့ ဦးကျော်မိုးထွန်း
----
ကုန်းဘောင်မင်းဆက်ရုပ်ရှင်ရိုက်မယ်ဆိုတာသူ့ပိုက်ဆံနဲ့သူအရင်းစိုက်ရိုက်မှာ..
ဖြစ်တာ/မဖြစ်တာ အောင်မြင်တာ/မအောင်မြင်တာသူ့ကိစ္စ..
---
လူထုအလှူငွေသိန်းသောင်းချီရင်းပြီးရိုက်ဘို့စီစဉ်ခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကိစ္စကတော့မေးရမဲ့ကိစ္စဘဲ..
မှတ်မှတ်ရရ ကိုဇာဂနာတင်ပြတဲ့အမြည်း(၁၅ မိနစ်စာလောက်ရှိမယ်ထင်တယ်)ဘဲမြင်ဘူးလိုက်တယ်..
ဗိုလ်ချုပ် သမ္မ္ဗာန်ကြီးစီးပြီးဂျပန်တော်လှန်ရေးအတွက်စစ်ထွက်တော့ဒေါ်ခင်ကြည်ကနှုတ်ဆက်တဲ့အခန်း ..
သမ္ဗာန်ကြီး အိပက်အိပက်နဲ့ထွက်သွားတာကိုမျက်စိတဆုံးရိုက်ပြထားတာ..
အဲဒါနဲ့ဘဲ ပျောက်သွားရော..
---
ဗိုလ်ချုပ်ရုပ်ရှင်အတွက်နောက်ဆုံးတာဝန်ယူခဲ့သူကတော့ လူမင်း..
သူလဲ ၂၀၂၁ နောက်ပိုင်းနီလိုက်စိမ်းလိုက်နဲ့ရောယောင်ပြီး"အမေ့ခံလှိုင်းစီး"နေတာ..
---
ဗိုလ်ချုပ်ရုပ်ရှင်နဲ့အယင်ပါတ်သက်ခဲ့ဘူးတဲ့ မင်းထင်ကိုကိုကြီးတော့ဆုံးသွားပြီ..
ကိုဇာဂနာကလဲသူနဲ့မဆိုင်တော့ဘူးလို့ပြောမှာသေချာတယ်..
လူမင်းကိုဘဲရှင်းဘို့ပြောရတော့မှာပေါ့..
ပြည်သူ့အလှူငွေတွေနည်းတာမှမဟုတ်တာ..
ဘယ်သူတွေဘုန်းထားလဲတိတိကျကျသိဘို့လိုတယ်..
---
ပြည်သူ့ငွေဆိုလို့ သတိရသွားတာနောက်တခုရှိသေးတယ်..
ကုလသမဂ္ဂမြန်မာသံရုံးကစာရင်းပျောက်နေတဲ့ ဒေါ်လာ ၂.၆ သန်းကိစ္စ..
ဦးကျော်မိုးထွန်းအခုထိထွက်မရှင်းသေးဘူးနော်..
"အမေ့ခံနေကြတာ.."😎
သန်းလွင်ထွန်း
၅ ဇွန်လ ၂၀၂၆
👍284
ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေချီးမြှင့်
 
ဇွန် ၄၊ ၂၀၂၆
 
ရှေးဟောင်းဝတ္ထု ပစ္စည်းများလာရောက်အပ်နှံခြင်းအတွက် ဂုဏ်ပြုအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားပြတိုက်(နေပြည်တော်)၌ကျင်းပရာ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအေးထွန်းနှင့် ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ရှေးဟောင်းဝတ္ထု ပစ္စည်းအပ်နှံသူများ တက်ရောက်ကြသည်။
 
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး မကွေးတိုင်းဒေသကြီးအောင်လံမြို့နယ် မိုးဖုံးအုပ်စုဗဟန်းကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးဝရဉာဏအား ကုန်းဘောင်ခေတ်သတ္တုစပ်ပြား ၃၂၈ ပြားကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးတွက်ချက်မှုအရ ကြေး ၂၅ ပိဿာအတွက် ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃၇၅၀၀၀၀၊ ခေတ်ကာလဆုကြေးအဖြစ် ကာလတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၈၇၅၀၀၀ စုစုပေါင်း ဆုကြေးငွေကျပ် ၅၆၂၅၀၀၀ နှင့် ဂုဏ်ပြုမှတ်တမ်း လွှာကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၅၈ လမ်း၊ ၁၂၅ x ၁၂၆ လမ်းကြား(စ)ဈေးနေ ဦးဝင်းကိုကို မောင်အားပျူခေတ်ငွေဒင်္ဂါး ၃၃၃ ပြားကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးတွက်ချက်မှုအရ ငွေဒင်္ဂါး ၃၃၃ ပြား၏ အလေးချိန်အရ ကာလတန်ဖိုးငွေကျပ် ၁၅၆၅၅၆၄၀၊ ခေတ် ကာလဆုကြေးအဖြစ် ကာလတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၂၅၂၄၅၁၂၊ ခေတ်လက်ရာ ဆုကြေးအဖြစ် ကာလတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၂၅၂၄၅၁၂၊ ရှားပါးလက်ရာ ထပ်ဆောင်း ဆုကြေးအဖြစ် ကာလတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၇၈၂၇၈၂၀ စုစုပေါင်း ဆုကြေး ငွေကျပ် ၄၈၅၃၂၄၈၄ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်းပေးအပ်ချီးမြှင့်သည်။
 
ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ရွှေ ၃၁၄၄၊ ငွေ ၈၅၃၊ ကြေး ၉၄၉၊ အခြား ၂၈၆၆၉ စုစုပေါင်း ၃၃၆၁၅ ခုကို ဆုကြေးချီးမြှင့်ငွေကျပ် ၅၉၈၆၇၉၀၇၂ ကို ရှေးဟောင်း ဝတ္ထုပစ္စည်းအပ်နှံသူ ၄၅၉ ဦး ထံသို့ ဆုကြေးများပေးအပ်ချီးမြှင့် ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
👍15
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်သမ္မတ ရှီကျင့်ဖျင် ဇွန်လ - ရက်နေ့တွင် ပြုံယမ်း (မြောက်ကိုရီးယား) သို့ သွားရောက်မည်ဆင်ဟွာသတင်းဌာန

ရှားရှားပါးပါး မြောက်ကိုရီးယားခရီးစဉ်ဖြစ်ကြောင်း ပေကျင်းက ကြေညာ

NOM
👍153
This media is not supported in your browser
VIEW IN TELEGRAM
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့က ဆင်နွှဲနေသော စစ်ဆင်ရေးများအတွင်း "အဝတ်လျှော်ခန်း မီးလောင်မှု" ဖြစ်ပွားပြီးနောက် ပြင်းထန်စွာ ပျက်စီးသွားသည့် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် နည်းပညာအမြင့်ဆုံး အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ။

NOM
👍13💔21
ကြည့်မြင်တိုင်မြို့နယ်နှင့်ကမာရွတ်မြို့နယ်အတွင်းရှိ Condo basement ကားပါကင်များတွင် ရေဝင်ရောက်မှုဖြစ်ပွား

NOM ဇွန် ၅၊ ၂၀၂၆

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်အတွင်းရှိ Condo basement ကားပါကင်များတွင် ယနေ့(ဇွန် ၅ ရက်) နံနက်ပိုင်းက မိုးသည်ထန်စွာရွာသွန်ပြီး ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များက ရေစုပ်ရန် သွားရောက် ကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ကြည့်မြင်တိုင်မြို့နယ် ဆေးရိုးတန်းနှင့် ငြိမ်းချမ်းရေးရပ်ကွက်၊ ကမ်းနားလမ်းနှင့် ပျဉ်းမပင်လမ်းထောင့်ရှိ Yangon River View Condo basement ကားပါကင်တွင် ယနေ့နံနက် ၆ နာရီ ၂၂ မိနစ်ခန့်က ရေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေစုပ်ရန်သွားရောက် ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အလာတူ ကမာရွတ်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်
နောင်လမ်း၊ ဘုရင့်နောင်ကွန်ဒို၊ basement ကားပါကင်တွင်
ယနေ့နံနက် ၇ နာရီ ၄၀ မိနစ်ခန့်က ရေ (၁၁) လက်မခန့် ဝင်ရောက်နေကြောင်းသတင်းရရှိသဖြင့် ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေစုပ်ရန် သွားရောက် ကူညီဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

NOM
👍71🔥1😡1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ကအမေရိကန်ဖျက်သင်္ဘောကိုတိုက်ခိုက်
NOM
အီရန်ရေတပ်သည် အိုမန်ပင်လယ်အတွင်း အီရန်ရေပိုင်နက်သို့ ချဉ်းကပ်လာသော အမေရိကန် ဖျက်သင်္ဘောပေါ်ရှိ အမေရိကန်စစ်တပ်၏ "ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုစင်တာ" တစ်ခုကို လွန်ခဲ့သော နာရီအနည်းငယ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု Fars သတင်းဌာနက ဖော်ပြသည်။
👍192💔1
Media is too big
VIEW IN TELEGRAM
မိုးရာသီမှာ လျှပ်စစ်မီးလုံလောက်စွာရရှိဖို့ ဘယ်လိုစီမံဆောက်ရွက်ထားလဲ?

✳️ ဓာတ်အားလိုင်းတစ်လျှောက် လိုအပ်သည့် ရှင်းလင်းမှုများပြုလုပ်ရတယ်

✳️ ဓာတ်အား ခွဲရုံတွေ ကြံ့ခိုင်ရေးပြုလုပ်တယ်

✳️ စက်ရုံတွေ ကြံ့ခိုင်ရေးသေချာပြုလုပ်ကြပါ

✳️ ဓာတ်အား လေလွင့်မှုမရှိအောင် မလိုရင် မီးပိတ်ထားကြပါ

✳️ ဓာတ်အား ကို မသမာမှုနဲ့ သုံးစွဲမှုများကို ပြည်သူများက အသိပေးပါ...
👍18❤‍🔥2
This media is not supported in your browser
VIEW IN TELEGRAM
ရိုမေးနီးယားနိုင်ငံ၊ ကွန်စတန်တာ ဆိပ်ကမ်းတွင် ရေတပ်သုံး ဒရုန်းတစ်စင်း ပေါက်ကွဲမှုဖြစ်ပွား

ရိုမေးနီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အဆိုပါဒရုန်းဟာ 'ယူကရိန်းစစ်ပွဲအတွင်း အသုံးပြုနေတဲ့ ဒရုန်းအမျိုးအစား' ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း သိရပါတယ်။

လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သတင်းရရှိထားပြီး သက်ဆိုင်ရာအာဏာပိုင်များက အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြပါတယ်။

NOM
👍15😡1
ဂိုးမန်းဆက်ခ်စ် Goldman Sachs ရဲ့ စီအီးအို CEO က AI ကုမ္ပဏီတွေရဲ့ ကနဦးအများပြည်သူထံ ရှယ်ယာထုတ်ရောင်းခြင်း (IPOs) ကို မြှင့်တင်ပေးနေစဉ်မှာပဲ အနုပညာရှင်တွေကို 'ထုတ်လုပ်မှု အင်အားစုတွေကို သိမ်းပိုက်ကြ' လို့ ပြောကြားလိုက်ပါတယ်။

DJ အဖြစ်လည်း အချိန်ပိုင်းအလုပ် လုပ်ကိုင်တတ်တဲ့ ဘဏ်လုပ်ငန်းရှင် ဒေးဗစ် ဆော်လမွန် David Solomon က ဝေါ်တန် Wharton တက္ကသိုလ် ဘွဲ့ရမောင်မယ်တွေကို ပြောကြားရာမှာတော့ AI အက်ပလီကေးရှင်းတွေဟာ အနုပညာရှင်တွေရဲ့ လက်ရာတွေကို တန်ဖိုးတစ်စုံတစ်ရာ ပေးလျော်ခြင်းမရှိဘဲ အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း သူဦးဆောင်တဲ့ ဘဏ်ဟာ SpaceX နဲ့ AI ကုမ္ပဏီတစ်ခုဖြစ်တဲ့ အန်သရော့ပစ်ခ် Anthropic တို့ရဲ့ IPO ရှယ်ယာထုတ်ရောင်းမှုတွေကို ဦးဆောင်လုပ်ကိုင်ပေးနေပါတယ်။

ပုံ- ကမ္ဘာ့အကြီးဆုံးအရင်းရှင်စီးပွားရေးဘဏ်ကြီးရဲ့ အကြီးအကဲတစ်ယောက်က ကွန်မြူနစ်ဝါဒရဲ့ အဓိကဆောင်ပုဒ်တစ်ခုဖြစ်တဲ့ "ထုတ်လုပ်မှု အင်အားစုတွေကို သိမ်းပိုက်ကြ" ဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တာကြောင့် သူ့ကို ကွန်မြူနစ်ခေါင်းဆောင်တစ်ဦးလို လှောင်ပြောင် ပုံဖော်ထားတဲ့ပုံဖြစ်ပါတယ်။

NOM
👍19
မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသားဖြစ်ကြောင််းစိစစ်ပြီးသူ ၁၁၂ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်
👍153❤‍🔥1
မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသို့ပြန်ပို့မည့်သူများ၏ မိသားစုများထံ မသမာသူတို့က ဆက်သွယ်ပြီး ငွေကြေးလိမ်လည်လျက်ရှိ။
👍10😡9
လောင်းလုံးမြို့နယ်၊ ကမြောကြီး ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ

NOM ဇွန် ၅၊ ၂၀၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဇွန်လ ၄ ရက်နေ့ ည ၆ နာရီခွဲအချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ လောင်းလုံးမြို့နယ်၊ ပဉ္စသီမော်ကျေးရွာနေ ဒေါ်သက်သက်စန်း (၅၇) နှစ်သည် ၎င်း၏သမီးဖြစ်သူ မနွေလှိုင်းဧကရီဦး (၂၈) နှစ်နှင့်အတူ ထားဝယ်မြို့မှ လောင်းလုံးမြို့သို့ ထားဝယ်-လောင်းလုံးကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် လောင်းလုံးမြို့နယ်၊ ကမြောကြီး ကျေးရွာအနီးအရောက် ၎င်းတို့အနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
👍9😡51