News Of Myanmar
12.6K subscribers
24.8K photos
3.38K videos
3 files
6.61K links
Download Telegram
PDF အကြမ်းဖက်သမားများက Drop Bomb ချ တိုက်ခိုက်မှုကြောင့် အေးချမ်းစွာပညာသင်ကြားလျက်ရှိသည့် ကျောင်းသားတစ်ဦး ဗုံးသီးစ ထိမှန်ဒဏ်ရာများရရှိ

ဇွန် ၄၊ ၂၀၂၆
😡9👍1
မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သော ကုန်ပစ္စည်းများတင်ဆောင်၍ ဒုတိယအကြိမ် သွားရောက်ပို့ဆောင်သည့်  မော်တော်ယာဉ်များ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိ

ဇွန် ၄၊ ၂၀၂၆
👍95❤‍🔥1
မြဝတီ အမှတ် (၂) တံတားမှတစ်ဆင့် တင်သွင်းရန် ထိုင်းဘတ်ငွေ ၆၂၀ သန်းကျော် တန်ဖိုးရှိ သွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးခဲ့

NOM ဇွန် ၄၊ ၂၀၂၆

ကုန်သွယ်မှုပြန်လည်ပြုလုပ်ရန်မေလ ၂၈ ရက်က ပြန်လည်ခွင့်ပြုလိုက်သည့် မြဝတီ အမှတ် (၂) တံတားမှတစ်ဆင့် တင်သွင်းရန် ထိုင်းဘတ်ငွေ ၆၂၀ သန်းကျော် တန်ဖိုးရှိ သွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးခဲ့ပြီးဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ တင်သွင်းခွင့်ပြုထားသည့် ကုန်စည်းများတွင် လူသုံးကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းများနှင့် အခြေခံစားသောက်ကုန်များ ပါဝင် သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြန်လည်ဖွင့်လှစ်လိုက်သည့် မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် မြန်မာနိုင်ငံဘက်မှ မွေးမြူရေးပြောင်း (တိရစ္ဆာန်စာပြောင်း) နှင့် ကြက်သွန်နီတို့ကို ထိုင်းနိုင်ငံဘက်သို့ တင်ပိုလျက်ရှိသည်ဟု ထုတ်ပြန်ချက်အရသိရှိရသည်။

မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတား ကုန်သွယ်ရေးဂိတ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှ စတင်၍ ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ကုန်စည်ပို့ဆောင် မှုများအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

NOM
👍14❤‍🔥11
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
👍91
ဒုတိယဝန်ကြီး ဦးအေးထွန်း ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အရိပ်မထွက်ဘုရားနှင့် ဘုရားနီဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု ကွင်းဆင်းကြည့်ရှု
 
ဇွန် ၃၊ ၂၀၂၆
 
ကိုယ့်အားကိုယ်ကိုး အေးသာယာကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့ အမှတ် (၇) ရပ်ကွက်ရှိ အဆိုပါလမ်း၌ကျင်းပရာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
 
အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြား၍ လမ်းအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အရိပ်မထွက်ဘုရားနှင့် ဘုရားနီဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
 
ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်များပါ ကာကွယ်နိုင်ရန် ထည့်သွင်းစဉ်းစားတွက်ချက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ရေးဆွဲထားသည့် ရှေးဟောင်းအဆောက်အအုံများ၊ ဘုရား၊ စေတီများနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရ မည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုပြင်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
👍102
Media is too big
VIEW IN TELEGRAM
ယူကရိန်းရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တက္ကသိုလ် ကျောင်းသူ/ ကျောင်းသား ၂၁ ဦး သေဆုံးခဲ့ရတဲ့ စတာရိုဘဲလ်စ် (Starobelsk) မြို့ကို ဘာကြောင့် သွားရောက်ခြင်း မရှိတာလဲလို့ BBC သတင်းထောက် စတိဗ် ရိုစင်ဘာ့ဂ် (Steve Rosenberg) ကို မေးမြန်းခဲ့ရာ သူ့ရဲ့ အဖြေကတော့ "အဲဒီနေရာက မလုံခြုံဘူးလို့ ကျွန်တော်တို့ကို ပြောထားလို့ပါ" တဲ့။ ဒါပေမဲ့ အခြားသော နိုင်ငံခြားသတင်းထောက် အားလုံးကတော့ အဲဒီနေရာကို သွားရောက်ခဲ့ကြပါတယ်။

NOM
👍132
This media is not supported in your browser
VIEW IN TELEGRAM
ဖရန့်ဖတ် (Frankfurt) လေဆိပ် ဂိတ်အတွင်း ဆိုက်ကပ်ထားစဉ် လူဖသန်ဆာ (Lufthansa) လေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၈၇ (Boeing 787) လေယာဉ်၏ ရှေ့ဘီး ကျိုးကျသွားမှု ဖြစ်ပွားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။

NOM
👍143
ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားနှုန်း စံချိန်တင် ကျဆင်းသွားမှုအပေါ် ဝန်ကြီးချုပ် တာကာအီချီ က 'အသံတိတ် အရေးပေါ်အခြေအနေ' ဟု တင်စားခေါ်ဆို

ဂျပန်အမျိုးသမီးတစ်ဦး၏ ပျမ်းမျှကလေးမွေးဖွားနှုန်းသည် .၁၄ ဦးအထိ ကျဆင်းသွားခဲ့ပြီး ယင်းမှာ ၁၉၄၇ ခုနှစ်တွင် စာရင်းဇယားများ စတင်ကောက်ယူခဲ့ပြီးနောက်ပိုင်း အနိမ့်ဆုံး စံချိန်သစ်တစ်ခု ဖြစ်လာခဲ့သည်။

ယခုဖြစ်စဉ်သည် ဂျပန်နိုင်ငံတွင် မွေးဖွားနှုန်းထက် သေဆုံးနှုန်းက ပိုမိုများပြားနေသည့် သဘာဝအလျောက် လူဦးရေကျဆင်းမှု ၁၉ နှစ်ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

NOM
👍117
"အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ကျွန်ုပ်ရဲ့ နောက်ဆုံးအဆင့် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတဲ့ အလယ်တည့်တည့်မှာပဲ... အောက်လွှတ်တော်က ကျွန်ုပ်ရဲ့ 'စစ်ပွဲဆင်နွှဲခွင့် အာဏာ (War Powers)' ကို ကန့်သတ်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြတယ်။"

"ဒီမိုကရက်တွေဟာ 'ထရန့်အပေါ် ရူးသွပ်မုန်းတီးတဲ့ စိတ်ရောဂါ' ကြောင့် တွန်းအားဖြစ်နေကြတာ။ သူတို့ဟာ ကျွန်ုပ်ကို နောက်ထပ် အောင်ပွဲတစ်ခု (ရှိပြီးသား အောင်ပွဲအများကြီးထဲက တစ်ခု) ထပ်ပေးရမယ့်အစား ကျွန်ုပ်တို့နိုင်ငံကြီး ပျက်စီးသွားတာကိုပဲ ပိုပြီး မြင်ချင်ကြလိမ့်မယ်။" - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်
👍73💔1😨1
ရန်ကုန်တွင် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို Viber မှတစ်ဆင့် တိုင်ကြားနိုင်
NOM၊ဇွန်၄၊၂၀၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သည့် ယာဉ်များကို ပြည်သူများအနေဖြင့် Viber မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးထုတ်ပြန်ချက်မှသိရသည်။
တိုင်ကြားလိုသူများအနေဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်) ၏ Online Complaint Centre (OCC) သို့ Viber ဖုန်းနံပါတ် ၀၉-၇၇၇၄၃၆၂၃၂ မှတစ်ဆင့် ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။
တိုင်ကြားရာတွင် ဖြစ်ပွားသည့် နေ့ရက်၊ အချိန်၊ နေရာ၊ ယာဉ်နံပါတ်နှင့် ပြစ်မှုထင်ရှားစေမည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုမှတ်တမ်းများကို ပူးတွဲပေးပို့ရန် လိုအပ်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
Viber မှတစ်ဆင့် တိုင်ကြားလာသည့် အမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
👍94❤‍🔥1
အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံတစ်ဝှမ်း ဝင်ရောက်ပြီးဖြစ်၊ ရန်ကုန်-ဧရာဝတီ-တနင်္သာရီတွင် နေရာကွက်၍ မိုးကြီးနိုင်
NOM၊ဇွန်၄၊၂၀၂၆
အနောက်တောင်မုတ်သုန်လေသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်ပြီးဖြစ်ကာ ဇွန် ၅ ရက် နံနက်ပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၄ ရက်တွင် ထုတ်ပြန်သည်။
မိုးလေဝသခန့်မှန်းချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးထားသည်။
အလားတူ မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း သိရသည်။
မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ ၃၀ မိုင်နှုန်းအထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၇ ပေမှ ၉ ပေခန့်အထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
👍179
အားကစားနှင့် ကာယပညာသိပ္ပ္ပံ (ရန်ကုန်)၂၀၂၆-၂၇ ပညာသင်နှစ် သင်တန်းဖွင့်ပွဲကျင်းပ

NOM ဇွန် ၅၊ ၂၀၂၆

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၂၀၂၆-၂၇ ပညာသင်နှစ်အားကစားနှင့် ပညာရေးပေါင်းစပ်လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲကိုဇွန်လ ၅ ရက်နံနက်က အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

ထို့နောက်အလှူရှင်များက အလှူငွေကျပ် ၁၂၀၄ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ပြီး လက်ရှိတွင်သင်တန်း ၁၅ မျိုးဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

NOM
👍8❤‍🔥1
အီရန်နိုင်ငံသားများအား ရက်ပေါင်း ၄၀ ကျော် အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်ပြီးနောက် အမေရိကန်သမ္မတ ထရမ့်က -

‘အီရန်နိုင်ငံရဲ့ ခေါင်းဆောင်သစ် [မိုဂျာတာဘာ ခါမေနီ] ဟာ လူကောင်းတစ်ယောက်ပါ။ တချို့က သူ့ကို လူဆိုးလို့ ပြောကြပေမဲ့ လူတွေက ကျွန်တော့်အကြောင်းကိုလည်း မကောင်းပြောကြတာပါပဲ။

အယာတိုလာ (အီရန်ဘာသာရေးခေါင်းဆောင်သစ် မိုဂျာတာဘာ ခါမေနီ) နဲ့ တွေ့ဆုံခွင့်ရမယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဂုဏ်ယူမိမှာပါ။

ကျွန်တော်ဟာ သူအနှစ်သက်ဆုံးလူတော့ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါပေမဲ့ သူဟာ လုပ်ငန်းကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ပြီး အင်မတန် အလေးထားခံရသူတစ်ဦးလို့ ကျွန်တော် ထင်ပါတယ်။’

NOM
👍172😱1😡1
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) သင်တန်းတွင် တက်ရောက်လျက်ရှိသည့် နိုင်ငံ့သားကောင်းများအား သွားရောက်တွေ့ဆုံ အားပေး

ဇွန် ၅၊ ၂၀၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) သင်တန်းမှ နိုင်ငံ့သားကောင်း သင်တန်းသားများအား ယမန်နေ့နံနက်ပိုင်းတွင်  ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန် နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။
👍14
မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများအစည်းအဝေး ကျင်းပ
 
ဇွန် ၄၊ ၂၀၂၆
 
၄ -၆-၂၀၂၆ ရက်နေ့တွင် မြန်မာနိုင်ငံနှင့်ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများ အစည်းအဝေးကို ကျင်းပရာ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်၊ မေခရို(အကြီးစား) စီးပွားရေးနှင့်ပေါင်းစည်းရေးဝန်ကြီး Mr. Danilar Imanaliev တို့က ဦးဆောင်၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကျင်းပရေး၊ အာဆီယံမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
 
အစည်းအဝေးသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဥရောပအာရှ စီးပွားရေးကော်မရှင်၊ မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး Mr. Danilar Imanaliev၊ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
👍123❤‍🔥1