နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ မှ နေပြည်တော်မြို့သိုပြန်လည်ထွက်ခွာ
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက်က မွမ်ဘိုင်းမြို့မှ နေပြည်တော်သို အထူးလေယာဥ်ဖြင့်ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် နေပြည်တော်မြို့သို့ပြန်လည်ထွက်ခွာရန် Chhatrapati Shivaji Maharaj International Airport သိုရောက်ရှိလာရာ လေဆိပ်၌ လုပ်ငန်းဆောင်ရွက်နေမှုများကို လေဆိပ်တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
ထိုနောက် နေပြည်တော်သို အထူးလေယာဥ်ဖြင့် ပြန်လည်ထွက်ခွာရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကော်လ်ကတ္တားမြို၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများကပိုဆောင်နှုတ် ဆက်ခဲ့ကြသည်။

👍11❤3❤🔥1
International Roller Skating Championships 2026 ပြိုင်ပွဲတွင် မြန်မာအသင်းရွှေသုံးခု၊ ကြေးတံဆိပ်တစ်ခုဆွတ်ခူး
NOM ဇွန် ၃၊ ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၌ မေလ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပသော Jarkata International Roller Skating Championships 2026, Indonesia ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု စကိတ်အားကစားအသင်းရွှေသုံးခု၊ ကြေးတစ်ခုဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲတွင်မီတာ ၅၀၀ တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတစ်ခုစီ၊ မီတာ ၁၀၀၀၀ relay (လက်ဆင့်ကမ်း) အသင်းလိုက်ကစားရသော event မှ ရရှိခဲ့သည့် event အား ခြေစစ်အဆင့်တွင် ကာဇက်စတန်၊ အိန္ဒိယ၊ စင်္ကာပူ၊ အင်ဒိုနီးရှားအသင်းများနှင့်လည်းကောင်း၊ ဖိုင်နယ်တွင် ကာဇက်နှင့် အိန္ဒိယအသင်းများနှင့်ယှဉ်ပြိုင်ခဲ့ရပြီး တတိယ ကြေးတံဆိပ်ဆုရရှိခဲ့သည်။
ယင်းပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံ၊ ကိုရီးယား၊ တရုတ် (တိုင်ပေ)၊ မွန်ဂိုလီယား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကာဇက်စတန်နိုင်ငံတို့ပါ၀င်ပြီး အားကစားသမား တစ်ထောင်ကျာ် ၀င်ရောက်ယှဥ်ပြိုင်ကြပြီး နိုင်ငံအလိုက်အဆင့် ၆ ရရှိခဲ့ကြောင်းသိရသည်။
NOM

👍15❤4❤🔥1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်၏ လက်တုံ့ပြန် တိုက်ခိုက်မှုအပြီး ကူဝိတ် နိုင်ငံတကာလေဆိပ်။
NOM
NOM
👍18❤1👎1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်လေဆိပ်သိုပြန်လည်ရောက်ရှိလာ
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဥ်သွားရောက်၍ အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တိုနှင့်တွေ့ဆုံပြီး နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက်ညပိုင်းတွင် နေပြည်တော်လေဆိပ်သိုပြန် လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နေပြည်တော်လေဆိပ်သိုရောက်ရှိလာသော နိုင်ငံတော်သမ္မတအား အစိုးရအဖွဲတာဝန်ရှိသူများ၊ ရန်ကုန်မြိုအခြေစိုက်အိန္ဒိယသံရုံး၏ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို မှ မြန်မာနိုင်ငံသို အထူးလေယာဥ်ဖြင့်ပြန်လည်ထွက်ခွာချိန်တွင်လည်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကော်လ်ကတ္တားမြို၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများကပိုဆောင်နှုတ် ဆက်ခဲ့ကြကြောင်း သိရသည်။

👍16❤🔥2❤1
မြောက်ဥက္ကလာပဆေးရုံကြီးတွင်အကျင့်ပျက်ဝန်ထမ်းများနှင့် နာရေးပွဲစားများကိုပြတ်ပြတ်သားသား အရေးယူမည်
NOM၊ဇွန်၃၊၂၀၂၆
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် အကျင့်ပျက်ဝန်ထမ်းနှင့် နာရေးပွဲစားများကို ပူးပေါင်းဖော်ထုတ်ကာ ပြတ်ပြတ်သားသား အရေးယူမည်ဟု ယနေ့ (ဇွန် ၃ ) ရက် နေ့၌ ပြုလုပ်သည့်မြောက်ဥက္ကလာပဆေးရုံကြီးမှ တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းများအကြား ဆွေးနွေးပွဲတွင် ပြောကြားခြင်း ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံဝန်ထမ်းအချို့၏ ငွေညှစ်နှောင့်ယှက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ယက်တွင် ဝေဖန်မှုမြင့်တက်ခဲ့သည်။
ထိုဖြစ်စဉ်သည် မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံတွင် ပလုံကောက်သည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ထုတ်ယူရန် ကြိုးပမ်းစဉ် ဝန်ထမ်းအချို့က ငွေကြေးတောင်းခံကာ လူမှုကွန်ယက်တွင် ဝေဖန်ခံရသည့် ဖြစ်စဉ် ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ယင်း ပြဿနာကို အပြုသဘောဖြင့် အမြန်ဆုံး ညှိနှိုင်းဖြေရှင်းရန်အတွက် ဆေးရုံတာဝန်ရှိသူများကလည်း ဆောင်ရွက်နေပြီး နောင်တွင် ပြည်သူများအပေါ် ယင်းကဲ့သို့ ခါးသီးသော ဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်စေရန် ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်သွားကြရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။
"အစည်းအဝေး၌ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ နာရေးကိစ္စဖြစ်စဉ် (ရင်ခွဲရုံဝန်ထမ်းများ၏နှောင့်ယှက်ငွေညှစ်မှု) များနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက် ပွင့်လင်းမြင်သာစွာ အပြုသဘောဆောင် တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ် နောက် နောင်တွင် ပြည်သူများအပေါ်ဒီလို ခါးသီးတဲ့ ကိစ္စရပ်မျိုး ထပ်မံ မဖြစ်ပွားစေရန်အတွက် နှစ်ဦးနှစ်ဖက် ဝိုင်းဝန်းထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြပြီး၊ အကယ်၍ အလားတူပြဿနာမျိုး ထပ်မံပေါ်ပေါက်လာပါကအမြန်ဆုံး ချိတ်ဆက်ညှိနှိုင်း အရေးယူဆောင်ရွက်ကြမည်ကို စနစ်တကျ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်"ဟုဝန်းရံမှူး လူမူကူညီကယ်ဆယ်ရေးအသင်းမှဦးထွန်းမြတ်ညွန့်က သူ၏လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။
ထို့ပြင် ယခုယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ပလုံကောက်အမျိုးသမီးအတွက် အစိုးရထံမှ ရပိုင်ခွင့်ရှိသည့် အသက်အာမခံကြေး ကျပ်သိန်း ၃၀ ခန့်အား မိသားစုဝင်များ ရရှိနိုင်စေရေးအတွက်ပါ ဆေးရုံကြီးနှင့် ပရဟိတကွန်ရက်တို့ ပူးပေါင်းဆောင်ရွက်ပေးသွားရန် တိုင်ပင်ခဲ့ကြကြောင်းလည်း သိရသည်။

👍24❤5❤🔥4
မြဝတီမြို့၊ အာရှလမ်းတွင် တွဲကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွား အမျိုးသားတစ်ဦး သေဆုံးပြီးတစ်ဦးဒဏ်ရာရရှိ
NOM ဇွန် ၃၊ ၂၀၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အာရှလမ်းမ၊ ကွင်းကလေးကုန်းအဆင်းတွင်ယမန်နေ့ ဇွန် ၂ ရက်ညနေ ၄ နာရီခွဲ၌ တွဲကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြဝတီခရိုင် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ မြဝတီသို့ကုန်များတင်ဆောင်လာသော
တွဲကားတစ်စီးသည် အာရှလမ်းမ၊ ကွင်းကလေးကုန်းအဆင်း
မိုင်တိုင်အမှတ် ၁၆၁/၄ တွင် ဘရိတ်ပေါက်ပြီး လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းမှာအခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
တွဲကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မြဝတီမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူ အမျိုးသားတစ်ဦးကို Myanmar Rescue လူနာတင် ယာဉ်ဖြင့် မြဝတီပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

👍7😢3