News Of Myanmar
12.6K subscribers
24.8K photos
3.4K videos
3 files
6.61K links
Download Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Gateway of India, Mumbai အား ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံသို ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက မွမ်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သည့် Gateway of India အား သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

ထိုသို့ ကြည့်ရှုလေ့လာရာတွင် တာဝန်ရှိသူများက Gateway of India ၏ သမိုင်းကြောင်း၊ ဗိသုကာလက်ရာဆိုင်ရာ ထူးခြားချက်များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထင်ကရနေရာတစ်ခုအဖြစ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
👍87❤‍🔥1😡1

👍12❤‍🔥2
အီရန်ရဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခြင်းခံခဲ့ရအပြီး ကူဝိတ်နိုင်ငံတကာလေဆိပ်ရဲ့ ပျံ့နှံ့နေတဲ့ မှတ်တမ်း။

NOM
👍12
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ မှ နေပြည်တော်မြို့သိုပြန်လည်ထွက်ခွာ

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက်က မွမ်ဘိုင်းမြို့မှ နေပြည်တော်သို အထူးလေယာဥ်ဖြင့်ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတသည် နေပြည်တော်မြို့သို့ပြန်လည်ထွက်ခွာရန် Chhatrapati Shivaji Maharaj   International Airport သိုရောက်ရှိလာရာ လေဆိပ်၌ လုပ်ငန်းဆောင်ရွက်နေမှုများကို လေဆိပ်တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ထိုနောက် နေပြည်တော်သို အထူးလေယာဥ်ဖြင့် ပြန်လည်ထွက်ခွာရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကော်လ်ကတ္တားမြို၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများကပိုဆောင်နှုတ် ဆက်ခဲ့ကြသည်။
👍113❤‍🔥1
International Roller Skating Championships 2026 ပြိုင်ပွဲတွင် မြန်မာ‌အသင်း‌ရွှေသုံးခု၊ ကြေးတံဆိပ်တစ်ခုဆွတ်ခူး

NOM ဇွန် ၃၊ ၂၀၂၆

အင်ဒိုနီးရှားနိုင်ငံ၌ မေလ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပသော Jarkata International Roller Skating Championships 2026, Indonesia ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု စကိတ်အားကစားအသင်း‌ရွှေသုံးခု၊ ကြေးတစ်ခုဆွတ်ခူးရရှိခဲ့‌ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင်မီတာ ၅၀၀ တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတစ်ခုစီ၊ မီတာ ၁၀၀၀၀ relay (လက်ဆင့်ကမ်း) အသင်းလိုက်ကစားရသော event မှ ရရှိခဲ့သည့် event အား ခြေစစ်အဆင့်တွင် ကာဇက်စတန်၊ အိန္ဒိယ၊ စင်္ကာပူ၊ အင်ဒိုနီးရှားအသင်းများနှင့်လည်းကောင်း၊ ဖိုင်နယ်တွင် ကာဇက်နှင့် အိန္ဒိယအသင်းများနှင့်ယှဉ်ပြိုင်ခဲ့ရပြီး တတိယ ကြေးတံဆိပ်ဆုရရှိခဲ့သည်။

ယင်းပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံ၊ ကိုရီးယား၊ တရုတ် (တိုင်ပေ)၊ မွန်ဂိုလီယား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကာဇက်စတန်နိုင်ငံတို့ပါ၀င်ပြီး အားကစားသမား တစ်‌ထောင်‌ကျာ် ၀င်‌ရောက်ယှဥ်ပြိုင်ကြပြီး နိုင်ငံအလိုက်အဆင့် ၆ ရရှိခဲ့‌ကြောင်းသိရသည်။

NOM
👍154❤‍🔥1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်၏ လက်တုံ့ပြန် တိုက်ခိုက်မှုအပြီး ကူဝိတ် နိုင်ငံတကာလေဆိပ်။

NOM
👍181👎1