News Of Myanmar
12.6K subscribers
24.9K photos
3.4K videos
3 files
6.61K links
Download Telegram
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၃ လုံး အား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး၊ တရားမဝင်အဆောက်အအုံ ၂၇ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်

ဇွန် ၂၊ ၂၀၂၆
👍10❤‍🔥1
ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာနေ အခြေခံပညာအထက်တန်း ကျောင်းခွဲ (ခင်မွန်) မှ ဒုတိယမူလတန်းပြ ဆရာမတစ်ဦးကို PDF အကြမ်းဖက်သမားခုနစ်ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သွား

NOM ဇွန် ၂၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာနေ အခြေခံပညာအထက်တန်းကျောင်းခွဲ (ခင်မွန်) မှ ဒုတိယမူလတန်းပြဆရာမ ဒေါ်ခင်နှင်းဆွေ (၅၀) နှစ် သည် ဇွန်လ ၁ ရက်နေ့ ည ၆ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခုနစ်ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

NOM
👍3😡3
တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဥယျာဉ်ခြံတခုအတွင်း အလုပ်လုပ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

NOM ဇွန် ၂၊ ၂၀၂၆

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံသို့ ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန်က မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မေလ ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်၌ တနင်္သာရီမြို့နယ်၊ ချောင်းလမု ကျေးရွာနေ ဦးလှထွန်း (၄၉) နှစ်သည် အဆိုပါကျေးရွာအနီးရှိ ၎င်းပိုင်ဥယျာဉ်ခြံအတွင်း အလုပ် လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
2👍2😢2😡2
သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူသုံးဦးသေဆုံး

NOM ဇွန် ၂၊ ၂၀၂၆

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာသို့ ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်ရွှေငါး (၆၅) နှစ်၊ ဦးနီထွန်း (၆၀) နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မူ (၆၅) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ အသီးသီးရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
👍4😢3😡21
This media is not supported in your browser
VIEW IN TELEGRAM
ဆီနိတ်တာ (အမတ်) — "ဒီ အီရန် စစ်ပွဲမှာ တို့တွေ ဘယ်လိုနိုင်နေလဲဆိုတာ မင်းပဲ ခဏခဏ ပြောနေတာပဲ။"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို — "ကဲ... အခုတော့ စစ်ပွဲက ပြီးသွားပါပြီ"

ဆီနိတ်တာ (အမတ်) — "စစ်ပွဲက မပြီးသေးဘူး။ တို့တွေ စစ်ပွဲအတွက် တစ်ပတ်ကို ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးစွဲနေရတုန်းပဲ"

NOM
👍223
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် MYANMAR-INDIA BUSINESS DIALOGUE (မြန်မာ-အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲ)သို့ တက်ရောက်အမှာစကားပြောကြား

အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက် နံနက်ပိုင်းက The Taj Palace, Mumbai တွင် ကျင်းပသည့် MYANMAR-INDIA BUSINESS DIALOGUE (မြန်မာ-အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲ) သို တက်ရောက်အမှာစကားပြောကြားပြီး မွမ်ဘိုင်းမြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များကိုတွေ့ဆုံခဲ့သည်။
👍93❤‍🔥1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် MYANMAR-INDIA BUSINESS DIALOGUE (မြန်မာ-အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲ)သို့ တက်ရောက်အမှာစကားပြောကြား

အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက် နံနက်ပိုင်းက The Taj Palace, Mumbai တွင် ကျင်းပသည့် MYANMAR-INDIA BUSINESS DIALOGUE (မြန်မာ-အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲ) သို တက်ရောက်အမှာစကားပြောကြားပြီး မွမ်ဘိုင်းမြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များကိုတွေ့ဆုံခဲ့သည်။
👍12❤‍🔥2