News Of Myanmar
12.6K subscribers
24.9K photos
3.4K videos
3 files
6.61K links
Download Telegram
ယူအေအီးနိုင်ငံ၊ အယ်လ်ဒါဖရာ (Al Dhafra) အခြေစိုက်စခန်းကို အီရန်က ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ

NOM
👍162👎1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

ဇွန် ၂၊ ၂၀၂၆
👍13❤‍🔥1
မကွေးမြို့မှ မကြီးကုန်းကျေးရွာသို့သွားသည့် မကွေးမြို့နယ်လျှပ်စစ်ရုံးမန်နေဂျာကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

NOM ဇွန် ၂၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးမှ မန်နေဂျာဖြစ်သူ ဦးအောင်ကျော်ကျော် (၅၂) နှစ်သည် ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်၌ ၎င်းပိုင်မော်တော်ယာဉ်ဖြင့် မကွေးမြို့မှ မကြီးကုန်းကျေးရွာသို့ မကွေး-ကံပြား-မြို့သစ်-နတ်မောက်လမ်းအတိုင်း မောင်းနှင်ထွက်ခွာလာစဉ် မကြီးကုန်းကျေးရွာအနီးအရောက် PDF အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ) က မော်တော်ယာဉ်အား တားဆီးကာ အကြမ်းဖက် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

NOM
👍92😡2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး တိုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြိုသိုရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၂ ရက်တွင် Mumbai Maharashtra Lok Bhavan Mumbai (Governor's House)ကိုသွားရောက်ခဲ့သည်။

Maharashtra Lok Bhavan Mumbai (Governor's House)၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri Jishnu Dev Varma ကဂါရဝပြုတွေ့ဆုံပြီး Governor's House နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
👍13❤‍🔥1
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၃ လုံး အား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး၊ တရားမဝင်အဆောက်အအုံ ၂၇ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်

ဇွန် ၂၊ ၂၀၂၆
👍10❤‍🔥1
ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာနေ အခြေခံပညာအထက်တန်း ကျောင်းခွဲ (ခင်မွန်) မှ ဒုတိယမူလတန်းပြ ဆရာမတစ်ဦးကို PDF အကြမ်းဖက်သမားခုနစ်ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သွား

NOM ဇွန် ၂၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာနေ အခြေခံပညာအထက်တန်းကျောင်းခွဲ (ခင်မွန်) မှ ဒုတိယမူလတန်းပြဆရာမ ဒေါ်ခင်နှင်းဆွေ (၅၀) နှစ် သည် ဇွန်လ ၁ ရက်နေ့ ည ၆ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခုနစ်ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

NOM
👍3😡3