News Of Myanmar
12.6K subscribers
24.9K photos
3.4K videos
3 files
6.61K links
Download Telegram
တစ်နှစ်ကျော်ကြာ ပျောက်ဆုံးနေသည့် အမေရိကန် နျူကလီးယားဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင် အမျိုးသမီး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိ

အမေရိကန်နိုင်ငံ၊ လော့စ်အလမို့စ် Los Alamos အမျိုးသားဓာတ်ခွဲခန်း (Los Alamos National Laboratory) မှ ပျောက်ဆုံးနေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သော အသက် ၅၃ နှစ်အရွယ် သိပ္ပံပညာရှင် မယ်လစ်ဆာ ကာဆီးယပ်စ် "Melissa Cassias" ၏ ရုပ်အလောင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း နယူးမက္ကဆီကိုပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

ဒေသခံတာဝန်ရှိသူများ၏ ပြောကြားချက်အရ သူမ၏ ရုပ်အလောင်းကို ကာဆန် Carson တောတွင်းဧရိယာအတွင်း တောင်တက်သမားတစ်ဦးက မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းအနီးတွင် လက်နက်ငယ် (ပစ္စတို) တစ်စင်းကိုလည်း တွေ့ရှိခဲ့ရသည်။

သေဆုံးရသည့် အကြောင်းရင်းနှင့် ပုံစံကိုမူ လက်ရှိအချိန်အထိ တိတိကျကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

ကာဆီးယပ်စ် ကို ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် နောက်ဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သူမသည် လော့စ်အလမို့စ် ရှိ အမေရိကန် နျူကလီးယား သုတေသနစင်တာတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ဤဖြစ်ရပ်သည် မကြာသေးမီလပိုင်းအတွင်းက အမေရိကန်နိုင်ငံရှိ သိပ္ပံနှင့် ကာကွယ်ရေးကဏ္ဍများနှင့် ဆက်နွှယ်နေသူများ ဆက်တိုက်သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း ဖြစ်စဉ်များထဲမှ တစ်ခုဖြစ်ပြီး ယင်းဖြစ်ရပ်များကြောင့် မီဒီယာများနှင့် နိုင်ငံရေးအသိုင်းအဝိုင်းအကြားတွင်ပါ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။

NOM
👍181
ယူအေအီးနိုင်ငံ၊ အယ်လ်ဒါဖရာ (Al Dhafra) အခြေစိုက်စခန်းကို အီရန်က ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ

NOM
👍162👎1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

ဇွန် ၂၊ ၂၀၂၆
👍13❤‍🔥1
မကွေးမြို့မှ မကြီးကုန်းကျေးရွာသို့သွားသည့် မကွေးမြို့နယ်လျှပ်စစ်ရုံးမန်နေဂျာကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

NOM ဇွန် ၂၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးမှ မန်နေဂျာဖြစ်သူ ဦးအောင်ကျော်ကျော် (၅၂) နှစ်သည် ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်၌ ၎င်းပိုင်မော်တော်ယာဉ်ဖြင့် မကွေးမြို့မှ မကြီးကုန်းကျေးရွာသို့ မကွေး-ကံပြား-မြို့သစ်-နတ်မောက်လမ်းအတိုင်း မောင်းနှင်ထွက်ခွာလာစဉ် မကြီးကုန်းကျေးရွာအနီးအရောက် PDF အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ) က မော်တော်ယာဉ်အား တားဆီးကာ အကြမ်းဖက် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

NOM
👍92😡2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး တိုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြိုသိုရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၂ ရက်တွင် Mumbai Maharashtra Lok Bhavan Mumbai (Governor's House)ကိုသွားရောက်ခဲ့သည်။

Maharashtra Lok Bhavan Mumbai (Governor's House)၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri Jishnu Dev Varma ကဂါရဝပြုတွေ့ဆုံပြီး Governor's House နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
👍13❤‍🔥1