News Of Myanmar
12.7K subscribers
24.7K photos
3.36K videos
3 files
6.61K links
Download Telegram
မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အထောက်အကူပြု ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဒုတိယအကြိမ် မြစ်ကြီးနားမြို့သို့ရောက်ရှိ

မေ ၃၁၊ ၂၀၂၆
👍13
TNLA အကြမ်းဖက်အဖွဲ့၏ ယမ်းများနှင့် အက်ဆစ်များသိုလှောင်ထားသည့် ဂိုဒေါင်ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများပြား

မေလ ၃၁ ရက် နေ့လယ်အချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ TNLA အကြမ်းဖက်အဖွဲ့​၏ တရားမဝင် မြေဆီများ၊ သတ္တုများ တူးဖော်ရန် ယမ်းများနှင့် အက်ဆစ်များသိုလှောင်ထားသည့် ဂိုဒေါင်ပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာနေ ဒေသခံအရပ်သားပြည်သူ ၆၀ ကျော်သေဆုံးခဲ့ပြီး ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင်နေအိမ် အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့
😡4👍31
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးအား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး၊ တရားမဝင်အဆောက်အအုံ ၂၁ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်
 
မေ ၃၁၊ ၂၀၂၆
 
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်း၍ လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင် အဆောက်အအုံများအား အသုံးပြု၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံကျူးလွန်ခြင်း မပြုနိုင်စေရေးတို့အတွက် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးအား ထပ်မံ၍ စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
 
ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဖြင့် အဆောက်အအုံ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ဖြိုချဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။
 
ယနေ့တွင် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံးအနက် ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးကို ယာဉ်၊ ယန္တရားများအသုံးပြု၍ စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ စုစုပေါင်း အဆောက်အအုံ ၂၁ လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန်ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ၅၆ လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
👍12❤‍🔥1
အုတ်ဖိုမြို့နယ်တွင် (၆)ဘီးကားတိမ်းမှောက်တစ်ဦး‌ သေဆုံး နှစ်ဦးဒဏ်ရာပြင်းထန်
NOM၊ဇွန်၁၊၂၀၂၆
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိထောက်ကြန့်ကွင်းကျေးရွာရန်ကုန်-ပြည်သွားကားလမ်းတွင် ယမန်နေ့ (မေ ၃၁ )ရက်မွန်လွဲ၁နာရီခွဲ၌(၆) ဘီးကားတစ်စီးတိမ်းမှောက်မှုဖြစ် ပွါးခဲ့ရာယာဉ်ပေါ်ပါ တစ်ဦး‌သေဆုံးနှစ်ဦးဒဏ်ရာပြင်းထန်သည့်ဟု ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်း
(အုတ်ဖိုမြို့)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာလက်ပံတန်ဘက်မှ အုတ်ဖိုဘက်သို့မောင်းနှင်လာသော(၆)ဘီးကားသည် အုတ်ဖိုမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာ ရန်ကုန်- ပြည်သွားကားလမ်းမကြီး၏ မိုင်တိုင်
အမှတ် ၁၀၈/၁ အရောက်တွင် မိုးရွာပြီးစလစ်ဖြစ်ရာမှ တိမ်းမှောက် သွားခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ‌သေဆုံးသူ၏ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူနှစ်ဦးတို့ကို သဒ္ဓါဖြူ လူမှုကူညီရေးအသင်း(အေးမြသာယာ) နှင့် ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်း(အုတ်ဖိုမြို့)တို့၏ ယာဉ်များဖြင့်အေးမြသာယာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
😢3👍1😨1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်က လာရောက်ဂါရဝပြုတွေ့ဆုံ

ဇွန် ၁၊ ၂၀၂၆

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ၊ အမျိုး သားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval က မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံသည်။

တွေ့ဆုံရာတွင်

နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊

နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
👍11❤‍🔥2