News Of Myanmar
12.7K subscribers
24.6K photos
3.36K videos
3 files
6.61K links
Download Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲသို တက်ရောက်

‎အိန္ဒိယနိုင်ငံကို တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် မေ ၃၁ ရက်၊ မနက်ပိုင်းက နယူးဒေလီမြိုရှိ Taj Mahal ဟိုတယ်မှာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲကို တက် ရောက်ခဲ့ပါသည်။

‎ဆွေးနွေးပွဲကိုတော့ မြန်မာဘက်က စီးပွားရေးလုပ်ငန်းရှင်များနှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် ကုမ္ပဏီ များက အမှုဆောင်အရာရှိချုပ် အပါအဝင် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ပါသည်။

‎ဆွေးနွေးပွဲမှာတော့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားပြီး တက်ရောက်လာကြသူ များက မေးခွန်းမေးမြန်းတာ နဲ့ ပြန်လည်ဖြေကြားချက်များ ပြုလုပ်ခဲ့ပါသည်။
👍147
အမျိုးသားလုံခြုံရေးအဖွဲ (National Security Bureau - NSB) ကို နိုင်ငံ​တော်သမ္မတက ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီးပြန်လည်ဖွဲစည်းထား

NOM မေ ၃၁၊ ၂၀၂၆

အမျိုးသားလုံခြုံရေးအဖွဲ (National Security Bureau - NSB) ကို နိုင်ငံ​တော်သမ္မတကဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပြန်လည်ဖွဲစည်းထား​ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ​ဖော်ပြထားမှုအရသည်။

အဆိုပါ အမျိုးသားလုံခြုံရေးအဖွဲကို နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် (၄၆/၂၀၂၆)ဖြင့် ၂ဝ၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်က ဖွဲစည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌအပါအဝင် ၁၃ ဦးပါဝင်သည်။

အမျိုးသားလုံခြုံရေးအဖွဲ (National Security Bureau - NSB) တွင် ဥက္ကဋ္ဌအဖြစ် နိုင်ငံ​တော်သမ္မတက တာဝန်ယူပြီး ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဒုတိယသမ္မတ (၁) ကလည်း​ကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း​ကောင်း၊ အတွင်းရေးမှူးအဖြစ် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကလည်း​ကောင်း တာဝန်ယူမည်ဖြစ်ပြီး အဖွဲဝင်များအဖြစ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်​ထောင်စုဝန်ကြီး နိုင်ငံတော်သမ္မတရုံး၊ ပိုဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတိုမှ ပြည်​ထောင်စုဝန်ကြီးများ ပါဝင်မည်ဖြစ်သည်။

ယခင် အမျိုးသားလုံခြုံရေးအဖွဲကို ၂၀၂၁ ခုနှစ် ​ဖေ​ဖော်ဝါရီ ၉ ရက်တွင်ဖွဲစည်းခဲ့ပြီး ထိုစဥ်က အဖွဲဥက္ကဋ္ဌအပါအဝင် စုစု​ပေါင်း ၁၀ ဦးဖြင့်ဖွဲစည်းခဲ့ကာ ဥက္ကဋ္ဌတာဝန်ကို တပ်မ​တော်ကာကွယ်​ရေးဦးချုပ်ကလည်း​ကောင်း၊ အတွင်း​ရေးမှူးအဖြစ်ပြည်ထဲ​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးနှင့် တွဲဖက်အတွင်း​ရေးမှူးအဖြစ် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကလည်း​​​ကောင်း တာဝန်ယူ​ဆောင်ရွက်ပြီး ကျန်အဖွဲဝင်ခုနစ်ဦးမှာ ပြည်​ထောင်စုဝန်ကြီးများဖြစ်သည်။

အမျိုးသားလုံခြုံရေးအဖွဲ (National Security Bureau - NSB)ကို ဖွဲစည်းခြင်းမှာ အမျိုးသားလုံခြုံရေးကဏ္ဍအား ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်​ကြောင်း သိရသည်။

ယခု ပြန်လည်ဖွဲစည်းသည့် အမျိုးသားလုံခြုံရေးအဖွဲ (National Security Bureau - NSB) ၏ လုပ်ငန်းတာဝန်များမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒိုတာဝန်အရေး(၃)ပါးကို ဦးထိပ်ထား၍ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများပေါင်းစပ်၍ အမျိုးသားလုံခြုံရေးတာဝန်များအား ထိရောက်စွာပူးပေါင်းဆောင်ရွက်​ရဖြစ်​ကြောင်း၊  အမျိုးသားလုံခြုံရေးအဖွဲ၏ နေ့စဉ်လုပ်ငန်းတာဝန်များကို ညှိနှိင်းဆောင်ရွက်နိုင်ရန်အတွက် အဖွဲတွင် ပါဝင်သော ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များဖြင့် ရုံးအဖွဲအား ဖွဲစည်းထားရှိရမည်ဖြစ်​ကြောင်း၊ အဆိုပါရုံးအဖွဲအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ကြီးကြပ်ကွပ်ကဲ၍ ညှိနှိင်းပေါင်းစပ် ဆောင်ရွက်ရမည်ဖြစ်​ကြောင်းနှင့် အမျိုးသားလုံခြုံရေးအဖွဲ (NSB) ၏ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုအရပ်ရပ်အား ပြည်ထောင်စုအစိုးရအဖွဲရုံး၏ ဘဏ္ဍာရေးအသုံးစရိတ် (Budget) မှ ကျခံသုံးစွဲရန်ဖြစ်​ကြောင်းသိရသည်။
👍164🕊3❤‍🔥1
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ကုလသမဂ္ဂ (UN) သို့ ပေးသွင်းရမယ့် ငွေကြေးတွေကို ဆိုင်းငံ့ထားတာကြောင့် ကုလသမဂ္ဂဟာ ဒေဝါလီခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ဝါရှင်တန် (အမေရိကန်အစိုးရ) က ကုလသမဂ္ဂရဲ့ အစီအစဉ် တော်တော်များများကို လေလွင့်ပြုန်းတီးမှုတွေ ရှိတယ်လို့ အကြောင်းပြပြီး ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ ပေးသွင်းရမယ့် ငွေတွေကို မပေးဘဲ ထားတဲ့အပြင် အစီအစဉ် ဒါဇင်ပေါင်းများစွာကနေလည်း နုတ်ထွက်သွားခဲ့ပါတယ်။

လက်ရှိမှာ ကုလသမဂ္ဂအပေါ် အမေရိကန်ရဲ့ ကြွေးမြီဟာ ဒေါ်လာ ၄ ဘီလီယံကျော်အထိ မြင့်တက်နေပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကလည်း ၎င်းတို့ ပေးသွင်းရမယ့် ငွေကြေးတွေကို အချိန်ဆွဲထားတာကြောင့် ဒီဘဏ္ဍာရေး အကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေပါတယ်။

NOM
👍167
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် NETRA (NTPC Energy Technology Research Alliance)ကို ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြို့ရှိ NETRA (NTPC Energy Technology Research Alliance) ၌ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့သည်။
👍164
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် NETRA (NTPC Energy Technology Research Alliance)ကို ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြို့ရှိ NETRA (NTPC Energy Technology Research Alliance)၌ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့သည်။
👍152
မြောက်ဒဂုံ၌ ခိုက်ရန်ဖြစ်ပွားစဉ် သေနတ်ပစ်ခတ်သူကို ဖမ်းဆီး

NOM မေ ၃၁၊ ၂၀၂၆

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊၄၁ တိုးချဲ့ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ ACE စားသောက်ဆိုင်တွင် မေလ ၃၀ ရက် ည ၈း၃၀ နာရီအချိန်က ခိုက်ရန်ဖြစ်ပွားစဉ် သေနတ်ပစ်ဖောက်သူကို ဖမ်းဆီးရမိကြောင်းသိရသည်။

စားသောက်ဆိုင်တွင် ရှေ့နေဦးမျိုးကိုကိုဇော်၊ ဇနီးနှင့် မိတ်ဆွေတစ်ဦးစားသောက်နေစဉ် မြောက်ဥက္ကလာမြို့နယ်နေ သက်ဇော် (ခေါ်) သက်ဇော်ထွန်းနှင့် အမည်မသိအမျိုးသား ၁၅ ဦးလာရောက်ပြီး ရန်စထိုးကြိတ်ကာ ဦးမျိုးကိုကိုဇော်နှင့် မိတ်ဆွေ ဦးယျောမြင့်မြတ်ကို ဓားဖြင့်ထိုးပြီး ဦးမျိုးကိုကိုဇော်၏ ဇနီးဖြစ်သူကို ကားပေါ်ဆွဲတင် ခေါ်ဆောင်သဖြင့် ဦးမျိုးကိုကိုဇော်မှ သေနတ်တစ်ချက်ပစ်ဖောက်ခဲ့သည်။

သက်ဇော်နှင့် အဖွဲ့သည်ခေါ် ဆောင် သွားသော အမျိုးသမီးထံမှ ဖုန်းကိုလုယူပြီး အမျိုးသမီးကို ကြည့်မြင်တိုင်တွင်ကားပေါ်မှ ချထားခဲ့သည်။

ဓားထိုးခံရသူ ဦးမျိုးကိုကိုဇော်နှင့်ဦးဇေယျာမြင့်မြတ်တို့ မြောက်ဥက္ကလာပဆေးရုံသို့ သွားရောက်ပြသရာဦးဇေယျာမြင့်မြတ်ကို စိုးရိမ်ရသဖြင့် အတွင်းလူနာအဖြစ်ကုသပြီး ဦးမျိုးကိုကိုဇော်ကို ပြင်ပလူနာအဖြစ်ကုသပေးခဲ့သည်။

ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက်သူဦးမျိုးကိုကိုဇော်၏ အိမ်သို့သွားရောက်ရှာဖွေရာ ရန်ဖြစ်စဉ်မိုးပေါ်ထောင် ပစ်ခတ်ခဲ့သော ပစ္စတိုနှင့် ကျည် လေးတောင့်ကို ကားအတွင်းမှသိမ်းဆည်းရမိပြီး လက်နက်ပုဒ်မ (၂၄) ဖြင့် ဖမ်းဆီးအရေးယူလိုက်သည်။

ဦးမျိုးကိုကိုဇော်၏ ဇနီးဒေါ်ဖြိုးပပစိုးကလည်း သူတို့လင်မယားနှင့် မိတ်ဆွေကို အကြောင်းမဲ့ထိုးကြိတ်ကာ ဓားဖြင့်ထိုးသည့်အပြင် သူမကို ခြိမ်းခြောက်ခေါ်ဆောင်ပြီး တယ်လီဖုန်းလုယူသွားသူ သက်ဇော်နှင့်အဖွဲ့ကို အမှုဖွင့်တိုင်တန်းထားကြောင်းသိရသည်။

NOM
👍145
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲတွင်ပထမဆုရရှိခဲ့သည့်မအိမ့်ချစ်သူကို ဂုဏ်ပြု ကြိုဆိုပွဲပြုလုပ်မည်

NOM မေ ၃၁၊ ၂၀၂၆

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ (အလယ်တန်းအဆင့်) ၌ ရှမ်းပြည်နယ် ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ပြီး ပထမဆု ရရှိခဲ့သည့် မအိမ့်ချစ်သူ ကိုဇွန်လ ၆ ရက်တွင် တောင်ကြီမြို့၌ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

"လက်ရှိကြိုဆိုပွဲ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ အစီအစဉ် အသေးစိတ်ကိုတော့ ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။” ဟု ရှမ်းတောင် မြို့နယ်ပေါင်းစုံ ဓမ္မစကူးလ်ကော်မတီမှတာဝန်ရှိသူတစ်ဦးကပြောသည်။

မေလ (၂၈) ရက်၊ ညနေပိုင်းက အမျိုးသားပြဇာတ်ရုံတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ (၂၀၂၆) သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ သုတစုံလင် ဗုဒ္ဓဝင်ပွဲကြီးတွင်ပထမဆုကို ရှမ်းပြည်နယ်ကိုယ်စားပြု မအိမ့်ချစ်သူ မှရရှိခဲ့ကြောင်းသိရသည်။

NOM
19👍6
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

မေ ၃၁၊ ၂၀၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီအချိန်၌ နောင်ချိုမြို့နယ်၊ နမ့်ဆောင်ဟူးကျေးရွာနေ ကိုဇင်မျိုးထွန်း (၂၈) နှစ်သည် ကျေးရွာ၏အရှေ့ဘက် ၂ ဖာလုံခန့်အကွာရှိ တောအတွင်းတွင် အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
😡4👍1😢1