News Of Myanmar
12.7K subscribers
24.6K photos
3.35K videos
3 files
6.61K links
Download Telegram
ဒေသတွင်းကုန်စည်စီးဆင်းမှု ဗဟိုချက် (Transit Hub) ဖြစ်လာနိုင်သည့် သမ္မတကြီး၏ ခရီးစဉ်။
👍92❤‍🔥1
သရက်ချောင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦးခြေချင်းဝတ်ပြတ်ထွက်ဒဏ်ရာရ

မေ ၃၀၊ ၂၀၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးသို့ မေလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၆ နာရီခွဲအချိန်၌ သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ကျေးရွာနေ ဦးမျိုးဇော် (ခ) ဇော် (၅၅) နှစ်သည် အဆိုပါကျေးရွာရှိ ၎င်းပိုင်ဥယျာဉ်ခြံသို့ သွားရောက်စဉ် ဒေသအခေါ် တောင်ရိုးဘုရားအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

NOM
😡6👍1
မတ္တရာမြို့နယ်၊ ထိန်ပင်စောက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် လယ်ကွင်းအတွင်း အလုပ်လုပ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

မေ ၃၀၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ မေလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၄ နာရီအချိန်၌ မတ္တရာမြို့နယ်၊ ထိန်ပင်စောက်ကျေးရွာနေ ဦးမင်း (၇၄) နှစ်သည် ကျေးရွာ၏မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာရှိ ၎င်းပိုင်လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
😡5👍4
ခရီးသည်တင်ကားတစ်စီး သစ်ပင်အား ဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦးဒဏ်ရာရ

NOM မေ ၃၀၊ ၂၀၂၆

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ အောက်ချောင်းကျေးရွာအနီး၊ လပွတ္တာ- မြောင်းမြကားလမ်းတွင်ယမန် နေ့ မေ၂၉ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ခရီးသည်တင်ကားတစ်စီးသည် သစ်ပင်အားဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်ပေါ်ပါခရီးသည် ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ လပွတ္တာမြို့နယ်၊ အောက်ချောင်းကျေးရွာအနီး၊ လပွတ္တာ- မြောင်းမြကားလမ်း၊ မိုင်တိုင်အမှတ် (၂/၃) နှင့်(၂/၄) ကြားတွင် FUSO Mini Bus ခရီးသည်တင်ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိမ်းနိုင်ဘဲ သစ်ပင်အား ဝင်ရောက်တိုက်မိခဲ့ရာယာဥ် ပေါ်ပါ ခရီးသည် ၂၀ ဦး အနက် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း (၁၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လပွတ္တာခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် ဒဏ်ရာရ ရရှိသူများကို နှလုံးသားလူမှုကူညီရေး
အသင်းနှင့် ဂရုဏာလူမှုကူညီရေးအသင်းတို့မှ သူနာတင်
ယာဉ်များဖြင့် (၃) မိုင်မြို့၊ ကုတင် (၂၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
👍5😢3
မြောက်ဒဂုံတွင် ပလုံကောက်သည့်သားအမိ ကားတိုက်ခံရပြီးမိခင် သေဆုံး၊ ယာဉ်မောင်းဖြစ်သူထွက် ပြေး

NOM မေ ၃၀၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ၊ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ယနေ့ (မေလ ၃၀ ရက်) နံနက်အစောပိုင်းတွင် ပလုံကောက်သူသားအမိ နှစ်ဦး ကားတိုက်ခံခဲ့ရကြောင်း ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှသိရသည်။

အဆိုပါဖြစ်စဉ်မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဦဝိစာရလမ်းမပေါ်၌ ယနေ့ နံနက်အစောပိုင်း ၁ နာရီ ၅ မိနစ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယာဉ်တိုက်မှုကြောင့် ကလေး၏မိခင်ဖြစ်သူမှာ စိုးရိမ်ဒဏ်ရာများရရှိခဲ့ကာ မြောက်ဥက္ကလာပမြို့နယ်၊ပြည်သူ့‌ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး ၎င်း၏ သားဖြစ်သူ အသက်ကိုးနှစ်အရွယ် ကလေးငယ်သည် ထိခိုက်ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့၍ ဆေးကုသမှုပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကလေးငယ်မှာ နေ့ဘက်တွင် ကျောင်းတက်ပြီး ညပိုင်းအချိန်တွင် မိခင်ဖြစ်သူနှင့်အတူ ပလုံကောက်၍ အသက်‌မွေးဝမ်းကြောင်းနေသူဖြစ်ကြောင်း ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှသိရသည်။
😢10👍31
ကူဝိတ်နိုင်ငံရှိ အမေရိကန်လေတပ်စခန်း (Ali Al Salem Air Base) ကို မေလ ၂၉ ရက်နေ့က အီရန်က ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အမေရိကန်စစ်ဘက်ဝန်ထမ်းနှင့်ကန်ထရိုက်တာ ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ဒေါ်လာသန်း ၃၀ တန် MQ-9 Reaper စစ်သုံးဒရုန်းယာဉ်တစ်စင်း လုံးဝပျက်စီးကာ အခြားတစ်စင်းလည်း ပြင်းထန်စွာ ပျက်စီးသွားခဲ့ကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့။

NOM
👍17👎1
ဥပဒေပညာရှင်များအနေဖြင့် တည်ဆဲဥပဒေများနှင့် ပတ်သက်ပြီး ခေတ်နှင့် မညီတော့သည့် ဥပဒေများကို ခေတ်နှင့်အညီ အသစ်ပြဋ္ဌာန်းသင့်

NOM မေ ၃၀၊ ၂၀၂၆

ဥပဒေပညာရှင်များအနေဖြင့် တည်ဆဲဥပဒေများနှင့် ပတ်သက်ပြီး ခေတ်နှင့် မလျော်ညီတော့သည့် ဥပဒေများကိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း၊ ခေတ်နှင့်အညီ အသစ်ပြဋ္ဌာန်းသင့်သည်ဟု ယမန်နေ့ (မေ ၂၉ ရက်) မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့ဝင်များ၊ ဥပဒေပညာရှင် (အငြိမ်းစား) များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ပြည်သူများ၏ အကျိုးစီးပွားအား အကာအကွယ်ပေးနိုင်ရေး ဥပဒေပြဋ္ဌာန်းရာ၌ အထောက်အကူဖြစ်စေရန်နှင့် ထိရောက်စေရန်အတွက် ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှိ ဥပဒေပညာရှင်များနှင့် တွေ့ဆုံရာတွင် ဥပဒေပညာရှင်များ
အနေဖြင့် တည်ဆဲဥပဒေများနှင့်ပတ်သက်ပြီး ခေတ်နှင့်မလျော်ညီတော့သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း၊ ခေတ်နှင့်အညီ အသစ်ပြဋ္ဌာန်းသင့်သည့် ဥပဒေများကို အကြံပြုဆွေးနွေးခဲ့ကြသည်။

"ဥပဒေ၏ အကာအကွယ်အောက်တွင် ပြည်သူများ အေးချမ်းလုံခြုံစွာနေထိုင်ပြီး အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် မိမိတို့အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းရမည်ဖြစ်ပါကြောင်း၊လတ်တလောအနေဖြင့် နိုင်ငံ‌တော်အတွက် လက်ရှိအခြေအနေများနှင့် ကိုက်ညီမည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကို ဆောလျင်စွာ ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေပညာရှင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါတယ်" ဟု ပြည်သူလွှတ်တော်ဥက္ကဋ္ဌဦးခင်ရီကပြောသည်။

ယင်းနောက် ရန်ကုန်ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့ဝင်များ၊ ဥပဒေပညာရှင် (အငြိမ်းစား) များက ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး
ခဲ့သည်။

NOM
👍121❤‍🔥1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာအဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့သည် မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒမုနိအားဖူးမြော်ကြည်ညို ၍ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ဆရာတော်ကြီးထံ သင်္ကန်းပရိက္ခရာများနှင့် လှူဖွယ်ပစ္စည်းများ၊ နဝါကမ္မ အလှူငွေများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက နိုင်ငံတော်သမ္မတထံ ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်သည်။
6🙏5👍2
ပွင့်ဖြူမြို့နယ်၊ သမန်းရင်းကျေးရွာအနီးရှိ ဌက်ပျောခြံတခုတွင်ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က "ဒလန်" ဟု စွပ်စွဲသတ်ဖြတ်

မေ ၃၀၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သမန်းရင်းကျေးရွာနေ ဦးဌေးအောင် (၅၀) နှစ်သည် မေလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်၌ ကျေးရွာ၏အရှေ့ တောင်ဘက် ၄ ဖာလုံခန့်အကွာရှိ ၎င်းပိုင်ငှက်ပျောခြံအတွင်းရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) ရောက်ရှိလာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဌေးအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

NOM
😡6👍3😢21
ဂျာမနီ​နိုင်ငံ၏ အဓိပတိ မာ့ဇ် (Merz) သည် ယခုအခါ ဂျာမနီနိုင်ငံတွင် 'လူအကြိုက်မများဆုံး' နိုင်ငံရေးသမား ဖြစ်လာကြောင်း ဂျာမနီနိုင်ငံအခြေစိုက် နာမည်ကြီး လူထုသဘောထားစစ်တမ်းကောက်ယူရေးအဖွဲ့ INSA စစ်တမ်းအရ သိရ။

မာ့ဇ်အား ထောက်ခံမှုနှုန်းသည် ယခုအခါ ၁၃ ရာခိုင်နှုန်းဖြင့် 'သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်' သို့ ရောက်ရှိသွား။

NOM
👍15
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နယူး​ဒေလီမြို့သို့​ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယ​နေ့ (​မေ ၃၀ ရက်) ​ဒေသစံ​တော်ချိန် ည​နေပိုင်းတွင် နယူး​ဒေလီမြို့သို့​ရောက်ရှိခဲ့​ကြောင်း သိရသည်။

အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယ​နေ့(​မေ ၃၀ ရက်) တွင် ​​ဒေသစံ​တော်ချိန် မွန်းလွဲပိုင်းတွင် ဂါယာ​လေဆိပ်မှ အထူး​လေယာဥ်ဖြင့် နယူး​ဒေလီမြို့သို့ ဆက်လက်ထွက်ခွာပြီး၊လေဆိပ်တွင် ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဘီဟာပြည်နယ်အစိုးရတာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ခဲ့သည်။
👍164❤‍🔥1