မြန်မာကျောင်းသား လူငယ်များကို မြောက်ဝင်ရိုးစွန်းသို့ အခမဲ့ (၁၀) ရက်ကြာ သိပ္ပံလေ့လာရေးခရီးစဉ် သွားရောက်ခွင့်ရမည့် “Icebreaker of Knowledge 2026” ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထား
မေ ၂၉၊ ၂၀၂၆
ရုရှားနိုင်ငံ ROSATOM အဖွဲ့အစည်းက ကြီးမှူးကျင်းပသည့် “Icebreaker of Knowledge 2026” နိုင်ငံတကာအဆင့် (၃) ကြိမ်မြောက် သိပ္ပံပြိုင်ပွဲကြီးကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အကြား ကျောင်းသားလူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲကို မေ ၅ ရက်မှ ဇွန် ၁၅ ရက်ကာလအတွင်း အဆင့်သုံးဆင့်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ရမှတ်အမြင့်ဆုံးဖြင့် အောင်နိုင်သူ ၁၀ ဦးသည် ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးဖြင့် မြောက်ဝင်ရိုးစွန်းသို့ (၁၀) ရက်ကြာ အခမဲ့သိပ္ပံလေ့လာရေးခရီး သွားရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၃ ရက် နောက်ဆုံးထား၍ တရားဝင်ဝက်ဘ်ဆိုက် https://goarctic.energy/ တွင် အွန်လိုင်းမှတစ်ဆင့် အခမဲ့စာရင်းသွင်းပြီး ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်သူများသည် အဆင့်(၁) အနေဖြင့် မေ ၅ ရက်မှ ဇွန် ၃ ရက်ကာလအတွင်း အွန်လိုင်းဉာဏ်စမ်းမေးခွန်း (Quiz) ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုရာတွင် သိပ္ပံအခြေပြု ဉာဏ်စမ်းပဟေဠိ (Quiz) ကို ဖြေဆိုရမည်ဖြစ်သည့်အပြင် မေးခွန်းအားလုံးဖြေဆိုကာ သတ်မှတ်ရမှတ်ရရှိသူများ အဆင့် (၂) သို့ တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း။
အဆင့် (၂) အနေဖြင့် မေ ၁၈ ရက်မှ ဇွန် ၃ ရက်ကာလအတွင်း Webinars ဆွေးနွေးပွဲများ တက်ရောက်ရမည်ဖြစ်ပြီး အဆင့် (၁) အောင်မြင်သူများသည် အာတိတ်ဒေသရေကြောင်းပို့ဆောင်ရေး ဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရန် အသုံးပြုသည့် နည်းပညာများအပါအဝင် Rosatom ၏ ဆန်းသစ်သော ဖြေရှင်းချက်များနှင့် ပတ်သက်သည့် အွန်လိုင်း Webinar များကို လေ့လာ၍ စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း။
အဆင့် (၃) အနေဖြင့် ဇွန် ၅ ရက်မှ ၁၅ ရက်ကာလအတွင်း ဗီဒီယိုတင်ဆက်မှု (Video Presentation) ပြုလုပ်ရမည်ဖြစ်ပြီး အဆင့် (၁) နှင့် အဆင့် (၂) တို့တွင် စုစုပေါင်းရမှတ် အမြင့်ဆုံးရရှိသည့် နိုင်ငံများမှ ဆန်ခါတင် ၁၀ ဦးသည် နောက်ဆုံးအဆင့် လုပ်ဆောင်ချက်ခေါင်းစဉ်နှင့် သက်ဆိုင်သည့် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို "Video Business Card" (ဗီဒီယိုဖြင့် မိတ်ဆက်တင်ပြခြင်း) ပုံစံဖြင့် တင်ပြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲရလဒ်များကို ဇွန်လတွင် ကြေညာမည်ဖြစ်ပြီး ဆုရရှိသူများသည် မြောက်ဝင်ရိုးစွန်းသို့ သွားရောက်မည့် ကမ္ဘာ့အဆင့်အထူးခရီးစဉ် လက်မှတ်ကို ဆွတ်ခူးရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်နှင့် ပတ်သက်၍ RAIN ကိုယ်ပိုင်အဖွဲ့အစည်းမှ ပြန်ကြားရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် အလက်ဇန္ဒားယူးစတပ်စ်က “ဗဟုသုတရေခဲခွဲသင်္ဘော (Icebreaker of Knowledge) စီမံကိန်းကို နိုင်ငံတကာအဆင့်အနေနဲ့ ကျင်းပတာ ဒါဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၂ နိုင်ငံက ကလေးငယ်တွေဟာ နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးနဲ့ မြောက်ဝင်ရိုးစွန်းဆီကို စိတ်လှုပ်ရှားဖွယ်ရာ ပညာပေးခရီးစဉ်နဲ့ စတင်ကြမှာပါ။ ၁၀ ရက်တာအတွင်းမှာ သူတို့ဟာ ထိပ်တန်းသိပ္ပံပညာရှင်တွေ၊ သိပ္ပံပညာပြန်ကြားရေး ကျွမ်းကျင်သူတွေ၊ ဘလော့ဂါတွေနဲ့အတူ အာတိတ်ဒေသကို လေ့လာစူးစမ်းကြမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ကမ္ဘာ့အမြင့်ဆုံးအမှတ်ကို ရရှိဖို့အတွက်သာမက ဗဟုသုတအမြင်တွေ ကျယ်ပြန့်လာစေဖို့၊ မိတ်ဆွေသစ်တွေရရှိဖို့၊ စံချိန်သစ်တွေတင်နိုင်ဖို့နဲ့ ဝင်ရိုးစွန်းဝက်ဝံတွေကို မြင်တွေ့နိုင်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်” ဟု ပြောကြားသည်။

❤13👍10❤🔥1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ
မေ ၃၀၊ ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတ နိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် မေ ၃၀ ရက်၊ နံနက် ၈ နာရီက နေပြည်တော် တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်းသိရသည်။
အဆိုပါနိုင်ငံတော် သမ္မတ ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော် ဒုတိယသမ္မတများ ဖြစ်ကြသော ဦးညိုစော နှင့် ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးက တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ယင်းခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှု နှင့် အသေးစား၊ အငယ်စား ၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး၊ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ဆွေ ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ လိုက်ပါသွားကြောင်းသိရသည်။
NOM

👍21❤5❤🔥1
ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညို
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းများဆပ်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် မှတ်တမ်းတင်လက်မှတ်ရေးထိုးကာ ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။

👍10🙏4❤1❤🔥1
ဒေသတွင်းကုန်စည်စီးဆင်းမှု ဗဟိုချက် (Transit Hub) ဖြစ်လာနိုင်သည့် သမ္မတကြီး၏ ခရီးစဉ်။
👍9❤2❤🔥1