News Of Myanmar
12.7K subscribers
24.5K photos
3.35K videos
3 files
6.61K links
Download Telegram
သထုံ-ဘားအံကားလမ်းတွင် ခရီးသည်တင် Express ကားမှ သုံးဘီးကို ကျော်တက်စဉ် ချိတ်မိပြီး သုံးဘီးတိမ်းမှောက်
NOM၊မေ ၂၉၊၂၀၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်းတွင် ခရီးသည်တင် Express ကားမှ သုံးဘီးကို ကျော်တက်စဉ် ချိတ်မိပြီး သုံးဘီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့မေ၂၉ ရက်က သထုံ-ဘားအံကားလမ်းတွင် သထုံဘက်မှ ဘားအံဘက်သို့မောင်းနှင်နေသော EXPRESS ကား၏ ရှေ့ရှိ မောင်းနှင်နေသော သုံးဘီးသည် မြို့သစ်အရောက်၌ သုံးဘီးမှ အချက်ပြပြီး ကွေ့ရာ နောက်မှလိုက်ပါလာသော EXPRESS ကားမှ ကျော်တတ်စဉ် ကပ်ချိတ်မိ၍ သုံးဘီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ယာဉ်တိုက်မှုကြောင့် သုံးဘီးယာဉ်မောင်းနှင့် EXPRESS ကားမှ လိုက်ပါစီးနှင်းသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
😡6💔21👍1
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး၊ တပ်မတော်ဆေးရုံတွင်တက်ရောက်ကုသနေသူမျာအားကြည့်ရှုအားပေး

မေ ၂၉၊ ၂၀၂၆

ဒုတိယတပ်တော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြခံတပ်ရင်း/တပ်ဖွဲ့များနှင့် တပ်မတော်ဆေးရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း)အရာခံ/အကြပ်ကြီးသင်ကျောင်းရှိ သင်တန်းသားစားရိပ်သို့ရောက်ရှိပြီး ရိက္ခာ၊ အသား/ငါးနှင့် ဟင်းသီးဟင်းရွက်များအား စတိုခန်းများအတွင်းထားရှိမှုအခြေအနေများ၊ ချက်ပြုတ်နေမှုနှင့် ကျွေးမွေးရန်ပြင်ဆင်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး စားရိပ်သာများအတွင်း ကျန်းမာရေးနှင့်ညီညွတ်စေရေးအတွက် ခြင်ယင်များမရှိစေရန် ဆေးဖျန်းခြင်းများဆောင်ရွက်ရန်၊ စတိုအတွင်း ရိက္ခာများအားသန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျထားရှိရန်၊ ရိပ်သာစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးရန်၊ ချက်ပြုတ်ကျွေးမွေးရာတွင် သတ်မှတ်နှုန်းထားများအတိုင်း အာဟာရပြည့်မီစွာဖြင့် ကျွေးမွေးနိုင်ရေး စေတနာထားဆောင်ရွက်ရန်တို့မှာကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် သင်တန်းကျောင်းဝန်းအတွင်း လေ့ကျင့်ရေးပိုင်းဆိုင်ရာ ဆောင်ရွက်နေမှုများ၊ အိပ်ဆောင်များ၊ စာသင်ဆောင်များနှင့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ပြခန်းတွင်း ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

နေ့လယ်ပိုင်းတွင် ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) မြဝတီစားရိပ်သာတွင် ခြေလျင်တပ်ရင်းမှူးသင်တန်းမှ သင်တန်းသားများနှင့်အတူ နေ့လယ်စာကိုအတူတကွသုံးဆောင်ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဆက်လက်၍ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တပ်ရင်းရုံး၌ တပ်ရင်းမှူးက ရည်မှန်းချက်တာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် စံပြစိုက်ပျိုးမွေးမြူရေးဇုန်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအားဆောင်ရွက်ရာတွင် အမှန်တကယ် အောင်မြင်ဖြစ်ထွန်းအောင်လုပ်ဆောင်ကြရန်၊ စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဖြစ်သည်နှင့်အညီ ဒေသတွင်းစံပြဖြစ်အောင်ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင်များသည် မျိုးစေ့များခင်းကျင်းပြသထားမှုကိုကြည့်ရှုကြပြီး တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ Green House အတွင်း ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ မျိုးစေ့ထုတ်ပိုးခန်းအတွင်း ရုံးပတီ၊ ရွှေဖရုံ၊ ချဉ်ပေါင်၊ တိုင်ထောင်ပဲ၊ ဘူး၊ မုံညင်း၊ မုန်လာဥနှင့် ခရမ်းများကို မျိုးကောင်းမျိုးသန့်များအဖြစ် အဆင့်ဆင့်မျိုးစေ့များထုတ်ပိုးနေမှုနှင့် သိုလှောင်ခန်းအတွင်း မျိုးစေ့များသိုလှောင်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ဇနီးဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိ သူများလိုက်ပါလျက် ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံသို့ရောက်ရှိကြရာ ဆေးရုံတပ်မှူး၊ တပ်မတော်ပါရဂူများနှင့် ဆေးမှူးများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ နယ်မြေခံဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊စစ်သည်များနှင့် မိသားစုဝင်များ၏ တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေးတိုးတက် ကောင်းမွန်လာမှု အခြေအနေများကို တစ်ဦးချင်းရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
10👍7
News Of Myanmar
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး၊ တပ်မတော်ဆေးရုံတွင်တက်ရောက်ကုသနေသူမျာအားကြည့်ရှုအားပေး မေ ၂၉၊ ၂၀၂၆ ဒုတိယတပ်…
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နိုင်တော်အကြီးအကဲမှ ဖြည့်ဆည်းပေးထားသည့် Portable Digital Dental သွားဓာတ်မှန်စက်နှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအတွက် ကွန်ပျူတာဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းကို အလွှာလိုက်ဓာတ်မှန်ရိုက်စစ်ဆေးနိုင်သည့် CT Scan စက်အသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်နန်းကူးကူနှင့်အဖွဲ့ဝင်များသည် အမျိုးသမီးနှင့်ကလေးကုသဆောင်သို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် လူနာများအားလိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ကြသည်။

ထို့နောက် ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး အရာရှိ/စစ်သည်၊ မိသားစုဝင်များနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
👍153
ပါရှန်းပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့ (PGSA):

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် မကြာသေးမီက ပါရှန်းပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

PGSA အနေဖြင့် ယခုလုပ်ရပ်ကို ရှုတ်ချကြောင်း ထုတ်ပြန်ထားပြီး၊ ပင်လယ်ဓားပြဆန်ဆန် ပြုမူလုပ်ဆောင်နေသော အမေရိကန်ကဲ့သို့သော နိုင်ငံမျိုး၏ ပိတ်ဆို့အရေးယူမှုကို ခံရခြင်းသည် ၎င်းတို့၏ ယခုအချိန်အထိ လုပ်ဆောင်ချက်များမှာ ကောင်းမွန်မှန်ကန်ကြောင်း ပြသသည့် သက်သေတစ်ခုဖြစ်သည်ဟု မှတ်ယူကြောင်း ဖော်ပြထားသည်။

NOM
👍6❤‍🔥42👎2😱1
၁။ အမေရိကန် သမ္မတ ထရမ့်က ဒဲလ် (Dell) ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဒေါ်လာ ၅ သန်းကျော်ဖိုး ဝယ်ယူခဲ့

၂။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်ဖ်က ဒဲလ် (Dell) ကုမ္ပဏီကို ဒေါ်လာ ၉ ဘီလီယံတန် စာချုပ် ပေးအပ်ခဲ့ —
ပင်တဂွန် စစ်ဌာနချုပ်၏ လူမဲ့လက်နက် (ဒရုန်း) ရုပ်သံမှတ်တမ်းများ ထွက်ပေါ်

၃။ ဒဲလ် (Dell) ကုမ္ပဏီသည် စတော့ဈေးကွက်သမိုင်းတွင် ၎င်းတို့အတွက် အကောင်းဆုံးနေ့တစ်နေ့ကို ယခုလေးတင် ပိုင်ဆိုင်ခဲ့

၄။ မှတ်ချက်ပေးသူတိုင်းက အများပြည်သူ မသိသေးတဲ့ ကုမ္ပဏီတွင်း ဒါမှမဟုတ် အစိုးရပိုင်းက အတွင်းသတင်းတွေကို ကြိုတင်သိရှိမှုအပေါ် အခြေခံပြီး ကိုယ်ကျိုးစီးပွားအတွက် ရှယ်ယာတွေ ကြိုတင်ဝယ်ယူ ကစားတာဘယ်လိုဖြစ်လို့ တရားဝင်နေရတာလဲ? ဆိုပြီး ဝိုင်းအော်နေကြသည်။

NOM
👍87
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား လက်ခံတွေ့ဆုံ
 
မေ ၂၉၊ ၂၀၂၆
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
 
ထိုသို့ တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်နိုင်ရေး ကိစ္စရပ်များ၊ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားလာခွင့် ကိစ္စရပ်များ၊ မန္တလေးငလျင် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
 
တွေ့ဆုံပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
👍87
အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် (US SOUTHCOM) ရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးသည် ဂွမ်တာနာမိုဘေး (Guantanamo Bay) တွင် ကျူးဘားစစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံပြီး လုံခြုံရေးကိစ္စများဆွေးနွေး။

NOM
10👍4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ မေလ (၃၀) ရက်နေ့ နံနက်၌ ရောက်ရှိခဲ့ကြောင်းသိရသည်။
13👍10❤‍🔥1
မြန်မာကျောင်းသား လူငယ်များကို မြောက်ဝင်ရိုးစွန်းသို့ အခမဲ့ (၁၀) ရက်ကြာ သိပ္ပံလေ့လာရေးခရီးစဉ် သွားရောက်ခွင့်ရမည့် “Icebreaker of Knowledge 2026” ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထား
 
မေ ၂၉၊ ၂၀၂၆
 
ရုရှားနိုင်ငံ ROSATOM အဖွဲ့အစည်းက ကြီးမှူးကျင်းပသည့် “Icebreaker of Knowledge 2026” နိုင်ငံတကာအဆင့် (၃) ကြိမ်မြောက် သိပ္ပံပြိုင်ပွဲကြီးကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အကြား ကျောင်းသားလူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲကို မေ ၅ ရက်မှ ဇွန် ၁၅ ရက်ကာလအတွင်း အဆင့်သုံးဆင့်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ရမှတ်အမြင့်ဆုံးဖြင့် အောင်နိုင်သူ ၁၀ ဦးသည် ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးဖြင့် မြောက်ဝင်ရိုးစွန်းသို့ (၁၀) ရက်ကြာ အခမဲ့သိပ္ပံလေ့လာရေးခရီး သွားရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
 
ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၃ ရက် နောက်ဆုံးထား၍ တရားဝင်ဝက်ဘ်ဆိုက် https://goarctic.energy/ တွင် အွန်လိုင်းမှတစ်ဆင့် အခမဲ့စာရင်းသွင်းပြီး ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်သူများသည် အဆင့်(၁) အနေဖြင့် မေ ၅ ရက်မှ ဇွန် ၃ ရက်ကာလအတွင်း အွန်လိုင်းဉာဏ်စမ်းမေးခွန်း (Quiz) ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုရာတွင် သိပ္ပံအခြေပြု ဉာဏ်စမ်းပဟေဠိ (Quiz) ကို ဖြေဆိုရမည်ဖြစ်သည့်အပြင် မေးခွန်းအားလုံးဖြေဆိုကာ သတ်မှတ်ရမှတ်ရရှိသူများ အဆင့် (၂) သို့ တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း။
 
အဆင့် (၂) အနေဖြင့် မေ ၁၈ ရက်မှ ဇွန် ၃ ရက်ကာလအတွင်း Webinars ဆွေးနွေးပွဲများ တက်ရောက်ရမည်ဖြစ်ပြီး အဆင့် (၁) အောင်မြင်သူများသည် အာတိတ်ဒေသရေကြောင်းပို့ဆောင်ရေး ဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရန် အသုံးပြုသည့် နည်းပညာများအပါအဝင် Rosatom ၏ ဆန်းသစ်သော ဖြေရှင်းချက်များနှင့် ပတ်သက်သည့် အွန်လိုင်း Webinar များကို လေ့လာ၍ စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း။
 
အဆင့် (၃) အနေဖြင့် ဇွန် ၅ ရက်မှ ၁၅ ရက်ကာလအတွင်း ဗီဒီယိုတင်ဆက်မှု (Video Presentation) ပြုလုပ်ရမည်ဖြစ်ပြီး အဆင့် (၁) နှင့် အဆင့် (၂) တို့တွင် စုစုပေါင်းရမှတ် အမြင့်ဆုံးရရှိသည့် နိုင်ငံများမှ ဆန်ခါတင် ၁၀ ဦးသည် နောက်ဆုံးအဆင့် လုပ်ဆောင်ချက်ခေါင်းစဉ်နှင့် သက်ဆိုင်သည့် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို "Video Business Card" (ဗီဒီယိုဖြင့် မိတ်ဆက်တင်ပြခြင်း) ပုံစံဖြင့် တင်ပြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲရလဒ်များကို ဇွန်လတွင် ကြေညာမည်ဖြစ်ပြီး ဆုရရှိသူများသည် မြောက်ဝင်ရိုးစွန်းသို့ သွားရောက်မည့် ကမ္ဘာ့အဆင့်အထူးခရီးစဉ် လက်မှတ်ကို ဆွတ်ခူးရရှိမည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါအစီအစဉ်နှင့် ပတ်သက်၍ RAIN ကိုယ်ပိုင်အဖွဲ့အစည်းမှ ပြန်ကြားရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် အလက်ဇန္ဒားယူးစတပ်စ်က “ဗဟုသုတရေခဲခွဲသင်္ဘော (Icebreaker of Knowledge) စီမံကိန်းကို နိုင်ငံတကာအဆင့်အနေနဲ့ ကျင်းပတာ ဒါဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၂ နိုင်ငံက ကလေးငယ်တွေဟာ နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးနဲ့ မြောက်ဝင်ရိုးစွန်းဆီကို စိတ်လှုပ်ရှားဖွယ်ရာ ပညာပေးခရီးစဉ်နဲ့ စတင်ကြမှာပါ။ ၁၀ ရက်တာအတွင်းမှာ သူတို့ဟာ ထိပ်တန်းသိပ္ပံပညာရှင်တွေ၊ သိပ္ပံပညာပြန်ကြားရေး ကျွမ်းကျင်သူတွေ၊ ဘလော့ဂါတွေနဲ့အတူ အာတိတ်ဒေသကို လေ့လာစူးစမ်းကြမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ကမ္ဘာ့အမြင့်ဆုံးအမှတ်ကို ရရှိဖို့အတွက်သာမက ဗဟုသုတအမြင်တွေ ကျယ်ပြန့်လာစေဖို့၊ မိတ်ဆွေသစ်တွေရရှိဖို့၊ စံချိန်သစ်တွေတင်နိုင်ဖို့နဲ့ ဝင်ရိုးစွန်းဝက်ဝံတွေကို မြင်တွေ့နိုင်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်” ဟု ပြောကြားသည်။
13👍9❤‍🔥1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ

မေ ၃၀၊ ၂၀၂၆

‌‎နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတ နိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် မေ ၃၀ ရက်၊ နံနက် ၈ နာရီက နေပြည်တော် တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွား‌ကြောင်းသိရသည်။

‎အဆိုပါ‎နိုင်ငံတော် သမ္မတ ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော် ဒုတိယသမ္မတများ ဖြစ်ကြသော ဦးညိုစော နှင့် ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးက တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ယင်းခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှု နှင့် အသေးစား၊ အငယ်စား ၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး၊ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ဆွေ ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ လိုက်ပါသွား‌ကြောင်းသိရသည်။

NOM
👍205❤‍🔥1
ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညို

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းများဆပ်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် မှတ်တမ်းတင်လက်မှတ်ရေးထိုးကာ ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။
👍9🙏41❤‍🔥1