News Of Myanmar
12.7K subscribers
24.6K photos
3.36K videos
3 files
6.61K links
Download Telegram
မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
 
မေ ၂၈၊ ၂၀၂၆
 
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် နယ်မြေဒေသအသီးသီး၌ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေစစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ စွမ်စော်ရပ်ကွက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၂၈ ဦးကို လုပ်ကိုင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
 
လုံခြုံရေးပူးပေါင်းအဖွဲ့များက မူဆယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ ယနေ့ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေစစ်ဆေးရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့အား အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၉၆ လုံး၊ All In One ကွန်ပျူတာ ၃၅ လုံး၊ Laptop ၁ လုံး၊ Power Station (အကြီး) ၁လုံး ၊ Power Station (အသေး) ၁ လုံး ၊ WiFi စက် ၃ လုံး၊ ဘတ္ထရီဆိုင်ကယ် ၅ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
 
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများနှင့် ပြစ်မှုကျူးလွန်သူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
👍171
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီ (Araqchi) အမေရိကန် အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် ဝစ်ကော့ဖ် (Witkoff) အီရန် လွှတ်တော်ဥက္ကဋ္ဌ ကာလီဘတ်ဖ် (Qalibaf) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမက်ဖြစ်သူ ကွတ်ရှ်နာ (Kushner) နဲ့ တခြားသူတွေကြားထဲမှာ တစ်စုံတစ်ရာသော သဘောတူညီမှုမျိုး ရှိနေနိုင်ပါတယ်။

ဒါပေမဲ့ အစ္စလာမ်မစ်တော်လှန်ရေးရဲ့ အဓိကခေါင်းဆောင်ကြီးကတော့ ခွင့်ပြုချက်တစ်စုံတရာပေးမထားပါဘူး။ – i24

NOM
👍21😡1
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးသင်တန်းသားများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကားပြောကြား။
👍248
ရန်ကင်းမြို့နယ်စက်မှု ၁ လမ်း မကြီးပြန်ဖွင့်
NOM၊မေ၂၉၊၂၀၂၆
ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းရှိ ဗဟိုဘဏ်နှင့်Passport ရုံးရှေ့ စက်မှု (၁) လမ်းမကြီးကို မေလ ၂၈ ရက် နံနက် ၁၁ နာရီက စတင်ကာလမ်းပိတ်ဆို့ထားမှုများ ဖယ်ရှားပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်‌ေကြာင်းသိရသည်။
အဆိုပါလမ်းပိုင်းကို လုံခြုံရေးအခြေအနေများကြောင့် ကာလအတန်ကြာ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လမ်းပြန်ပွင့်သွားပြီဖြစ်သဖြင့် ယခင်ကကဲ့သို့ လမ်းလွှဲမောင်းနှင်စရာ မလိုတော့ဘဲ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။
👍1910
ရန်ကုန်-ဒလ စက်လှေတိမ်းမှောက်သုံးဦး ပျောက်ဆုံးနေ
NOM၊မေ၂၉၊၂၀၂၆
ရန်ကုန်-ဒလ ဘက်ကို ကူးသန်းနေသည့် စက်လှေတစ်စီးသည် မေ၂၈ရက်နေ့ ညနေပိုင်းက တိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည်သုံးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာရန်ကုန်မော်တင်ဆိပ်ကမ်းမှ ဒလမြို့ မှော်စက်ရပ်ကွက်သို့ သွားသည့် ခရီးသည်၁၂ ဦး လိုက်ပါလာစက်လှေတစ်စီးသည်ကားတင်သည့် ဇက်ဖြင့်တိုက်မိပြီးကိုး ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
ယင်းတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးသူများကို တာဝန်ရှိသူနှင့် အဖွဲ့အစည်းများက ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
😢15👍61
ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၇၅ ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်
 
မေ ၂၈၊ ၂၀၂၆
 
နိုင်ငံတော်အစိုးရသည် ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အခက်အခဲများ ကြုံတွေ့လာပါက နိုင်ငံသားများအပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့က သက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
 
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာသံရုံး (ဖနောင်ပင်) သို့ ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသများရှိ Online scam အလုပ်ရုံများမှ ထွက်ပြေးရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၃၀ တို့ကို တပ်မတော်လေယာဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ရန်ကုန်မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်သို့ မွန်းလွဲ ၁ နာရီကျော်တွင် ရောက်ရှိခဲ့သည်။
 
နိုင်ငံတော်အစိုးရအနေဖြင့် အမိနိုင်ငံသားများ ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲများ ကြုံတွေ့ရပါက မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်းကူညီဆောင်ရွက်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ထိုသို့ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
👍157
လူရွှင်တော် ပန်းသီး အသည်းကင်ဆာဖြင့် ကွယ်လွန်
NOM၊မေ၂၉၊၂၀၂၆
သီး‌လေးသီးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် လူရွှင်တော် ပန်းသီး (ခ) ဦးမျိုးဇော်သည် ယနေ့ (မေ ၂၉ ရက်)မွန်းလွဲ ၁ နာရီတွင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။

လူရွှင်တော် ပန်းသီး(ခ) ဦးမျိုးဇော်သည် ၁၉၇၇ခုနှစ်၊အောက်တိုဘာ ၂၀ ရက်တွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်၌ အသက် ၄၉နှစ်ရှိ ပြီဖြစ်သည်။

၎င်းသည် မကွယ်လွန်မှီ ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် ကျန်းမာရေးအခြေအနေအရ အနုပညာလုပ်ငန်းများ လတ်တလောနားမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့သေးသည်။

သီးလေးသီးအဖွဲ့ဝင် ကြယ်သီး မှလည်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်"ချစ်သူငယ်ချင်းမောင်မျိုးဇော်(ခ) ပန်းသီး လားရာသုဂတိကောင်းပါစေ"ဟု ရေးသားဖော်ပြထားသည်။
😢7👍51
နေရပ်စွန့်ခွါသူများကို မိမိ ဒေသပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ပေးသွားမည်ဟုကုလပြော
NOM၊မေ၂၉၊၂၀၂၆

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis သည်မေ ၂၈ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ၌ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်တွေ့ဆုံစဥ်နေရပ်စွန့်ခွာရွှေ့ပြောင်းရသူများကို မိမိ ဒေသပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ပေးသွားမည်ဟုပြောကြားခဲ့သည်။

ယာယီညှိနှိုင်းရေးမှူးက မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးကို ထိထိရောက်ရောက်ဆောင်ရွက်နေသည်ကို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်စေရေး အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့်အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်နီးချင်းနှင့် ဒေသတွင်း
နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေ မူကြမ်းရေးဆွဲထားပြီးဖြစ်၍ လာမည့်လွှတ်တော်အစည်းအဝေးများတွင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေမူကြမ်းအား ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
👍95❤‍🔥1
အကြမ်းဖက်အုပ်စုအတွက်ဝါဒဖြန့်ပေးသူကိုဖမ်းဆီး
NOM၊မေ၂၉၊၂၀၂၆

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Mya Thida Win 8811” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ မြသီတာဝင်း(ခ)ရှမ်းမအား ည ၆ နာရီ ၂၅ မိနစ်တွင် မတ္တရာမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ သည်။
👍125
အကြမ်းဖက်အဖွဲ့၏သတ်ဖြတ်မှုကြောင့်အပြစ်မဲ့ပြည်သူနှစ်ဦးသေဆုံး

NOM မေ၂၉၊ ၂၀၂၆

၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်တွင်မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နေ ဦးထွန်းထွန်း (၂၉) နှစ်သည် သထုံမြို့မှ ဘီးလင်းမြို့သို့မော်တော် ယာဉ်တစ်စီးဖြင့် ပြန်လည်ထွက်ခွာလာစဉ် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ် ကျေးရွာအနီးအရောက် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်း အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ၎င်းတွင် ကျည် ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင် ကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးတင့် (၆၅) နှစ်သည် ငါးလုံးတင်ကျေးရွာမှ မုံရွာမြို့သို့ ၎င်းပိုင်မော်တော် ယာဉ် ဖြင့် ထွက်ခွာလာစဉ် ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာအနီး အရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ်အား တားဆီး၍ ဖမ်းဆီးခေါ်ဆောင် သွားကာ မှန်ချိုကျေးရွာ၏အရှေ့ဘက် မီတာ ၃၀၀ ခန့်အကွာ မီးရထားသံလမ်းဘေး၌ ဦးစိုးတင့်အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍မော်တော် ယာဉ်အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးစိုးတင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

NOM
👍6😢51🔥1😡1
ဆိပ်ဖြူမြို့နယ်၊ ချထောက်ကျေးရွာနေ အခြေခံပညာမူလတန်းလွန်ကျောင်း (စမ်းရေယာဉ်) မှ လက်ထောက်မူလတန်းပြဆရာမတစ်ဦးကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွား

မေ ၂၉၊ ၂၀၂၆

မကွေးတိုင်း ဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ချထောက်ကျေးရွာနေ အခြေခံပညာမူလတန်းလွန်ကျောင်း (စမ်းရေယာဉ်) မှ လက်ထောက်မူလတန်းပြဆရာမ ဒေါ်ဆန်းမြင့်ဌေး (၅၀) နှစ်သည် မေလ ၂၆ ရက်နေ့ ည ၁၁ နာရီအချိန်၌ ၎င်း၏နေအိမ်၌တွင် ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက် ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

NOM
😡8👍71
သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွား

မေလ ၂၉၊ ၂၀၂၆

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်အောင်ဆန်း (ခ) ဆန်းဆန်း (၅၀) နှစ်သည် မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ အဆိုပါရပ်ကွက်ရှိ "ရှစ်တော(၂)" စားသောက်ဆိုင်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

NOM
👍8😡5
ထရမ့်ပုံဖြင့်ငွေစက္ကူထုတ်ရန်ငြင်းဆန်သူဌာနအပြောင်းခံရ
NOM
၁၈၆၆ ခုနှစ်ကတည်းက သက်ရှိပုဂ္ဂိုလ်တစ်ဦးကို ငွေစက္ကူပေါ်တွင် ထည့်သွင်းဖော်ပြခြင်းမှာ တရားမဝင်ကြောင်း အမေရိကန် ဥပဒေအရသတ်မှတ်ထားသော်လည်း အေမရိကန်သမ္မတထရမ့်သည်သူ၏ ပုံတူပါဝင်သည့် ၂၅၀ ဒေါ်လာတန် ငွေစက္ကူကို ဒီဇိုင်းထုတ်ရန် ငွေပုံနှိပ်တိုက် (Bureau of Engraving and Printing) ကို ဖိအားပေးခဲ့သည်။

ထိုငွေစက္ကူသည် တရားမဝင်ကြောင်းနှင့် တရားရေးဆိုင်ရာ ကန့်သတ်ချက်များ မရှိသည့်တိုင်ထုတ်ဝေရန် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဟု ၎င်း ငွေပုံနှိပ်စက်မှူးက ပြောကြားပြီးနောက် သူမသည် ဘဏ္ဍာရေးဌာနမှ ရာထူးပြောင်းရွှေ့ခြင်းခံခဲ့ရသည်။
👍118😢2
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းတွင်အားကစားရုံအတွင်းဝင်ရောက်ပြီးအဓမ္မစစ်သားစုဆောင်းသူများကိုအားကစားသမားများကထိုးကြိတ်နှင်ထုတ်လိုက်သည်။
👍30
ငါန်းဇွန်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်သို့ PDF အကြမ်းဖက်အဖွဲ့က လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

မေလ ၂၉၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်သို့ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများ ပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ မြို့နယ်သမဝါယမရုံးဝင်းအတွင်း လက်လုပ်စိန်ပြောင်းဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် သမဝါယမရုံးဝင်းအတွင်း နေထိုင်သူများဖြစ်ကြသည့် ဦးမောင်နိုင် (၅၀) နှစ်နှင့် မောင်အောင်ကောင်းမြတ် (၅) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ငါန်းဇွန်မြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

NOM
😢4😡32👍2