News Of Myanmar
12.7K subscribers
24.6K photos
3.35K videos
3 files
6.61K links
Download Telegram
နေပြည်တော် ငလိုက်ဆည်ရေလွှတ်ရေမြောင်းအတွင်း အမျိုးသားတစ်ဦးရေနစ်‌သေဆုံး
NOM၊မေ၂၈၊၂၀၂၆
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ငလိုက်ဆည်ရေလွှတ်ရေမြောင်းအတွင်း ယမန်နေ့ (မေ၂၇)ရက် မွန်လွဲ ၁နာရီ၃၀မိနစ်တွင်အမျိုးသားတစ်ဦးရေနစ်‌သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။

ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန်အရှေ့ရွာအနောက်ဘက်ရှိ ငလိုက်ဆည်ရေလွှတ်ရေ မြောင်းအတွင်း အမျိုးသားတစ်ဦးရေနစ်နေသဖြင့် တောငညို(ယာယီ)နယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေ
ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရေနစ်သေဆုံးသူအမျိုးသားအား သဟပုညကာရီပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
👍7😢52💔1
အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ဇွန်လပထအပတ်တွင်ဝင်ရောက်မည်
NOM၊မေ၂၈၊၂၀၂၆
အနောက်တောင်မုတ်သုံလေသည် လာမည့် ဇွန် ၁ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်
ပြန်ထား ကြောင်းသိရသည်။

ဇွန်လပတ်အတွင်းခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ၂၂ ရက်မှ ၂၈ ရက်ခန့်၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် ၁၆ ရက်မှ ၂၁ ရက်ခန့် နှင့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း(အောက်ပိုင်း)တို့တွင်မူ ဆယ်ရက် မှ ၁၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
👍152
ယာဉ်အို/ ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေးကြေညာချက်
မေ၂၈၊၂၀၂၆
👍17❤‍🔥4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်

President of the Republic of the Union of Myanmar H.E. U Min Aung Hlaing to make official visit to India
👍195❤‍🔥4
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးမီဒီယာများ၏ အဆိုအရ ဟစ်ဇဘိုလာ ခေါင်းဆောင် ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်ပုံရ

ဖေဖော်ဝါရီလနောက်ပိုင်း အရှိန်အဟုန်အပြင်းဆုံး ဖြစ်ပွားလာသည့် ပဋိပက္ခအတွင်း ဟစ်ဇဘိုလာ ခေါင်းဆောင် ရှိတ်ခ် နိုင်မ် ကာဆမ် (Sheikh Naim Qassem) အား နှစ်ကြိမ်တိုင်တိုင် လုပ်ကြံရန် ကြိုးပမ်းမှု အပါအဝင် အခြားအဆင့်မြင့် ခေါင်းဆောင်ပိုင်းများအပေါ် လုပ်ကြံသတ်ဖြတ်ရန် အစ္စရေး​၏ ကြိုးပမ်းမှု အားလုံးနီးပါး ကျရှုံးခဲ့သည်။

ဟစ်ဇဘိုလာအဖွဲ့သည် ၂၀၂၃-၂၀၂၄ စစ်ပွဲအတွင်း ကြုံတွေ့ခဲ့ရသည့် ထောက်လှမ်းရေးဆိုင်ရာ ကျရှုံးမှုများမှ သင်ခန်းစာယူနိုင်ခဲ့ပုံရသည်။

NOM
👍201😡1
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၄ ထပ်လူနေအဆောက်အအုံ ၃ လုံးအား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး

မေ ၂၈၊ ၂၀၂၆
👍16
နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံသို့ ခရီးစဉ်။
👍15❤‍🔥21
မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
 
မေ ၂၈၊ ၂၀၂၆
 
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် နယ်မြေဒေသအသီးသီး၌ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေစစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ စွမ်စော်ရပ်ကွက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၂၈ ဦးကို လုပ်ကိုင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
 
လုံခြုံရေးပူးပေါင်းအဖွဲ့များက မူဆယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ ယနေ့ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေစစ်ဆေးရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့အား အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၉၆ လုံး၊ All In One ကွန်ပျူတာ ၃၅ လုံး၊ Laptop ၁ လုံး၊ Power Station (အကြီး) ၁လုံး ၊ Power Station (အသေး) ၁ လုံး ၊ WiFi စက် ၃ လုံး၊ ဘတ္ထရီဆိုင်ကယ် ၅ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
 
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများနှင့် ပြစ်မှုကျူးလွန်သူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
👍171
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီ (Araqchi) အမေရိကန် အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် ဝစ်ကော့ဖ် (Witkoff) အီရန် လွှတ်တော်ဥက္ကဋ္ဌ ကာလီဘတ်ဖ် (Qalibaf) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမက်ဖြစ်သူ ကွတ်ရှ်နာ (Kushner) နဲ့ တခြားသူတွေကြားထဲမှာ တစ်စုံတစ်ရာသော သဘောတူညီမှုမျိုး ရှိနေနိုင်ပါတယ်။

ဒါပေမဲ့ အစ္စလာမ်မစ်တော်လှန်ရေးရဲ့ အဓိကခေါင်းဆောင်ကြီးကတော့ ခွင့်ပြုချက်တစ်စုံတရာပေးမထားပါဘူး။ – i24

NOM
👍21😡1
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးသင်တန်းသားများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကားပြောကြား။
👍248