စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ရောက်ရှိနေသည့်ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ချင်းပြည်နယ်၊ တီးတိန်မြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်
မေ ၂၇၊ ၂၀၂၆
မေ ၂၇၊ ၂၀၂၆
👍17❤2
အမျိုးသမီးငယ်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်
မေ ၂၇၊ ၂၀၂၆
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့တွင် အမျိုးသမီးငယ်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နေ မ-------၊(၁၀/၂၀၂၆) နှစ်သည် အိမ်ချင်းကပ်လျက်ရှိသည့် ရွှေနဒီရွှေနှင့် စာရေးကိရိယာအရောင်းဆိုင်မှ ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းလွင်ဦး (ခ) ကိုလေး၊ (၆၁) နှစ်၊ (ဘ) ဦးမြကျော်၊ ပန်းတိမ်ဆရာ၊ အမှတ် (၅) ရပ်ကွက်၊ လယ်ဝေးမြို့နေသူနှင့် ခင်မင်ရင်းနှီးခဲ့ပြီး ဆိုင်သို့မကြာခဏ သွားရောက်ဆော့ကစားလေ့ရှိကြောင်း၊ ၂၀၂၃ ခုနှစ် (ရက်/လ) မမှတ်မိတွင် ဦးဝင်းလွင်ဦး (ခ) ကိုလေးသည် မှန်ကောင်တာနောက်ရှိ ထိုင်ခုံပေါ်တွင်ထိုင်၍ ၎င်းအား ပေါင်ပေါ်တွင် ထိုင်စေပြီး ပွေ့ဖက်ခြင်း၊ လိင်အင်္ဂါအား ကိုင်တွယ်ခြင်းများ ပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်နေစဉ် ဦးဝင်းလွင်ဦး (ခ) ကိုလေးက ၎င်းအား ဖုန်းပေးကိုင်၍ ဂိမ်းဆော့စေခိုင်းထားကြောင်း။
နောက်တစ်နေ့တွင် ဦးဝင်းလွင်ဦး (ခ) ကိုလေးက ဆိုင်ပိုင်ရှင်များမရှိသည့် အချိန်တွင် အိမ်အပေါ်ထပ်ရှိ ဘုရားခန်းသို့ ခေါ်ဆောင်၍ ၎င်း၏ ဘောင်းဘီအားချွတ်ပြီး မဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးခဲ့ကြောင်း၊ ဦးဝင်းလွင်ဦး (ခ) ကိုလေးက အဆိုပါဗီဒီယိုများအား Kolay 147147@gmail.com Google Drive တွင် သိမ်းဆည်းထားရှိခဲ့ကြောင်း စိစစ်သိရှိရသဖြင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (နေပြည်တော်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ လယ်ဝေးမြို့မရဲစခန်း(ပ)၅၂/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် မေ ၂၅ ရက်တွင် လယ်ဝေးခရိုင်တရားရုံးမှ တရားခံ ဦးဝင်းလွင်ဦး (ခ) ကိုလေးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

👍9😡4❤2
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ထုတ်ပြန်ချက်–
'အရုဏ်ဦးအချိန်က ဘန်ဒါအာဘတ်စ် (Bandar Abbas) လေဆိပ်ဆင်ခြေဖုံးရှိ နေရာတစ်ခုကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက်၊ အဆိုပါ ရန်စကျူးလွန်မှု စတင်ရာအရင်းအမြစ်ဖြစ်သော အမေရိကန် လေတပ်အခြေစိုက်စခန်းကို နံနက် ၀၄:၅၀ နာရီတွင် ပြန်လည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
ယခုတုံ့ပြန်မှုသည် အီရန်နိုင်ငံအပေါ် မည်သည့်ရန်စကျူးလွန်မှုမဆို တုံ့ပြန်မှုမရှိဘဲ ပြီးဆုံးသွားမည်မဟုတ်ကြောင်း ရန်သူ သိရှိစေရန် ပြင်းထန်သော သတိပေးချက်တစ်ခုဖြစ်ပြီး၊ အကယ်၍ ထပ်မံကျူးလွန်လာပါက ကျွန်ုပ်တို့၏ တုံ့ပြန်မှုမှာ ယခုထက်မက ပိုမိုပြတ်သားလိမ့်မည် ဖြစ်သည်။
ယခုကျူးလွန်မှု၏ နောက်ဆက်တွဲအကျိုးဆက်များအတွက် ရန်စကျူးလွန်သူ (အမေရိကန်) တွင်သာ လုံးဝတာဝန်ရှိလိမ့်မည် ဖြစ်သည်။'
NOM

👍24❤3💔1
အမေရိကန်တရားရေးဌာနသည် ဒေါ်နယ်ထရမ့်အား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခဲ့သူ အီး ဂျင်း ကာရိုးလ် (E. Jean Carroll) အပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်လိုက်ပြီဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
အဆိုပါ စုံစမ်းစစ်ဆေးမှုသည် သမ္မတအပေါ် တရားမကြောင်းအရ တရားစွဲဆိုထားသည့် အမှု (၂) ခုနှင့် ပတ်သက်၍ သက်သေထွက်ဆိုချက်ပေးရာတွင် ကာရိုးလ်အနေဖြင့် တရားရုံးတွင် မဟုတ်မမှန် သက်သေထွက်ဆိုမှုကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ ဆိုသည့်အချက်အပေါ် အဓိကထား လုပ်ဆောင်နေခြင်းဖြစ်သည်။

👍12😱7
မြန်မာ - တရုတ် နှစ်နိုင်ငံ ပြန်ကြားရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး
မေ ၂၇၊ ၂၀၂၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဌာန၏ ဒုတိယအကြီးအကဲနှင့် အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားအုပ်ချုပ်မှုဆိုင်ရာဝန်ကြီး မစ္စ ချောင်ရှုမင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျား တက်ရောက်သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေး၊ ယဉ်ကျေးမှုဖလှယ်နိုင်ရေးနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်နိုင်ရေး၊ မှတ်တမ်းရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ ပူးပေါင်းရိုက်ကူးနိုင်ရေး၊ လူငယ်နှင့် နည်းပညာဆိုင်ရာကဏ္ဍ ပူးပေါင်းတီထွင်ဖန်တီးမှုများ ဖလှယ်နိုင်ရေး၊ မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု သဘောတူစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် မစ္စ ချောင်ရှုမင်းနှင့် အဖွဲ့သည် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းနှင့်အတူ နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက်ပြီး မြန်မာ - တရုတ် နှစ်နိုင်ငံ မီဒီယာပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် ပျော်ရွှင်လေ့လာတရုတ်စာသင်ခန်းစာ အသံသွင်းမှုကိုလည်းကောင်း၊ Vitual Studio တွင် မြန်မာ- တရုတ် ချစ်ကြည်ရေးတေးသီချင်း ရိုက်ကူးမှုကိုလည်းကောင်း၊ News Channel Studio တွင် သတင်းထုတ်လွှင့်မှုကိုလည်းကောင်း၊ Audiotorium ခန်းမတွင် တရုတ် - မြန်မာ ချစ်ကြည်ရေးအဖြစ် ရှမ်းပဲပုပ်သီချင်းအား မြန်မာ - တရုတ် နှစ်ဘာသာဖြင့် သီဆိုလေ့ကျင့်နေမှုကိုလည်းကောင်း၊ စိန်ရတုပြတိုက်အတွင်းတွင်လည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက နေပြည်တော် Horizon Lake View Resort ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

👍14❤3
ဒေါ်လာသန်း ၄၀ တန်ဖိုးရှိ ရွှေတုံးများနှင့်အတူ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦး
ဒေးဗစ် ရပ်ရှ် (David Rush) ဆို သူဟာ ထိပ်တန်းလျှို့ဝှက်ချက်များကြည့်ရှုခွင့် (Top Secret clearance) ရရှိထားတဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ စီအိုင်အေ (CIA) ရဲ့ အဆင့်မြင့်အရာရှိဟောင်းတစ်ဦး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကနေ မတ်လအတွင်း သူက စီအိုင်အေရဲ့ နည်းပညာနဲ့ စပိုင်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေမှာ သုံးစွဲဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေတုံး (၃၀၃ တုံး၊ စုစုပေါင်း ၃၀၃ ကီလိုဂရမ်ခန့်) နဲ့ နိုင်ငံခြားငွေတွေကို ထုတ်ယူခဲ့တာ ဖြစ်ပါတယ်။
FBI က ၎င်းရဲ့ ဗာဂျီးနီးယားပြည်နယ်က နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ အဆိုပါ ဒေါ်လာ ၄၀ သန်းကျော်တန် ရွှေတုံးတွေအပြင် အမေရိကန်ဒေါ်လာ ၂ သန်းခန့်နဲ့ ရိုးလက်စ် Rolex အပါအဝင် ဇိမ်ခံနာရီ ၃၅ လုံးကိုပါ ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး ၎င်းကို ပြည်သူ့ဘဏ္ဍာ ခိုးယူမှုဖြင့် ဖမ်းဆီးတရားစွဲဆိုထားပါတယ်။

👍23❤2💔1😡1
ဗီဒီယို - 'ကျွန်တော်တို့အတွက် ရေနံလည်း မလိုဘူး။ ဟော်မုဇ်ရေလက်ကြားလည်း မလိုဘူး။ ဘာတစ်ခုမှ မလိုဘူး။' ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။
ဓါတ်ပုံ - ထရမ့်၏ 'ရေနံမလိုပါ' ဟု ပြောဆိုချက်အပေါ် အီရန်နိုင်ငံက လှောင်ပြောင်သရော်လိုက်သည်။

👍21👎3❤1😨1
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို
မေ ၂၇၊ ၂၀၂၆
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် ရွှေကျင်-ဘောကထနှင့် ဒေသတဝိုက်၌ နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီးပြန် လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏ နေ့စဉ်လူမှုစီးပွားဘဝများတွင် စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် အသက်ကိုပဓာနမထားဘဲ ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသော ရှေ့တန်းပြန်နိုင်ငံသားကောင်းတပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အိုးစည်ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း၊ ဝမ်းမြောက်စွာသောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

👍17❤7
ဒေါ်နယ်ထရန့် (ကျွဲ) အား လူကြိုက်များမှုကြောင့် ဘင်္ဂလားဒေ့ရှ် အိဒ်နေ့တွင် ယဇ်ပူဇော်ခံရမည့်ဘေးမှ ကယ်တင်နိုင်ခဲ့
ရိုက်တာ (Reuters) သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ "ဒေါ်နယ်ထရန့်" လို့ အမည်ပေးထားတဲ့ ကျွဲတစ်ကောင်ဟာ သူ့ရဲ့ ရေပန်းစား လူကြိုက်များမှုကြောင့် အိဒ် (Eid) ပွဲတော်နေ့မှာ ယဇ်ပူဇော်ခံရမည့်ဘေးကနေ လွတ်မြောက်သွားခဲ့ပါတယ်။
အလေးချိန် ကီလိုဂရမ် ၇၀၀ (ပေါင် ၁,၅၀၀) ရှိတဲ့ ဒီကျွဲသိုးကြီးဟာ ရှားပါး အယ်လ်ဘီနို (Albino) သားကောင် (အသားဖြူအမျိုးအစား) ကျွဲတစ်ကောင်ဖြစ်ပြီး အမေရိကန်သမ္မတရဲ့ ထူးခြားတဲ့ ဆံပင်ပုံစံနဲ့ ဆင်တူတဲ့ ဖားလျားကျနေတဲ့ ဆံပင်ကေလို အမွေးအမှင်မျိုး ရှိနေတာ ဖြစ်ပါတယ်။ ၎င်းကို အိဒ်ပွဲတော်နေ့အထိမ်းအမှတ်အဖြစ် သားသတ်ဖို့ သတ်မှတ်ထားခဲ့တာပါ။
ဒါပေမဲ့ အသတ်ခံရဖို့ နာရီပိုင်းအလိုမှာပဲ အွန်လိုင်းပေါ်မှာ အကြီးအကျယ် ရေပန်းစားလာခဲ့တဲ့ အဆိုပါတိရစ္ဆာန်ကို ကယ်တင်ဖို့အတွက် အစိုးရက ကြားဝင်စွက်ဖက်ခဲ့ပါတယ်။
အမျိုးသားတိရစ္ဆာန်ရုံရဲ့ ပြတိုက်မှူးဖြစ်သူ အာတီကာ ရာမန် (Atiqur Rahman) က ဒီကျွဲကြီးကို ကောင်းမွန်စွာ စောင့်ရှောက်ထားရှိသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

👍24❤4😱3🕊1😨1
ကနေဒါနိုင်ငံက အမေရိကန်ကာကွယ်ရေးကန်ထရိုက်တာများအပေါ် မှီခိုနေရမှုကို လျှော့ချရန် ဆွီဒင် Saab ကုမ္ပဏီမှ အစောပိုင်းသတိပေးလေယာဉ်များ ဝယ်ယူမည်
အမေရိကန် ကာကွယ်ရေးကန်ထရိုက်တာများအပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် ကနေဒါနိုင်ငံသည် ဆွီဒင်ကာကွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဆပ်ဘ် (Saab) ကုမ္ပဏီထံမှ အစောပိုင်းသတိပေးလေယာဉ် (Early Warning Aircraft) အုပ်စုတစ်စုကို ဝယ်ယူရန် စီစဉ်နေပြီး ပြိုင်ဘက် ဘိုးအင်း (Boeing) ကုမ္ပဏီ၏ တင်ဒါကို ပယ်ချကာ မဟာဗျူဟာမြောက် ခြေလှမ်းတစ်ရပ် လှမ်းလိုက်ပြီ ဖြစ်သည်။
ဗုဒ္ဓဟူးနေ့တွင် ဝန်ကြီးချုပ် မာ့ခ် ကာနီ (Mark Carney) က ဘန်ဘာဒီယာ (Bombardier) ၏ ဂလိုဘယ် ၆၅၀၀ (Global 6500) ဂျက်လေယာဉ်ပေါ်တွင် အခြေခံတည်ဆောက်ထားသည့် ဆပ်ဘ် ကုမ္ပဏီ၏ ဂလိုဘယ်အိုင် (GlobalEye) ဝေဟင်စောင့်ကြည့်ရေးစနစ်ကို ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့သည်။
အခြားရွေးချယ်စရာတစ်ခုဖြစ်သည့် ဘိုးအင်း ကုမ္ပဏီ၏ အီး-၇ ဝဂ်ချ်တေးလ် (E-7 Wedgetail) မှာမူ ယခင်က ကြန့်ကြာမှုများနှင့် ကုန်ကျစရိတ် မြင့်တက်မှုများကြောင့် ရှုံးနိမ့်သွားခဲ့ရသည်။
ထရန့်ကတော့ စိတ်ဆိုးတော့မှာပဲ။

👍23
ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ရွှေလိပ်ပြာဟိုတယ်အရှေ့ လမ်းဘေးရှိ လမ်းမီးတိုင်အား ကားတစ်စီး ဝင်တိုက်
NOM၊မေ၂၈၊၂၀၂၆
ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ရွှေလိပ်ပြာဟိုတယ်အရှေ့ လမ်းဘေးရှိ လမ်းမီးတိုင်အားယနေ့နံနက်၄နာရီက ကားတစ်စီး ဝင်တိုက်မိရာမှ ဓာတ်တိုင်လဲကျကာ နေရာအချို့တွင် မီးပြတ်တောက်သွားခဲ့သည်။
အခင်းဖြစ်ရာနေရာသို့ အနာဂတ်အလင်းတန်းပရဟိတအသင်းမှ အထောက်ကူပြုယာဉ်တစ်စီးနှင့် စေတနာ့ဝန်ထမ်းများက သွားရောက်ကူညီဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဖြစ်စဉ်တွင် မြို့နယ်လျှပ်စစ် EPC ဝန်ထမ်းများနှင့် ပူးပေါင်းကာ အသင်းပိုင် Hydraulic Cutter အသုံးပြု၍ ပြတ်ကျနေသော ဖုန်းကြိုး၊ Wi-Fi ကြိုးနှင့် Cable ကြိုးများအား ဖြတ်တောက်ဖယ်ရှားပေးခဲ့ပြီး လမ်းမပေါ်သို့ လဲကျနေသည့် လမ်းမီးတိုင်အား ရှင်းလင်းဖယ်ရှားကာ ယာဉ်သွားလာမှု အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

👍13❤2😢1😡1
တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် (ပထမ) အကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်
မေ ၂၇၊ ၂၀၂၆
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် တပ်မတော်သားမိသားစုဝင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူများအတွက် (ပထမ) အကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တည်ငြိမ်အေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများကလည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ တက်ရောက်ကြပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများက အမှာစကားများ ပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ကြပြီး ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

👍11❤5❤🔥1