အင်းစိန်မြို့နယ်တညင်းကုန်း စျေးအရှေ့တွင် ပြိုင်စက်ဘီးစီးလာသူတစ်ဦးကို ကွန်တိန်နာကားမှကြိတ် နေရာတွင်သေဆုံး
NOM၊မေ၂၆၊၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တညင်းကုန်းစျေးအရှေ့တွင် ယနေ့(မေ၂၆ရက်) နံနက် နာရီတွင် ပြိုင်စက်ဘီးစီးလာသည့်အမျိုးသားတစ်ဦးကို ကွန်တိန်နာကားမှကြိတ်
လိုက်သည့်အတွက်နေရာတွင်သေဆုံးခဲ့သည့်ဟုကနောင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
သေဆုံးသူမှာ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်တွင်နေထိုင်သည့် အသက် (၇၀) အရွယ်အမျိုးသားဖြစ်ပြီးလက်ရှိမိသာစုနှင့်ဆက်သွယ်ရရှိထားကြောင်းသိရသည်။
သေဆုံးသူအမျိုးသားအား ကနောင်လူမှုကူညီရေးအသင်းမှကားဖြင့် အင်းစိန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

👍9😨3
ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက်
NOM၊မေ၂၆၊၂၀၂၆
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ (မေ ၂၆ )ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်
ထားကြောင်း သိရသည်။
ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ မိုင်တိုင်အမှတ်
(၈၁/၁) ရှိ အာလောကွေ့တွင် ဆီဘောက်ဆာကားတိမ်းမှောက်ခဲ့သဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အအေးပေးခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

👍7😢3
အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့ရှိ အီရန်သံရုံး- အကယ်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယို (Rubio) သာ သမိုင်းကြောင်း ဒါမှမဟုတ် ဗိသုကာပညာအကြောင်းကို သိခဲ့မယ်ဆိုရင် ဒီနေရာမှာ ဓာတ်ပုံရိုက်ဖို့ ပို့စ် (pose) ပေးနေမှာ မဟုတ်ပါဘူး။ ဒီအထိမ်းအမှတ်အဆောက်အအုံဟာ ဧကရာဇ်ဘုရင်ရဲ့ အီရန်လူမျိုး ဇနီးသည်အပေါ်ထားတဲ့ အချစ်အတွက် တည်ဆောက်ခဲ့တာဖြစ်ပြီး အီရန်ဗိသုကာပညာရှင်တွေရဲ့ ပြောင်မြောက်တဲ့ လက်ရာနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့အစိုးရ (အမေရိကန်) ကတော့ ဒီကနေ့မှာ အခြားသော ယဉ်ကျေးမှုအစဉ်အလာတွေကို စော်ကားပြီး အီရန်ယဉ်ကျေးမှုအစဉ်အလာကို အမြစ်ပြတ်ချေမှုန်းပစ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။
NOM
NOM
👍19❤1
This media is not supported in your browser
VIEW IN TELEGRAM
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းပြီးနောက် ဂျပန်နိုင်ငံရဲ့ ပထမဆုံး ရေနံတင်သင်္ဘော ဂျပန်နိုင်ငံသို့ ဆိုက်ရောက်
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်ရေနံတင်သင်္ဘောတစ်စင်း ဖြတ်သန်းခွင့်ရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လက အီရန်နိုင်ငံဟာ "အိုင်ဒီမစ်ဆု မာရူ" (Idemitsu Maru) ရေနံတင်သင်္ဘောကို အဆိုပါရေကြောင်းလမ်းကနေ ဖြတ်သန်းသွားလာခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပါရှန်ကွေ့အတွင်း ဂျပန်နိုင်ငံပိုင် ရေနံတင်သင်္ဘော ၃၉ စင်း ကျန်ရှိနေပါသေးတယ်။

👍21❤2
ဂါဇာကူညီရေးရေယာဉ်စု တက်ကြွလှုပ်ရှားသူများကို တိုက်ခိုက်မှုကြောင့် အစ္စရေးရေတပ်အရာရှိ ၆၉ ဦးအပေါ် ဟက်ကာအဖွဲ့ ဟန်ဒါလာ Handala က ဒေါ်လာ ၁ သိန်း ဆုငွေထုတ်ကြောင်း ကြေညာ
အီရန်နှင့် ဆက်နွှယ်မှုရှိသော ဟန်ဒါလာ Handala အမည်ရ ဟက်ကာအဖွဲ့က ယခုလအစောပိုင်းက ဂါဇာဒေသ ပိတ်ဆို့ခံထားရမှုကို ချိုးဖျက်ရန် ကြိုးပမ်းခဲ့သည့် Sumud လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရေယာဉ်စုကို ကြားဖြတ်ဟန့်တားရာတွင် ပါဝင်ပတ်သက်ခဲ့သည့် အစ္စရေးရေတပ်အရာရှိ ၆၉ ဦး၏ ကိုယ်ရေးအချက်အလက်များကို ရရှိခဲ့ကြောင်း တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် တူရကီနိုင်ငံက ဦးဆောင်သည့် Global Sumud ရေယာဉ်စုပေါ်ရှိ တက်ကြွလှုပ်ရှားသူများကို တိုက်ခိုက်ခြင်းနှင့် နှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသော အရာရှိများ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ကိုယ်ရေးအချက်အလက်များကို ယခုအခါ လူသိရှင်ကြား ထုတ်ပြန်ထားပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ဟန်ဒါလာ Handala အဖွဲ့က ထိုအရာရှိ ၆၉ ဦးထဲမှ တစ်ဦးချင်းစီအတွက် တစ်ဦးလျှင် ဒေါ်လာ ၁၀၀,၀၀၀ စီ ဆုငွေ (ဘောင်တီ) ထုတ်ပေးမည်ဟု ကြေညာခဲ့ပြီး ၎င်းတို့ကို "ပင်လယ်ပြင်နှင့် ကမ္ဘာမြေတစ်ခွင်တွင် အကျင့်ပျက်ခြစားမှုနှင့် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသူများ" ဟု ဖော်ပြခဲ့သည်။
ထို့အပြင် အဆိုပါဟက်ကာအဖွဲ့က ၎င်းတို့အနေဖြင့် ကူညီရေးရေယာဉ်စုဘက်မှ ရပ်တည်ကြောင်း ကြေညာခဲ့ပြီး အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ (Itamar Ben-Gvir) အပါအဝင် အစ္စရေးအရာရှိများကို တိုက်ရိုက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကာ "ကုန်းပေါ်မှာဖြစ်စေ၊ ပင်လယ်ပြင်မှာဖြစ်စေ ကျူးလွန်တဲ့ ဘယ်လိုရာဇဝတ်မှုမျိုးမဆို တုံ့ပြန်မှုမရှိဘဲ ပြီးသွားမှာမဟုတ်ဘူး" ဟု သတိပေးပြောကြားခဲ့သည်။

👍22👎1
ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အား DEMU Spain ရထားများဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲမည်
NOM၊မေ၂၆၊၂၀၂၆
ရန်ကုန် - မန္တလေး မီးရထားလမ်းပိုင်းတွင်ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် အမှတ်(၉) အဆန် နှင့် အမှတ်(၁၀) အစုန် DEMU Spain ရထားများထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ကြေငြာချက်အရ သိရသည်။
အဆိုပါခရီးစဉ်ကို ဇွန်လ ၁ ရက်နေ့ စတင်ပြေးဆွဲသွားမည်ဖြစ် ကြောင်းသိရသည်။
ရန်ကုန်မှမန္တလေးကို ထွက်ခွာမည့် အမှတ်(၉)အဆန် ရထားသည် ရန်ကုန် မှ နံနက် ၈နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးသို့ညနေ ၆နာရီခွဲတွင် လည်းကောင်း ၊မန္တလေးမှရန်ကုန်သို့ထွက်ခွာမည့် အမှတ်(၁၀) အစုန်ရထားသည် မန္တလေး မှ နံနက် ၈နာရီခွဲတွင် ထွက်ခွါမည်ဖြစ်ပြီး ရန်ကုန် သို့ ညနေ ၆နာရီမီနစ်၄၀တွင်လည်းကောင်း ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ကြားဘူတာများအဖြစ်တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည် ဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

👍26
ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်သုံးမြို့နယ်တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲကျခဲ့
NOM မေ ၂၆၊ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်အတွင်း ယနေ့မေ၂၆ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များလဲကျခဲ့သည့်အတွက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ယနေ့ မေ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၂၄) ရပ်ကွက်၊ ရွှေယင်းမာ (၅) လမ်းတွင် သစ်ပင်လဲကျမှု ဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အလားတူ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် နံနက် ၁၁ နာရီ ၄၈ မိနစ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝေဠုဝန်တောင်ရပ်ကွက်၊ ဝေဠုဝန် (၃) လမ်းတွင် သစ်ပင်
လဲကျမှုများဖြစ်ပွားခဲ့ရာ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုနောက်ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင်နံနက် ၁၁ နာရီ ၃၂ မိနစ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိမ်ဖြူမီးရထားရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနှင့် မန္တလေးလမ်းထောင့်တွင် သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ရာ မင်္ဂလာတောင်ညွန်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

👍15
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် မြို့နယ်များတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေး
မေ ၂၆၊ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မရမ်းကုန်းခရိုင်၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အဆိုပါ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၂၆ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ တာဝန်ရှိသူများက ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဘောလ်ပင်များ၊ ခဲတံများနှင့် သင်ထောက်ကူပစ္စည်းများကို အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

👍17❤3
ရနောင်းတွင် မြန်မာကုန်တင်သင်္ဘော နစ်မြုပ်မှုဖြစ်ပွား၊ သင်္ဘောသား ၆ ဦးပါဝင်
NOM၊မေ ၂၄ ၊ ၂၀၂၆
ထိုင်းနိုင်ငံ ရနောင်းခရိုင်၊ မောင်ရနောင်းမြို့နယ် ပတ်နမ်ကျေးရွာအုပ်စုရှိ ရနောင်းရေလမ်းကြောင်းအနီးတွင် မေ ၂၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသားပိုင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း ရနောင်း ရေလုပ်ငန်းဝင်ထွက်ခွင့် ထိန်းချုပ်ရေးစင်တာက သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါသတင်းထုတ်ပြန်ချက်အရ PHYO HTET ZAW အမည်ရှိ မြန်မာကုန်တင်သင်္ဘောသည် မိုးသည်းထန်စွာ ရွာသွန်းနေစဉ် သင်္ဘောအတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီးနောက် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသင်္ဘောတွင် သင်္ဘောသား ၆ ဦး လိုက်ပါလာခဲ့ကြောင်း သိရပြီး၊ လက်ရှိအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း ရနောင်း ရေလုပ်ငန်းဝင်ထွက်ခွင့် ထိန်းချုပ်ရေးစင်တာက ထုတ်ပြန်ထားသည်။
ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

👍11😢9❤4❤🔥3😨1
ဘင်ဂျဘေးလ် (Bint Jbeil) မြို့တွင် အစ္စရေးစစ်သားများကိုတင်ဆောင်လာသည့် စစ်ကားတစ်စီးကို ဟစ်ဇဘိုလာအဖွဲ့က FPV တိုက်ခိုက်ရေးဒရုန်းဖြင့် ချေမှုန်း။
NOM
NOM
👍24❤4👎1
အမေရိကန် ရေနံတင်သင်္ဘောတစ်စင်းသည် ယနေ့ညဦးပိုင်းက ၎င်း၏ ရေဒါစနစ်ကို ပိတ်၍ ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းမောင်းနှင်ရန် ကြိုးပမ်းခဲ့သော်လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်၏ သတိပေးပစ်ခတ်မှုများကြောင့် ရပ်တန့်ကာ နောက်ကြောင်းပြန်လှည့်သွားခဲ့ရကြောင်း စစ်ဘက်ဆိုင်ရာ သတင်းမြစ်တစ်ခုက တာ့စ်နင် သတင်းဌာနသို့ ပြောကြားခဲ့သည်။
ထိုလုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်စစ်တပ်က ဘန်ဒါအာဘတ်စ် (Bandar Abbas) မြို့အနီးရှိ ဧရိယာတစ်ခုကို တိုက်ခိုက်ခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရမှု သို့မဟုတ် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုတစ်စုံတစ်ရာ မရှိခဲ့ပေ။

👍15❤1
This media is not supported in your browser
VIEW IN TELEGRAM
ဟော်မုဇ်ရေလက်ကြားအရေးကိစ္စတွင် အိုမန်နိုင်ငံအနေဖြင့် အီရန်ဘက်က ရပ်တည်မည်ဆိုပါက အိုမန်ကို ဗုံးကြဲဖျက်ဆီးပစ်မည် ဟု ထရမ့်က ပြောကြားလိုက်သည်။
'ဒီရေလက်ကြားတွေဟာ လူတိုင်းအတွက် ဖွင့်လှစ်ထားမှာဖြစ်ပြီး ဘယ်သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာမှ ရှိနေမှာမဟုတ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် စောင့်ကြည့်သွားမှာပါ။
အိုမန်အနေနဲ့ တခြားနိုင်ငံတွေလိုပဲ စည်းကမ်းတကျ နေထိုင်ရပါလိမ့်မယ်။ မဟုတ်ရင်တော့ သူတို့ကို ကျွန်တော်တို့ ဗုံးကြဲဖျက်ဆီးပစ်ရလိမ့်မယ်' ဟု ထရမ့်က ပြောကြားခဲ့သည်။

👍11😨2😡1
ဒုတိယဝန်ကြီး ဦးမျိုးမြင့် လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များနှင့် လမ်း၊ တံတားများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မေ ၂၇၊ ၂၀၂၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန် လမ်းပိုင်း) ရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များသို့ ရောက်ရှိပြီး လမ်းအသုံးပြုခကောက်ခံမှုစနစ်များနှင့် နည်းပညာဆိုင်ရာ ဆောင်ရွက်ထားမှု၊ အမြန်လမ်းမကြီး၌ ဖြတ်သန်းခွင့်ရှိသည့် Telematic စနစ် တပ်ဆင်ထားသည့် သတ်မှတ်ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်မှန်လုံယာဉ်များ၏ ဘေးအန္တရာယ်ကင်းရှင်း၍ သတ်မှတ်တန်ချိန်ကျော်လွန်မှုမရှိစေရန် တိုးလ်ဂိတ်ရှိ ကတ္တားပေါ်၌ ချိန်တွယ်၍ ဖြတ်သန်းမောင်းနှင်သွားလာနေမှု၊ နေ့စဉ်ကောက်ခံရရှိသည့် လမ်းအသုံးပြုခများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျစာရင်းပြုစုထားမှု၊ တိုးလ်ဂိတ်အဆောက်အအုံနှင့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၆၅/၁-၁၆၅/၃) ကြားရှိ ဆွာချောင်းတံတား (အပြန်) တည်ဆောက်ရေးလုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တံတားအဟောင်းဖျက်သိမ်းမှုနှင့် တံတားအသစ်တည်ဆောက်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ၁၁၅ မိုင် (ဖြူး) တိုးလ်ဂိတ်နှင့် အမှတ် (၃) တိုးလ်ဂိတ်တို့တွင် လမ်းအသုံးပြုခကောက်ခံနေမှုနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှုအခြေအနေ၊ တိုးလ်ဂိတ်ရှိ ကတ္တားပေါ်သို့ မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်သွားလာနေမှုများအား ချိန်တွယ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

👍10