ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ၏ Fertility Centre တွင် သားသမီးရလိုသော ဇနီးမောင်နှံများအတွက် ဝန်ဆောင်မှုများဆောင်ရွက်ပေးလျက်ရှိ
မေ ၂၅၊ ၂၀၂၆
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)တွင် Fertility Centre ကို သားသမီးရလိုသော ဇနီးမောင်နှံများအတွက် ရည်ရွယ်ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်မှ ယနေ့အထိ လူနာပေါင်း ၅၄၀၀ ကျော်ကို လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။
Fertility Centre တွင် ဖန်ပြွန်သန္ဓေသား နည်းပညာ၊ သားအိမ်အတွင်းသို့ သုတ်ပိုးထည့်ခြင်းနည်းပညာ၊ မျိုးဥကြီးစေ၍ အချိန်ကိုက်ကိုယ်ဝန်ရစေသော နည်းပညာများအသုံးပြု၍ ကျွမ်းကျင်သော ဆရာဝန်၊ ဆရာမများက အစိုးရရုံးဖွင့်ရက်တိုင်း နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဝန်ဆောင်မှုပေးလျက်ရှိသည်။
၂၀၂၃ ခုနှစ်တွင် သားအိမ်အတွင်း သုတ်ပိုးထည့်ခြင်းနည်းပညာ (IUI)ဖြင့် လူနာ ၁၅ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယင်းတို့မှ လူနာသုံးဦး၊ ၂၀၂၄ ခုနှစ်တွင် IUI ဖြင့် လူနာ ၆၁ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာ ၁၂ ဦး၊ ၂၀၂၅ ခုနှစ်တွင် IUI ဖြင့် လူနာ ၁၅၇ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာ ၂၁ ဦး အောင်မြင်ခဲ့သည်။
အဆိုပါ လူနာ ၂၁ ဦးမှ ၂၀၂၆ ခုနှစ် မေ ၁၇ ရက်တွင် အမြွှာယောကျာ်းလေးနှစ်ဦး၊ မေ ၁၈ ရက်တွင် ယောကျာ်းလေးတစ်ဦး အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ်မေလအထိ IUI ဖြင့် လူနာ ၃၀ အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာငါးဦးအောင်မြင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဧပြီလနှင့်မေလအတွင်းတွင်လည်း ဖန်ပြွန်သန္ဓေ သားနည်းပညာအသုံးပြု၍ ဇနီးမောင်နှံ ၁၂ တွဲအား ကလေးရရှိစေနိုင်ရန် ဆောင်ရွက်ထားဆဲဖြစ်ကြောင်း သိရသည်။
သို့ပါ၍ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ၏ Fertility Centre တွင် သားသမီးရလိုသော ဇနီးမောင်နှံများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဝန်ဆောင်မှုကောင်းစွာ ဆောင်ရွက်လျက်ရှိပြီး သားသမီးရလိုသော ဇနီးမောင်နှံများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူလျက်ရှိကြောင်း ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) Fertility Centre မှ သိရသည်။

👍9
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပသည့် ဗုဒ္ဓမွေးနေ့အခမ်းအနားတက်ရောက်
မေ ၂၅၊ ၂၀၂၆
ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသသည် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ကြီး ဦးမျိုးမြင့်မောင်တို့နှင့်အတူ မေ ၂၄ ရက်က Bongeunsa Temple ကျောင်း၌ ဗုဒ္ဓမွေးနေ့အထိမ်းအမှတ်ကျင်းပသည့်“50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားသို့တက်ရောက်ပြီး ကိုရီးယားသမ္မတနိုင်ငံ သံဃနာယကအဖွဲ့ခေါင်းဆောင် ဆရာတော် Venerable Wongmyeong နှင့်အတူ ဂုဏ်ပြုပူဇော်စကား ဟောကြားသည်။
ဗုဒ္ဓမွေးနေ့ အခမ်းအနားကျင်းပသည့် Bongeunsa Temple သည် ဆိုးလ်မြို့ Gangnam ခရိုင်၌တည်ရှိပြီး နှစ်ပေါင်း ၁၂၀၀ ကျော် သက်တမ်းရှိသော ရှေးဟောင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဖြစ်သည်။ အဆိုပါကျောင်းတော်၌ ကိုရီးယားနိုင်ငံ၏ အကြီးဆုံးသော မတ်ရပ်ကျောက်ဆင်းတုတော်ကြီးနှင့် ရှေးဟောင်းသစ်သားဘုန်းကြီးကျောင်းဆောင်များရှိပြီး ကိုရီးယားရိုးရာ ဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့များကို လေ့လာနိုင်သည့် နေရာတစ်ခုအဖြစ်ထင်ရှားသည်။ နှစ်စဉ်မေလတွင် ဗုဒ္ဓမွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်သည့် မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။

🙏11👍7❤2
ဒေါ်နယ်ထရမ့်က ဒေသတွင်းနိုင်ငံတွေကို အေဘရာဟမ် သဘောတူညီချက် (Abraham Accords) မှာ ပါဝင်ဖို့ တောင်းဆိုချက်အပေါ် ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ် (Khawaja Asif) က အခုလို တုံ့ပြန်ပြောကြားခဲ့ပါတယ် -
"ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်အရတော့ ကျွန်တော်တို့ရဲ့ အခြေခံဝါဒတွေ၊ အတွေးအခေါ်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဘယ်လိုသဘောတူညီချက်မျိုးမှာမဆို မပါဝင်သင့်ဘူးလို့ ထင်ပါတယ်။
သူတို့ (အစ္စရေး) ပြောတဲ့ စကားတစ်ခွန်းကိုတောင် တစ်ရက်လေးတင် ယုံကြည်လို့မရတဲ့ အဲဒီလူမျိုးတွေ (အစ္စရေး) နဲ့ ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး အတူတူ ထိုင်ဆွေးနွေးနိုင်မှာလဲ?
ဒါဟာ ကျွန်တော်တို့ လက်ခံနိုင်စရာမရှိဘူးဆိုတာကို အလွန်ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်အဖြစ် ကျွန်တော်တို့ဆီမှာ ရှိထားပြီးသား ဖြစ်ပါတယ်။"
NOM

👍15❤3
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန် အထက်လွှတ်တော်က 'အစ္စရေးကျောထောက်နောက်ခံပြုထားသူ' အဲလစ် စတီဖဲနစ် (Elise Stefanik) ကို အမေရိကန်အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး (Director of National Intelligence) အသစ်အဖြစ် အဆိုပြုခဲ့သည်။
သူမဟာ အစ္စရေးလိုလားတဲ့ လော်ဘီ ထံကနေ အမေရိကန်ဒေါ်လာ ၁ သန်းကျော် လက်ခံရရှိထားသူဖြစ်ပါတယ်။

👍19
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးနိုင်ငံအတွင်းသို့ ဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်မှုတိုင်းအတွက် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့က အဆောက်အအုံ ၁၀ လုံး ပြိုပျက်ဖျက်ဆီးရမည် ဟု ဘဏ္ဍာရေးဝန်ကြီး စမော့ထရစ်ခ် (Smotrich) ပြောကြား။
NOM
NOM
👍12😱9
မန္တလေးကျုံးအတွင်း ခုန်ချခဲ့သည့် အမျိုးသမီး၏ ရုပ်အလောင်းပြန်တွေ့
NOM၊မေ၂၆၊၂၀၂၆
မန္တလေးကျုံးအတွင်း ခုန်ချခဲ့သည့် အမျိုးသမီး၏ ရုပ်အလောင်းအား ယနေ့ (မေလ ၂၆ ရက်)နံနက် ၇နာရီတွင် တွေ့ရှိခဲ့ပြီဖြစ်ကြောင်းနန်းတော်ရှေ့လူမှုကယ်ဆယ်ရေး အသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူမှာ ပုသိမ်ကြီးမြို့နယ်၊သမ္မတောကျေးရွာနေထိုင်သူအသက် ၂၅ အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ယမန်နေ့ (မေလ ၂၅ ရက်)နံနက် ၁၀နာရီခန့်တွင် တစ်ယောက်တည်လာပြီးကျုံးအတွင်းခုန်ချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သေဆုံးသူ၏ရုပ်အလောင်းအားမန္တလေးပြည်သူ့ဆေးရုံကြီးမှတဆင့် တောင်အင်းမြောက်အင်းသုဿန်သို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

😢9👍4
အင်းစိန်မြို့နယ်တညင်းကုန်း စျေးအရှေ့တွင် ပြိုင်စက်ဘီးစီးလာသူတစ်ဦးကို ကွန်တိန်နာကားမှကြိတ် နေရာတွင်သေဆုံး
NOM၊မေ၂၆၊၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တညင်းကုန်းစျေးအရှေ့တွင် ယနေ့(မေ၂၆ရက်) နံနက် နာရီတွင် ပြိုင်စက်ဘီးစီးလာသည့်အမျိုးသားတစ်ဦးကို ကွန်တိန်နာကားမှကြိတ်
လိုက်သည့်အတွက်နေရာတွင်သေဆုံးခဲ့သည့်ဟုကနောင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
သေဆုံးသူမှာ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်တွင်နေထိုင်သည့် အသက် (၇၀) အရွယ်အမျိုးသားဖြစ်ပြီးလက်ရှိမိသာစုနှင့်ဆက်သွယ်ရရှိထားကြောင်းသိရသည်။
သေဆုံးသူအမျိုးသားအား ကနောင်လူမှုကူညီရေးအသင်းမှကားဖြင့် အင်းစိန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

👍9😨3
ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက်
NOM၊မေ၂၆၊၂၀၂၆
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ (မေ ၂၆ )ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်
ထားကြောင်း သိရသည်။
ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ မိုင်တိုင်အမှတ်
(၈၁/၁) ရှိ အာလောကွေ့တွင် ဆီဘောက်ဆာကားတိမ်းမှောက်ခဲ့သဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အအေးပေးခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

👍7😢3
အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့ရှိ အီရန်သံရုံး- အကယ်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယို (Rubio) သာ သမိုင်းကြောင်း ဒါမှမဟုတ် ဗိသုကာပညာအကြောင်းကို သိခဲ့မယ်ဆိုရင် ဒီနေရာမှာ ဓာတ်ပုံရိုက်ဖို့ ပို့စ် (pose) ပေးနေမှာ မဟုတ်ပါဘူး။ ဒီအထိမ်းအမှတ်အဆောက်အအုံဟာ ဧကရာဇ်ဘုရင်ရဲ့ အီရန်လူမျိုး ဇနီးသည်အပေါ်ထားတဲ့ အချစ်အတွက် တည်ဆောက်ခဲ့တာဖြစ်ပြီး အီရန်ဗိသုကာပညာရှင်တွေရဲ့ ပြောင်မြောက်တဲ့ လက်ရာနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့အစိုးရ (အမေရိကန်) ကတော့ ဒီကနေ့မှာ အခြားသော ယဉ်ကျေးမှုအစဉ်အလာတွေကို စော်ကားပြီး အီရန်ယဉ်ကျေးမှုအစဉ်အလာကို အမြစ်ပြတ်ချေမှုန်းပစ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။
NOM
NOM
👍19
This media is not supported in your browser
VIEW IN TELEGRAM
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းပြီးနောက် ဂျပန်နိုင်ငံရဲ့ ပထမဆုံး ရေနံတင်သင်္ဘော ဂျပန်နိုင်ငံသို့ ဆိုက်ရောက်
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်ရေနံတင်သင်္ဘောတစ်စင်း ဖြတ်သန်းခွင့်ရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လက အီရန်နိုင်ငံဟာ "အိုင်ဒီမစ်ဆု မာရူ" (Idemitsu Maru) ရေနံတင်သင်္ဘောကို အဆိုပါရေကြောင်းလမ်းကနေ ဖြတ်သန်းသွားလာခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပါရှန်ကွေ့အတွင်း ဂျပန်နိုင်ငံပိုင် ရေနံတင်သင်္ဘော ၃၉ စင်း ကျန်ရှိနေပါသေးတယ်။

👍21❤2
ဂါဇာကူညီရေးရေယာဉ်စု တက်ကြွလှုပ်ရှားသူများကို တိုက်ခိုက်မှုကြောင့် အစ္စရေးရေတပ်အရာရှိ ၆၉ ဦးအပေါ် ဟက်ကာအဖွဲ့ ဟန်ဒါလာ Handala က ဒေါ်လာ ၁ သိန်း ဆုငွေထုတ်ကြောင်း ကြေညာ
အီရန်နှင့် ဆက်နွှယ်မှုရှိသော ဟန်ဒါလာ Handala အမည်ရ ဟက်ကာအဖွဲ့က ယခုလအစောပိုင်းက ဂါဇာဒေသ ပိတ်ဆို့ခံထားရမှုကို ချိုးဖျက်ရန် ကြိုးပမ်းခဲ့သည့် Sumud လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရေယာဉ်စုကို ကြားဖြတ်ဟန့်တားရာတွင် ပါဝင်ပတ်သက်ခဲ့သည့် အစ္စရေးရေတပ်အရာရှိ ၆၉ ဦး၏ ကိုယ်ရေးအချက်အလက်များကို ရရှိခဲ့ကြောင်း တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် တူရကီနိုင်ငံက ဦးဆောင်သည့် Global Sumud ရေယာဉ်စုပေါ်ရှိ တက်ကြွလှုပ်ရှားသူများကို တိုက်ခိုက်ခြင်းနှင့် နှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသော အရာရှိများ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ကိုယ်ရေးအချက်အလက်များကို ယခုအခါ လူသိရှင်ကြား ထုတ်ပြန်ထားပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ဟန်ဒါလာ Handala အဖွဲ့က ထိုအရာရှိ ၆၉ ဦးထဲမှ တစ်ဦးချင်းစီအတွက် တစ်ဦးလျှင် ဒေါ်လာ ၁၀၀,၀၀၀ စီ ဆုငွေ (ဘောင်တီ) ထုတ်ပေးမည်ဟု ကြေညာခဲ့ပြီး ၎င်းတို့ကို "ပင်လယ်ပြင်နှင့် ကမ္ဘာမြေတစ်ခွင်တွင် အကျင့်ပျက်ခြစားမှုနှင့် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသူများ" ဟု ဖော်ပြခဲ့သည်။
ထို့အပြင် အဆိုပါဟက်ကာအဖွဲ့က ၎င်းတို့အနေဖြင့် ကူညီရေးရေယာဉ်စုဘက်မှ ရပ်တည်ကြောင်း ကြေညာခဲ့ပြီး အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ (Itamar Ben-Gvir) အပါအဝင် အစ္စရေးအရာရှိများကို တိုက်ရိုက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကာ "ကုန်းပေါ်မှာဖြစ်စေ၊ ပင်လယ်ပြင်မှာဖြစ်စေ ကျူးလွန်တဲ့ ဘယ်လိုရာဇဝတ်မှုမျိုးမဆို တုံ့ပြန်မှုမရှိဘဲ ပြီးသွားမှာမဟုတ်ဘူး" ဟု သတိပေးပြောကြားခဲ့သည်။

👍22👎1
ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အား DEMU Spain ရထားများဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲမည်
NOM၊မေ၂၆၊၂၀၂၆
ရန်ကုန် - မန္တလေး မီးရထားလမ်းပိုင်းတွင်ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် အမှတ်(၉) အဆန် နှင့် အမှတ်(၁၀) အစုန် DEMU Spain ရထားများထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ကြေငြာချက်အရ သိရသည်။
အဆိုပါခရီးစဉ်ကို ဇွန်လ ၁ ရက်နေ့ စတင်ပြေးဆွဲသွားမည်ဖြစ် ကြောင်းသိရသည်။
ရန်ကုန်မှမန္တလေးကို ထွက်ခွာမည့် အမှတ်(၉)အဆန် ရထားသည် ရန်ကုန် မှ နံနက် ၈နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးသို့ညနေ ၆နာရီခွဲတွင် လည်းကောင်း ၊မန္တလေးမှရန်ကုန်သို့ထွက်ခွာမည့် အမှတ်(၁၀) အစုန်ရထားသည် မန္တလေး မှ နံနက် ၈နာရီခွဲတွင် ထွက်ခွါမည်ဖြစ်ပြီး ရန်ကုန် သို့ ညနေ ၆နာရီမီနစ်၄၀တွင်လည်းကောင်း ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ကြားဘူတာများအဖြစ်တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည် ဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

👍26
ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်သုံးမြို့နယ်တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲကျခဲ့
NOM မေ ၂၆၊ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်အတွင်း ယနေ့မေ၂၆ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များလဲကျခဲ့သည့်အတွက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ယနေ့ မေ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၂၄) ရပ်ကွက်၊ ရွှေယင်းမာ (၅) လမ်းတွင် သစ်ပင်လဲကျမှု ဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အလားတူ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် နံနက် ၁၁ နာရီ ၄၈ မိနစ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝေဠုဝန်တောင်ရပ်ကွက်၊ ဝေဠုဝန် (၃) လမ်းတွင် သစ်ပင်
လဲကျမှုများဖြစ်ပွားခဲ့ရာ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုနောက်ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင်နံနက် ၁၁ နာရီ ၃၂ မိနစ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိမ်ဖြူမီးရထားရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနှင့် မန္တလေးလမ်းထောင့်တွင် သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ရာ မင်္ဂလာတောင်ညွန်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

👍15
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် မြို့နယ်များတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေး
မေ ၂၆၊ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မရမ်းကုန်းခရိုင်၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အဆိုပါ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၂၆ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ တာဝန်ရှိသူများက ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဘောလ်ပင်များ၊ ခဲတံများနှင့် သင်ထောက်ကူပစ္စည်းများကို အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

👍17❤3
ရနောင်းတွင် မြန်မာကုန်တင်သင်္ဘော နစ်မြုပ်မှုဖြစ်ပွား၊ သင်္ဘောသား ၆ ဦးပါဝင်
NOM၊မေ ၂၄ ၊ ၂၀၂၆
ထိုင်းနိုင်ငံ ရနောင်းခရိုင်၊ မောင်ရနောင်းမြို့နယ် ပတ်နမ်ကျေးရွာအုပ်စုရှိ ရနောင်းရေလမ်းကြောင်းအနီးတွင် မေ ၂၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသားပိုင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း ရနောင်း ရေလုပ်ငန်းဝင်ထွက်ခွင့် ထိန်းချုပ်ရေးစင်တာက သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါသတင်းထုတ်ပြန်ချက်အရ PHYO HTET ZAW အမည်ရှိ မြန်မာကုန်တင်သင်္ဘောသည် မိုးသည်းထန်စွာ ရွာသွန်းနေစဉ် သင်္ဘောအတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီးနောက် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသင်္ဘောတွင် သင်္ဘောသား ၆ ဦး လိုက်ပါလာခဲ့ကြောင်း သိရပြီး၊ လက်ရှိအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း ရနောင်း ရေလုပ်ငန်းဝင်ထွက်ခွင့် ထိန်းချုပ်ရေးစင်တာက ထုတ်ပြန်ထားသည်။
ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

👍10😢9❤4❤🔥3😨1
ဘင်ဂျဘေးလ် (Bint Jbeil) မြို့တွင် အစ္စရေးစစ်သားများကိုတင်ဆောင်လာသည့် စစ်ကားတစ်စီးကို ဟစ်ဇဘိုလာအဖွဲ့က FPV တိုက်ခိုက်ရေးဒရုန်းဖြင့် ချေမှုန်း။
NOM
NOM
👍24❤4👎1