News Of Myanmar
12.7K subscribers
24.3K photos
3.33K videos
3 files
6.61K links
Download Telegram
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

မေ ၂၅၊ ၂၀၂၆
👍9
နောင်ချိုမြို့နယ်၊ လုံရုံးကျေးရွာအနီးတွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် တောင်ယာလုပ်ကိုင်နေသည့် အပြစ်မဲ့ပြည်သူတစ်ဦးဒဏ်ရာရ

မေ ၂၅၊ ၂၀၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ မေလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်၌ နောင်ချိုမြို့နယ်၊ လုံရုံးကျေးရွာနေ ဦးအိုက်စော (ခ) ဆွေငယ် (၅၇) နှစ်သည် ကျေးရွာ၏တောင်ဘက်ရှိ ၎င်းပိုင်တောင်ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
😱4👍3
ယနေ့ မေလ ၂၅ ရက်နေ့၌ ကယားပြည်နယ်ဒေသအတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းသုတ်သင်ခဲ့သည့် အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားမိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက  အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆို။
👍12❤‍🔥11
ပြည်ကြီးတံခွန်မြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

မေ ၂၆၊ ၂၀၂၆

မေလ ၂၄ ရက်နေ့ ၁၈၁၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်ရှိ ကားဂိတ်တွင် မီနီအိုးဝေနှင့် ပစ္စည်းလာရောက်ထုတ်ယူသူ ညီညီဝိုင်း အား စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း အလေးချိန် ၂၃ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၂၀၇ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ညီညီဝိုင်း(၃၉)နှစ်အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။
👍10
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ၏ Fertility Centre တွင် သားသမီးရလိုသော ဇနီးမောင်နှံများအတွက် ဝန်ဆောင်မှုများဆောင်ရွက်ပေးလျက်ရှိ
 
မေ ၂၅၊ ၂၀၂၆
 
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)တွင် Fertility Centre ကို သားသမီးရလိုသော ဇနီးမောင်နှံများအတွက် ရည်ရွယ်ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်မှ ယနေ့အထိ လူနာပေါင်း ၅၄၀၀ ကျော်ကို လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။
 
Fertility Centre တွင် ဖန်ပြွန်သန္ဓေသား နည်းပညာ၊ သားအိမ်အတွင်းသို့ သုတ်ပိုးထည့်ခြင်းနည်းပညာ၊ မျိုးဥကြီးစေ၍ အချိန်ကိုက်ကိုယ်ဝန်ရစေသော နည်းပညာများအသုံးပြု၍ ကျွမ်းကျင်သော ဆရာဝန်၊ ဆရာမများက အစိုးရရုံးဖွင့်ရက်တိုင်း နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဝန်ဆောင်မှုပေးလျက်ရှိသည်။
 
၂၀၂၃ ခုနှစ်တွင် သားအိမ်အတွင်း သုတ်ပိုးထည့်ခြင်းနည်းပညာ (IUI)ဖြင့် လူနာ ၁၅ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယင်းတို့မှ လူနာသုံးဦး၊ ၂၀၂၄ ခုနှစ်တွင် IUI ဖြင့် လူနာ ၆၁ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာ ၁၂ ဦး၊ ၂၀၂၅ ခုနှစ်တွင် IUI ဖြင့် လူနာ ၁၅၇ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာ ၂၁ ဦး အောင်မြင်ခဲ့သည်။
 
အဆိုပါ လူနာ ၂၁ ဦးမှ ၂၀၂၆ ခုနှစ် မေ ၁၇ ရက်တွင် အမြွှာယောကျာ်းလေးနှစ်ဦး၊ မေ ၁၈ ရက်တွင် ယောကျာ်းလေးတစ်ဦး အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ်မေလအထိ IUI ဖြင့် လူနာ ၃၀ အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာငါးဦးအောင်မြင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဧပြီလနှင့်မေလအတွင်းတွင်လည်း ဖန်ပြွန်သန္ဓေ သားနည်းပညာအသုံးပြု၍ ဇနီးမောင်နှံ ၁၂ တွဲအား ကလေးရရှိစေနိုင်ရန် ဆောင်ရွက်ထားဆဲဖြစ်ကြောင်း သိရသည်။
 
သို့ပါ၍ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ၏ Fertility Centre တွင် သားသမီးရလိုသော ဇနီးမောင်နှံများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဝန်ဆောင်မှုကောင်းစွာ ဆောင်ရွက်လျက်ရှိပြီး သားသမီးရလိုသော ဇနီးမောင်နှံများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူလျက်ရှိကြောင်း ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) Fertility Centre မှ သိရသည်။
👍9
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပသည့် ဗုဒ္ဓမွေးနေ့အခမ်းအနားတက်ရောက် 
 
မေ ၂၅၊ ၂၀၂၆
 
ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသသည် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ကြီး ဦးမျိုးမြင့်မောင်တို့နှင့်အတူ မေ ၂၄ ရက်က Bongeunsa Temple ကျောင်း၌ ဗုဒ္ဓမွေးနေ့အထိမ်းအမှတ်ကျင်းပသည့်“50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားသို့တက်ရောက်ပြီး ကိုရီးယားသမ္မတနိုင်ငံ သံဃနာယကအဖွဲ့ခေါင်းဆောင် ဆရာတော် Venerable Wongmyeong နှင့်အတူ ဂုဏ်ပြုပူဇော်စကား ဟောကြားသည်။
 
ဗုဒ္ဓမွေးနေ့ အခမ်းအနားကျင်းပသည့် Bongeunsa Temple သည် ဆိုးလ်မြို့ Gangnam ခရိုင်၌တည်ရှိပြီး နှစ်ပေါင်း ၁၂၀၀ ကျော် သက်တမ်းရှိသော ရှေးဟောင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဖြစ်သည်။ အဆိုပါကျောင်းတော်၌ ကိုရီးယားနိုင်ငံ၏ အကြီးဆုံးသော မတ်ရပ်ကျောက်ဆင်းတုတော်ကြီးနှင့်  ရှေးဟောင်းသစ်သားဘုန်းကြီးကျောင်းဆောင်များရှိပြီး ကိုရီးယားရိုးရာ ဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့များကို လေ့လာနိုင်သည့် နေရာတစ်ခုအဖြစ်ထင်ရှားသည်။ နှစ်စဉ်မေလတွင် ဗုဒ္ဓမွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်သည့် မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။
🙏11👍62