News Of Myanmar
12.7K subscribers
24.3K photos
3.33K videos
3 files
6.61K links
Download Telegram
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျထပ်မံဖြိုချဖျက်ဆီး

မေ ၂၅၊ ၂၀၂၆
👍11
ပါလက်စ္စတိုင်းနိုင်ငံ ထူထောင်ရေးကို ဆော်ဒီအပြတ်အသတ်တောင်းဆိုပြီး ထရမ့်ရဲ့ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင်ဆောင်ရွက်ရေး တောင်းဆိုချက်ကို ပယ်ချ

ပြောင်းလဲပြင်ဆင်လို့မရတော့တဲ့ (ခိုင်မာသေချာတဲ့) လွတ်လပ်သောပါလက်စ္စတိုင်း နိုင်ငံတော် ထူထောင်ရေး လမ်းစဉ်တစ်ခု ပေါ်ပေါက်လာပြီးမှသာ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆော်ဒီအရာရှိတစ်ဦးက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဆော်ဒီအစိုးရရဲ့ ယခုလို ပြတ်သားတဲ့ ပြောကြားချက်ဟာ အီရန်နဲ့ သံတမန်ရေးအရ ပြေလည်မှုရရှိရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ ဒေသတွင်းတောင်းဆိုချက်တွေကို ချက်ချင်းပယ်ချလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျအနေနဲ့ "ပါလက်စ္စတိုင်းနိုင်ငံ ထူထောင်ရေးအတွက် ခိုင်မာသေချာတဲ့ လမ်းစဉ်ရှိရမယ်ဆိုတဲ့ အမြဲတမ်းရပ်တည်ချက်ပဲ ရှိပါတယ်" လို့ အဆိုပါ သတင်းမြစ်က CNN ကို အတည်ပြုပြောဆိုခဲ့ပါတယ်။

NOM
👍93👎1
ဒုတိယသမ္မတ ဦးညိုစော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မေ ၂၅၊ ၂၀၂၆
👍7❤‍🔥1
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားအမျိုးသမီးနှစ်ဦးသေဆုံး
NOM၊မေ၂၅၊၂၀၂၆
နေပြည်တော် – မန္တလေးအမြန်လမ်းမကြီး၊ (မိုင်တိုင် ၃၃၃/၆ နှင့်၃၃၃/၇ ကြား) တွင်မေ၂၅ရက်နေ့ နံနက်ပိုင်းက ယာဉ်တိမ်းမှောက်ခဲ့ရာနှစ်ဦး‌သေဆုံးခဲ့‌ေကြာင်းသိရသည်။
ဖြစ်စဉ်မှာ TOYOTA KLUGER ယာဉ်သည်နေပြည်တော် – မန္တလေးအမြန်လမ်းမကြီးတွင် ပုံမှန် မောင်းနှင်လာရင်းကနေ ရှေ့ဘယ်ဘက်ဘီး ရုတ်တရက် ပေါက်သွားခဲ့ရာဘီးပေါက်သွားချိန်တွင်အရှိန်မထိန်းနိုင်ဘဲ လမ်း၊ ညာဘက်ဘေး ပေ ၁၀၀ခန့်အထိ လွင့်စင်တိမ်းမှောက်သွားခဲ့သည်။
အဆိုပါယာဉ်ပေါ်ပါ အသက် (၆၄) နှစ်အမျိုးသမီးနှင့် သမီးဖြစ်သူ (ယာဉ်မောင်း၏ ဇနီး) အသက် (၄၀) အရွယ် အမျိုးသမီးတို့ နှစ်ဦးစလုံး ပြင်းထန်ထိခိုက်မှုများကြောင့် အခင်းဖြစ်ပွားရာ နေရာတွင်‌ သေဆုံးခဲ့သည်။
ယာဉ်မောင်းသူ အသက် (၅၅) နှစ်ခင်ပွန်းဖြစ်သူနှင့်အသက် (၃) နှစ်အရွယ် ကလေးထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့ပြီး၊ အသက် (၉) နှစ်အရွယ်ကလေး ဒဏ်ရာပြင်းသောကြောင့်( စိုးရိမ်ရ) ၊ထိခိုက်သွားသူများကို စကားအင်း အမြန်လမ်းမီးသတ်စခန်းက ကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့ပြီး တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
😢8👍21💔1
၂၀၂၆ -၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု စတင်ဆောင်ရွက်

မေ ၂၅၊ ၂၀၂၆
👍4❤‍🔥1
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၂၀၂၆ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များအား တွေ့ဆုံအမှာစကားပြောကြား
 
မေ ၂၅၊ ၂၀၂၆
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၆)၊ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၉)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ တွေ့ဆုံအမှာစကားပြောကြားသည်။
 
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
 
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “ယနေ့လူငယ်နောင်ဝယ်လူကြီး"ဆိုသည့် စကားအတိုင်းနောင်လာမည့် အနာဂတ်တွင် နိုင်ငံတော်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြရမည့် လူငယ်မောင်မယ်များကို ယခုကဲ့သို့တွေ့ဆုံအမှာစကား ပြောကြားခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
 
ကျောင်းနေအရွယ် လူငယ်မောင်မယ်များသည် ပညာသင်ကြားရမည့်အရွယ်တွင် ကျောင်းစာများကို ကြိုးစားလေ့လာသင်ယူရင်း ပညာသင်နှစ်များကို ဖြတ်သန်းခဲ့ရခြင်းပင်ဖြစ်ကြောင်း၊ အခုကဲ့သို့ နွေရာသီအားလပ်ရက်များတွင် လူငယ်မောင်မယ်တို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗဟုသုတတွေတိုးပွားစေရန် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်သင်တန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၁၄ ခုနှစ်ကစပြီး နှစ်စဉ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း။
 
သင်တန်းများကို မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအတွက် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်းတွင် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းနှင့်လေကြောင်းပညာကျွမ်းကျင်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်လေ့ကျင့်ပေးရခြင်းပင်ဖြစ်ကြောင်း။
 
ထို့အပြင် ရေကြောင်းနှင့် လေကြောင်းလူငယ်သင်တန်းများကတစ်ဆင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ရရှိစေရန်၊ လူငယ်များ၏ ဝါသနာကို ပြုစုပျိုးထောင်မြှင့်တင်ပေးရန်နှင့် မျိုးဆက်သစ်လူငယ်မောင်မယ်များ ယုံကြည်ချက်၊ ခံယူချက်မြင့်မားစေပြီး အနာဂတ်နိုင်ငံတော်နှင့် တပ်မတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်စသည့် ရည်ရွယ်ချက်ကောင်းများကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့် လူငယ်မျိုးဆက်သစ်များဖြစ်ရန် အမိနိုင်ငံတော်၏ မြေပြင်၊ ရေပြင်နှင့်ဝေဟင်တို့၏ အဓိကအရေးပါမှုကို သိရှိထားရန်လိုအပ်ကြောင်း။
 
လူငယ်များသည် ခေတ်သမိုင်းနှင့် အနာဂတ်သမိုင်းအတွက် ပဓာနကျပြီး တန်ဖိုးရှိသည့် ရတနာများပင်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်ကောင်းများလည်းဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များ၏ စွမ်းအားသည် နိုင်ငံတော်အဓွန့်ရှည်တည်တံ့ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးအင်အားစုများပင်ဖြစ်သည်ကို လူငယ်မောင်မယ်များအားလုံး သိရှိထားကြရန်မှာကြားလိုကြောင်း။
 
ပညာပြည့်ဝနှလုံးလှသည့် လူသားတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် အကောင်းဆုံးအဖော်မွန်သည် ပညာပင်ဖြစ်ကြောင်း၊ ပညာသည်သာ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားဆုံးဖြတ်လုပ်ကိုင်နိုင်သည့် ဉာဏ်ရည်ကိုထုဆစ်ပုံဖော်နိုင်ခြင်းပင်ဖြစ်ကြောင်၊၊ ပညာဟုဆိုသည့်နေရာတွင် အသိပညာ၊ အတတ်ပညာဟူ၍ ပိုင်းခြားသိမြင်နိုင်ရမည်ပင်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာကိုပိုင်ဆိုင်ရန် အတန်းပညာသည် အဓိကအခြေခံပင်ဖြစ်ကြောင်း၊ တန်းစဉ်ကူးပြောင်းမှုများကတစ်ဆင့် လူသားတစ်ယောက်၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် လူနေမှုအဆင့်အတန်းများသည်လည်း တိုးတက်ပြောင်းလဲလာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
6👍1
News Of Myanmar
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၂၀၂၆ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များအား တွေ့ဆုံအမှာစကားပြောကြား   မေ ၂၅၊ ၂၀၂၆   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် အခြေခံနှင့်တန်းမြင့် ရေကြောင်းလ…
ယနေ့ ပညာတတ်ပေါကြွယ်ဝသည့် နိုင်ငံများသည် ကမ္ဘာပေါ်တွင် ရှေ့ဆုံးကရပ်တည်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ဦးဆောင်နိုင်ရန်အတွက် ပညာ၏လက်တွဲခေါ်ဆောင်မှုကတစ်ဆင့် လူသားတို့၏ ကြိုးစားအားထုတ်မှုများ၊ တီထွင်ကြံဆမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြ၍ တိုးတက်မှုများသည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားလာခဲ့ပြီး လူနေမှုအဆင့်အတန်းသည်လည်း မြင့်မားစွာရပ်တည်ရှင်သန်နေကြခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိကြရမည်ဖြစ်ကြောင်း။
 
နိုင်ငံတော်အစိုးရအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံကြွယ်ဝသည့် လူငယ်များဖြစ်စေရေး ကဏ္ဍစုံတွင် အားပေးဖော်ဆောင်လျက်ရှိကြောင်း၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဆိုသည့် ဗလငါးတန်တွင် စာရိတ္တဗလသည် ပဲ့ထိန်းသဖွယ်တည်ရှိနေသည်ကို လေ့လာတွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ လူတော်ဖြစ်စေရန်အတွက် အသိပညာ၊ အတတ်ပညာများ လိုအပ်သကဲ့သို့ လူကောင်းဖြစ်စေရန်အတွက်လည်း စာရိတ္တအခြေခံကောင်းများ ပိုင်ဆိုင်ထားရန်လိုအပ်ကြောင်း၊ ၎င်းသည် စာရိတ္တဗလ၏ အရေးပါမှုကိုညွှန်းဆိုထားခြင်းပင်ဖြစ်ကြောင်း၊ လူငယ်မောင်မယ်တို့အနေဖြင့် ယခုလိုငယ်ရွယ်နုပျိုစဉ်ကတည်းက စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာတည်ဆောက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ စာရိတ္တကောင်းမွန်ရန်အတွက် လူငယ်မောင်မယ်တို့သည် သီလကောင်းသည့် လူငယ်များဖြစ်ရန်လိုကြောင်း၊ သီလကောင်းမွန်ပြီး အတ္တနှင့်ပရကို မျှတအောင် နေထိုင်ကျင့်ကြံဆောင်ရွက်နိုင်မှသာ စာရိတ္တမဏ္ဍိုင်၏ အခြေခံခိုင်မာမှုကို စတင်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
 
လူငယ်မောင်မယ်တို့အနေဖြင့် စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်နိုင်ပြီဆိုပါက“ပညာပြည့်ဝနှလုံးလှ” သည့်အပြင် “စွမ်းအားလည်းညီခေတ်လည်းမီ”သည့် မျိုးဆက်သစ်များအဖြစ် အနာဂတ်နိုင်ငံတော်တွင် တစ်ပြိုင်တည်း ထွန်းတောက်လာကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ မျိုးဆက်သစ်များဖြစ်သည့် လူငယ်မောင်မယ်တို့ နှလုံးသားတွင် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တို့သည် အမြဲရှင်သန်နိုးကြားနေရန်လည်း လိုအပ်ကြောင်း။
 
လူငယ်မောင်မယ်တို့အနေဖြင့် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် အပြည့်အဝရှိသည့် မျိုးဆက်သစ်များပီပီ နောင်အနာဂတ်မှာ နိုင်ငံတော်ရဲ့တာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်နိုင်သူများဖြစ်အောင် စတင်ကြိုးစားလျှောက်လှမ်းသွားကြရန် လေးလေးနက်နက် တိုက်တွန်းပြောကြားလိုကြောင်း။
 
စာပေသည် လူသားတို့၏နှလုံးသားကို သွန်သင်ဆုံးမပေးနိုင်သည့် ဆရာတစ်ဆူဖြစ်သကဲ့သို့ ဘဝများကို ထိန်းကျောင်းပြုပြင်ပေးနိုင်သည့် မိတ်ဆွေအရင်းအချာတစ်ဦးပမာ တွေ့မြင်ရမည်ဖြစ်ကြောင်း၊ စာပေဖတ်ရှုသည့်နေရာတွင်လည်း မိမိနှလုံးသား၊ မိမိဘဝ၊ မိမိလူမျိုး၊ မိမိနိုင်ငံအတွက် နှလုံးအာဟာရကောင်းများ ပေးစွမ်းနိုင်သည့် အကျိုးပြုစာပေများကို ရွေးချယ်ဖတ်ရှုကြရန်လိုအပ်ကြောင်း၊ ယနေ့ Social Media အင်အားကြီးထွားလာမှုအပိုင်းတွင် အဆိပ်သင့်စာပေများသည် နေရာအနှံ့ကနေ ပျံ့နှံ့စိမ့်ဝင်နေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နေရကြောင်း၊ မျိုးဆက်သစ်လူငယ်များသည် စာအုပ်စာပေများနှင့် တဖြည်းဖြည်းဝေးကွာလာခဲ့ကြပြီး Social Media များနှင့် ပိုမိုနီးစပ်သွား ကြသည့်အတွက် Social Media တွေကတစ်ဆင့် အဆိပ်သင့်သတင်းများ၊ အဆိပ်သင့်စာပေများသည် မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားနှင့်အသိတရားကို အင်အားကြီးမားစွာဖြင့် ချေမွှဖျက်ဆီးပစ်နိုင်သည်ကိုလည်း လူငယ်များအားလုံး သတိပြုဆင်ခြင်ကြရန်လိုအပ်ကြောင်း။
 
ယနေ့ခေတ် လူငယ်မောင်မယ်တို့ကြားတွင် စာဖတ်သည့် အလေ့အထကောင်းများ ရှားပါးလာသည်ကို တွေ့မြင်လာရကြောင်း၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်အတွက် လူငယ်မောင်မယ်တို့သည် စာပုံမှန်ဖတ်ဖြစ်သည့် အလေ့အကျင့်တစ်ခုကိုစတင်ပျိုးထောင်သွားကြရန်လိုကြောင်း၊ အကျိုးပြုစာပေမျိုးစုံကို ဖတ်ရှုလေ့လာနိုင်လာသည်နှင့်အမျှ မိမိနှစ်သက်စိတ်ဝင်စားရာ စာပေအမျိုးအစားကို မိမိနှလုံးသားက ပိုင်းခြားဆုံးဖြတ်ပေးသွားခြင်းဖြစ်ကြောင်း။
 
ပညာပြည့်ဝသည့် လူသားတစ်ယောက်၏ စိတ်နှလုံးသားသည် အရာရာကိုမှန်မှန်ကန်ကန်နှင့် ရှုမြင်ပိုင်းခြားဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းရှိကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်မောင်မယ်တို့အနေဖြင့် ပညာဆိုသည့် အဖော်မွန်ကိုလက်တွဲပြီး နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မည့် နောင်ဝယ်လူကြီးများဖြစ်အာင် ကြိုးစားကျင့်ကြံသွားကြရန်မှာကြားလိုကြောင်း။
 
အမိမြေကို ကာကွယ်စောင့်ရှောက်နိုင်ရန် ယခုအရွယ်ကတည်းကစတင်ပြီး မိမိကိုယ်ကို ကောင်းအောင်ကြိုးစားသွားကြရန်၊ မိမိဘဝကိုပညာနှင့်အဖော်ပြုပြီး ကောင်းအောင်တည်ဆောက်ကြရန်၊ မိမိတို့ဘဝတစ်လျှောက် ကြုံတွေ့လာခဲ့ရသည့်အတွေ့အကြုံများစွာထဲက ကောင်းသည့်အချက်များကိုဆောင်ပြီး မကောင်းသည့်အချက်များကို ရှောင်ရှားကာ မိဘများက ဂုဏ်ယူရသော၊ နိုင်ငံတော်ကအားထားရသော “စွမ်းအားလည်းညီခေတ်လည်းမီ” သည့် နောင်ဝယ်လူကြီးများဖြစ်ကြပါစေကြောင်းဖြင့် ပြောကြားသည်။
 
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ လူငယ်မောင်မယ်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂါရဝပြုလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
👍4❤‍🔥1
News Of Myanmar
ယနေ့ ပညာတတ်ပေါကြွယ်ဝသည့် နိုင်ငံများသည် ကမ္ဘာပေါ်တွင် ရှေ့ဆုံးကရပ်တည်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ဦးဆောင်နိုင်ရန်အတွက် ပညာ၏လက်တွဲခေါ်ဆောင်မှုကတစ်ဆင့် လူသားတို့၏ ကြိုးစားအားထုတ်မှုများ၊ တီထွင်ကြံဆမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြ၍ တိုးတက်မှုများသည်…
၎င်းနောက် ရေကြောင်းလူငယ်သင်တန်းမှ မဖြိုးသဉ္ဇာလင်းနှင့် လေကြောင်းလူငယ်သင်တန်းမှ မဝင်းသိင်္ဂီ တို့က သင်တန်များတွင် တက်ရောက်သင်ကြားခဲ့ရသည့် ရေကြောင်း၊ လေကြောင်းဆိုင်ရာ အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် ဗဟုသုတများနှင့် အကျိုးကျေးဇူးများကို ဦးစွာရှင်းလင်းပြောကြားကြပြီး ကျေးဇူးတင်စကားများ အသီးသီးပြန်လည်ပြောကြားကြသည်။
 
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းလူငယ်သင်တန်းနှင့် လေကြောင်းလူငယ်သင်တန်းတို့မှ လူငယ်မောင်မယ်များနှင့် အုပ်ချုပ်သူနည်းပြများကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။
 
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြောင်း လူငယ်သင်တန်းနှင့် လေကြောင်းလူငယ်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
 
ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ မတက်ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော မြန်မာ့တပ်မတော်မှထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော်(ကြည်း၊ရေ၊လေ)တွင် ဝတ်ဆင်အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေးစက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှထုတ်လုပ်သည့် ရေယာဉ်များ၏ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုနေသည့် လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံများနှင့်အသုံး အဆောင်ပစ္စည်းများ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှုသရုပ်ပြကွက်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။
👍62
ဒုတိယသမ္မတ ဦးညိုစော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
 
မေ ၂၅၊ ၂၀၂၆
 
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးညိုစော တက်ရောက် အမှာစကားပြောကြားသည်။
 
အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
 
ဦးစွာ ဒုတိယသမ္မတ ဦးညိုစောက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးကို ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် အဓိကတာဝန်ယူဆောင်ရွက်နေသည့် အမျိုးသားကော်မတီအနေဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များနှင့် ယခင်ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်ပြီးစီးမှုနှင့် ကြုံတွေ့လာနိုင်ခြေရှိသည့် သဘာဝဘေးများအတွက် ဝန်ကြီးဌာနများနှင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်ထားသည့် ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှု၊ ဘေးအန္တရာယ်ဖြစ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး အဆင်သင့်ဖြစ်အောင်စီမံထားရှိမှုများကို သိရှိရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောက်ရွက်ပေးနိုင်ရန်အတွက်ဖြစ်ကြောင်း။
 
ယခုကာလသည် မုတ်သုံကာလကို ရောက်ရှိလာပြီဖြစ်သည့်အတွက် မုတ်သုံကာလအတွင်း ဖြစ်ပေါ်လေ့ရှိသည့်မုန်တိုင်း၊ မြစ်ရေကြီးခြင်းအပါအဝင် နောက်ဆက်တွဲဘေးအန္တရာယ်များကို ဒေသအလိုက်သတိပြု၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ မိုးလေဝသဆိုင်ရာခန့်မှန်းချက်၊ ကြိုတင်သတိပေးချက်များကို မျက်ခြည်မပြတ် ဂရုတစိုက်သိရှိစေရန်လည်း လိုအပ်ကြောင်း၊ ယခုကာလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဒေသအချို့တွင် အပူချိန်များလာပြီး အယ်နီညိုဖြစ်နိုင်ခြေကိုလည်း တွေ့ရှိရကြောင်း၊ တစ်ဖက်တွင်လည်း ငလျင်ဘေးအန္တရာယ်ကို အထူးသတိပြုရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းများကို စနစ်တကျစီမံဆောင်ရွက်ထားခြင်းအားဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုထိ လျော့နည်းစေနိုင်ရုံမျှမက တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သုံးစွဲရမည့်စရိတ်များကိုလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပိုမိုအသုံးပြုနိုင်မည်ဖြစ်ကြောင်း။
 
ထို့ပြင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးအတွက် ဝန်ကြီးဌာနများအလိုက်၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်မှုများကဏ္ဍအလိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဖြစ်ပွားလာနိုင်သည့်ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး လူ/တိရစ္ဆာန် ပြောင်းရွှေ့ရေး၊ ယာယီနေရာချထားရေး၊ အရေးပေါ်ကယ်ဆယ်ထောက်ပံ့ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် ထိခိုက်နိုင်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ပြန်လည်ကုစားမည့်အစီအမံများနှင့် ဒေသအလိုက်တည်ရှိနေသည့် ဆည်မြောင်းတာတမံများကြံ့ခိုင်မှုထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ လုပ်ငန်းလည်ပတ်မှုမပြတ်တောက်စေရန် အစီအမံများကို ကဏ္ဍစုံတွင်ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း ပြောကြားသည်။
 
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ဒေါက်တာစိုးဝင်းတို့က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါ အချိန်မီတုံ့ပြန်နိုင်ရေးအတွက် လူမှုကယ်ဆယ်ရှာဖွေရေးအဖွဲ့များ၊ ဘေးဒဏ်ခံခိုလှုံရေးအဆောက်အဦနှင့် ကယ်ဆယ်ရေးစခန်းများ ကြိုတင်စုဖွဲ့ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကူညီကယ်ဆယ်ရေးနှင့် သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရန်ပုံငွေလျာထားဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
 
ယင်းနောက် တက်ရောက်လာကြသူများက ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကဏ္ဍများအလိုက် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးနှင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအလွန်ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
👍53