မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် အမဲလိုက်မုဆိုးတစ်ဦး ထိခိုက်ဒဏ်ရာရ
မေ ၂၄၊ ၂၀၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ မေလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၈ နာရီခွဲအချိန်၌ မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာနေ ဦးလှကြိုင် (၄၀) နှစ်သည် ကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခွဲခန့် အကွာရှိ တောအတွင်း၌ အမဲလိုက်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
NOM

👍5😢4❤1😡1
Media is too big
VIEW IN TELEGRAM
ဩစတြီးယားနိုင်ငံတွင် ပါရာဂလိုက်ဒါ (စက်မဲ့လေထီး) စီးနင်းသူတစ်ဦးကို လေယာဉ်တစ်စင်းက ဝင်တိုက်မိသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
NOM
NOM
👍20😡5❤3
🇺🇸/🇮🇷 အီရန် Tasnim သတင်းဌာန၏ ဖော်ပြချက်အရ
– အမေရိကန်နှင့် နားလည်မှုစာချွန်လွှာ (MoU) ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အီရန်နိုင်ငံ၏ ထိန်းချုပ်ပိတ်ဆို့ခံထားရသော ပိုင်ဆိုင်မှုများအနက် အနည်းဆုံး ထက်ဝက်ကို ကြိုတင်၍ ပြန်လည်လွှတ်ပေးရမည်ဖြစ်ပြီး ၎င်းတို့ကို အီရန်နိုင်ငံဘက်မှ ချက်ချင်း အသုံးပြုခွင့်ရရှိရမည်ဖြစ်သည်။
– နျူကလီးယားဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အီရန်နိုင်ငံဘက်မှ မည်သည့်ကတိကဝတ်မျှ ပေးထားခြင်းမရှိပါ။
– လက်ဘနွန်နိုင်ငံရှိ အပစ်အခတ်ရပ်စဲရေးသည် ချိုးဖောက်မှုများ လုံးဝမရှိဘဲ စစ်ပွဲကို အပြီးတိုင် ရပ်တန့်ခြင်း ဖြစ်ရမည်။

👍24
ကယ်လီဖိုးနီးယားပြည်နယ် Garden Grove မြို့ရှိ မြန်မာနိုင်ငံသားများအရေးပေါ် ရွှေ့ပြောင်းရန် လိုအပ်ပါက သတ်မှတ်ထားသော ကယ်ဆယ်ရေးစခန်း များသို့ဆက်သွယ်
ရွှေ့ပြောင်းနိုင်
NOM
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် Garden Grove မြို့ရှိ စက်ရုံတစ်ခုတွင် ဓာတုပစ္စည်း
ပါသော မီးလောင်မှုဖြစ်ပွား၍ အရေးပေါ်အခြေအနေကြေညာ၊ ထားသည့်အတွက် ယင်ဒေသရှိ မြန်မာနိုင်ငံသားများအရေးပေါ် ရွှေ့ပြောင်းရန် လိုအပ်ပါက သတ်မှတ်ထားသော
ကယ်ဆယ်ရေးစခန်း များသို့ဆက်သွယ်ရွှေ့ပြောင်းနိုင်သည့်ဟု လော့စ်အိန်ဂျလိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကထုတ်ပြန်ထားသည်။

👍19❤1❤🔥1
ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သော ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့တို့၌ ပြန်လည်ထူထောင်ရေး ဆောင်ရွက်
မေ ၂၄၊ ၂၀၂၆
တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည့် ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့တို့၌ ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ရှိသူများ စုဖွဲ့၍ နယ်မြေဒေသများအရောက် သွားရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ပြန်လည်ပြုပြင်တည်ဆောက်ရမည့် လုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံအစရှိသည့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှလည်းကောင်း၊ နေရပ်များသို့ ပြန်လည်ဝင်နေထိုင်သည့် ပြည်သူများသို့ ထောက်ပံ့မည့် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်းများ ပါဝင်သည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို နေပြည်တော်မှလည်းကောင်း ယနေ့နံနက်ပိုင်းက တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။
ယနေ့တွင် ဘိလပ်မြေ ၁၀ တန်၊ အမိုးသွပ် ၁၀ တန်၊ လိုအပ်သော သွပ်ရိုက်သံ ၁၂၃ ပိဿာကျော်နှင့် ကယ်ဆယ်ထောက်ပံ့ပစ္စည်း ၃ တန်ကျော်တို့ကို ပေးပို့ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ဖြန့်ခွဲထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ဒေသ၏လိုအပ်ချက်များအပေါ် မူတည်ပြီး ဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

👍15❤🔥1
လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေသည့်အခြေအနေများအား ပြည်သူများသို့ အသိပေးတင်ပြခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများ လျှပ်စစ်နှင့် စွမ်းအင်ကို ကြောင့်ကြကင်းစွာ အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် စီမံကိန်းများအနက် အချို့သည် အမျိုးမျိုးသော နှောင့်ယှက်ဟန့်တားမှု၊ ပယောဂများကြောင့် အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိဘဲ ပြည်သူလူထုလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်။
တစ်ဖက်တွင်လည်း ပြည်သူလူထု၏ သုံးစွဲလိုမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ဖြစ်ရာ ဝန်နှင့်အား မမျှတော့ဘဲ ရုန်းကန်နေရသည့်အခြေအနေ ဖြစ်ပါသည်။
လျှပ်စစ်ထုတ်လုပ်မှု၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံများတွင် ပြန်လည်အသုံးပြုရပြီး ၄ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ရှည်လျားစွာ သွယ်တန်းထားရသည့် မဟာဓာတ်အားလိုင်းကြီးများတစ်လျှောက် အလိုအလျောက် ဆုံးရှုံးသွားသဖြင့် သုံးစွဲသူပြည်သူများထံသို့ ရောက်ရှိချိန်တွင် ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းခန့်သည် သဘောသဘာဝအရ လျော့နည်းနေမည်ဖြစ်ပါသည်။
ထို့အပြင် အချို့သော ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်များ၊ ဓာတ်အားခွဲရုံများ မဟာဓာတ်အားလိုင်းကြီးများသည် အကြမ်းဖက်ဖျက်ဆီးခံထားရသဖြင့် အပြည့်အဝအသုံးပြုနိုင်မှုမရှိတော့သည့်အတွက် ကျန်ရှိသည့် ဓာတ်အားခွဲရုံများနှင့် မဟာဓာတ်အားလိုင်းကြီးများသည် ဝန်ပိုများ ထမ်းဆောင်နေကြရသည်ဖြစ်ရာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုကွန်ရက်ကြီးသည် နည်းပညာဆိုင်ရာ စွန့်စားရမှုများစွာနှင့်အတူ ပြည်သူများ၏ လိုအပ်ချက်ကို ကြိုးစားဖြည့်ဆည်း နေရသည့်အခြေအနေဖြစ်ပါသည်။
ဖျက်ဆီးခံရမှုများကို မြန်မာ့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအစောင့်အရှောက်နှင့် ပြည်သူများ၏ အကူအညီများရယူ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများသည် စွန့်လွှတ်စွန့်စားသော စိတ်ဓာတ်များနှင့် ရာသီအချိန်မရွေး ပြင်ဆင်ပေးလျက်ရှိနေကြပါ သည်။
ယင်းသို့ ပြင်ဆင်သည့်အချိန်များတွင်လည်း သွားရောက်ရာလမ်းတစ်လျှောက် မိုင်းထောင်ထားခြင်း၊ ပြင်ဆင်နေစဉ်လာရောက် နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ပြင်ဆင်ပြီး ပြန်မည့်လမ်းတစ်လျှောက်တွင် မိုင်းများ ထောင်ထားခြင်းတို့ကြောင့် အချို့ဝန်ထမ်းများ သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါသည်။
ယင်းသို့ဖြစ်ပေါ်နေသည့် အခက်အခဲများကြားမှပင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နည်းပညာဆိုင်ရာအခက်အခဲများကို ဖြေရှင်းကျော်လွှားခြင်း၊ မသမာမှုဆောင်ရွက်နေခြင်းများကို ဖော်ထုတ်ဖြေရှင်းခြင်းတို့ကို အလေးထားဆောင်ရွက်နေသည့်အတွက် ရေလှောင်တမံများ၏ သိုလှောင်ထားမှုအမှတ် အနိမ့်ဆုံးရောက်ရှိနေသည့် ယခုအချိန်ကာလများတွင်ပင် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်လျက်ရှိပါသည်။
နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်အရင်းအမြစ်များ၊ အခြေခံအဆောက်အအုံများသည် နိုင်ငံတစ်ဝန်း ဖြန့်ကြက်တည်ရှိနေသည်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ခြင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သည့် အသိပေးတင်ပြချက်များအား ဖတ်ရှု၍ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးတင်ပြအပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

👍15❤4
လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ငွေကျပ် ၈,၆၆၅.၆၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မေ ၂၅၊ ၂၀၂၆
မေလ ၂၁ ရက်နေ့ ၁၄၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံ - ကျောက်တန်း - တောင်ကြီးသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဟန်ထူးအောင် မောင်းနှင်ပြီး မျိုးသူကို လိုက်ပါလာသည့် TOYOTA FORTUNER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး ၂၇၂ တုံး၊ အလေးချိန် ၉၅.၂ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၈,၅၆၈ သိန်း)၊ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၀၀၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁၀၀.၆၅ သိန်း)၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် မြန်မာငွေကျပ် ၁၅ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဟန်ထူးအောင်(၄၈)နှစ် နှင့် မျိုးသူကို(၂၄)နှစ်တို့အား ပင်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

👍10
ရေစကြိုမြို့နယ်၌ ပညာရေးကဏ္ဍကို နှောက်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ PDF အကြမ်းဖက်အဖွဲ့က ကျောင်းသုံးစာရေးကိရိယာများအား အကြမ်းဖက်ခြိမ်းခြောက်ကာ လုယက်ယူဆောင်
မေ ၂၅၊ ၂၀၂၆
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နေ စည်သာ (ခ) ဆားတောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမ (-) သည် မေလ ၂၄ ရက်နေ့ နံနက် ၆ နာရီအချိန်၌ အဆိုပါကျောင်းအတွက် လိုအပ်သည့် ၂၀၂၆/ ၂၀၂၇ ပညာသင်နှစ်ကျောင်းသုံးစာရေးကိရိယာများအား "သလ္လာဝတီ" ခရီးသည်တင်ယာဉ်လိုင်းဖြင့် တင်ဆောင်၍ ရေစကြိုမြို့မှစည်သာ (ခ) ဆားထောင်ကျေးရွာသို့ ထွက်ခွာလာစဉ် နံနက် ၇ နာရီအချိန်၌ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်က မော်တော်ယာဉ်အား တားဆီးကာ ဗလာစာအုပ် ၅၀ ဒါဇင်ထည့်ထားသည့် ဆာလာအိတ် ၃ အိတ် ၆၀၀ အုပ်( ၁ အုပ်လျှင် ၁၂,၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၇၂၀,၀၀၀ ကျပ်)၊ ဗလာစာအုပ် ၆ ဒါဇင်ပါ ၁ အိတ် (တန်ဖိုး ၈၆,၄၀၀ ကျပ်)၊ ခဲတံ ၁၃၉ ဒါဇင် ၈ ချောင်းပါ ၁ အိတ် ၁၆၇၆ ချောင်း (၁ ချောင်းလျှင် ၆၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၁,၀၀၅,၆၀၀ ကျပ်)၊ ဘောပင် ၆၈ ဒါဇင် ၄ချောင်းပါ ဆာလာအိတ် ၁ အိတ် ၈၂၀ ချောင်း (၁ ချောင်းလျှင် ၇၀၀ ကျပ်နှုန်း ဖြင့် တန်ဖိုး ၅၇၄,၀၀၀ ကျပ်)၊ အချိန်ပိုင်းကျောင်းခေါ်ချိန်မှတ်တမ်း စာအုပ် ၂၃ အုပ်(၁ အုပ်လျှင်၂,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၄၆,၀၀၀ ကျပ်)၊ နေ့စဉ်မှတ်တမ်းစာအုပ် ၄၃ အုပ်(၁ အုပ်လျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး၈၆,၀၀၀ ကျပ်)၊ နိုင်ငံတော်အလံ ၂ ခု (၁ ခုလျှင် ၇၀,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၁၄၀,၀၀၀ ကျပ်)၊ စုစုပေါင်းတန်ဖိုး၂,၆၅၈,၀၀၀ ကျပ်တို့အား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက် ယူဆောင်သွားခဲ့ကြောင်းသိရသည်။

😡7👍2😢1
ရုရှားဓာတ်ငွေ့တင်သင်္ဘောကိုယ်ထည်တွင် မိုင်းထောင်ထားသည်ကို အချိန်မီတွေ့ရှိခဲ့
ဘယ်လ်ဂျီယံနိုင်ငံ အန့်တွပ် (Antwerp) ဆိပ်ကမ်းမှ ပြန်လာသည့် ရုရှားဓာတ်ငွေ့တင်သင်္ဘော၏ကိုယ်ထည်တွင် မိုင်းထောင်ထားသည်ကို တွေ့ရှိခဲ့ပြီး အဆိုပါအကြမ်းဖက်တိုက်ခိုက်မည့်လုပ်ရပ်ကို ရုရှားနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့ (FSB) က ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့သည်။
အဆိုပါ သံလိုက်မိုင်း (Magnetic mines) များမှာ နေတိုး (NATO) အဖွဲ့ဝင် နိုင်ငံတစ်ခုခုမှ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
အဆိုပါသင်္ဘောသည် ဘယ်လ်ဂျီယံ ဆိပ်ကမ်းတွင် တစ်ရက်ထိန်းသိမ်းခံခဲ့ရသည်။

👍7😢1
မိုးကြိုးစက်ကွင်းမိ၍ သေဆုံးသွားသည့်နွား ပိုင်ရှင်များအား KBZ Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့မှ ကူညီထောက်ပံ့ ပေးမည်
NOM၊မေ၂၅၊၂၀၂၆
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဆီဆိုင်မြို့နယ် လွယ်ပွတ်အုပ်စု ကောင်ဝါးတောင် ကျေးရွာတွင် မိုးကြိုးစက်ကွင်းမိ၍ နွားများသေဆုံးခဲ့ သည့်အတွက် နွာပိုင်ရှင်များအား KBZ Foundation နှင့်ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် မှထောက်ပံ့မှုများပြုလုပ်ပေးသွားမည်ဟုအဆိုပါကွန်ယက်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လွယ်ပွတ်အုပ်စု ကောင်ဝါးတောင် ကျေးရွာတွင်မေ၂၁ရက်နေ့က မိုးကြိုးစက်ကွင်းမိ၍ နွားအ ကောင်း၅၀ သေဆုံးခဲ့မှုအား ဆုံးရှုံးခဲ့ကြရသည့် ကျေးရွာပြည်သူတို့ကို ကူညီထောက်ပံ့မှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေး နိုင်ရန်အတွက် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် အဖွဲ့ဝင်များသည် ကောင်ဝါးတောင်ရွာသို့ ရောက်ရှိပြီး ကျေးရွာဥက္ကဋ္ဌနှင့်ကျေးရွာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာအိမ်ထောင်စု ( ၁၇ )စုမှပိုင်ဆိုင်သော နွားထီး ၁၄ ကောင် ၊နွားမ ၃၆ကောင် စုစုပေါင်း နွားကောင်ရေ အကြီးအငယ်(၅၀) ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

😢6👍5❤4😨3
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo) တွင် အီဘိုလာသံသယလူနာ ၉၀၀ ကျော်ရှိပြီး ၁၀၁ ဦးတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း WHO ထုတ်ပြန်
လူဦးရေ ၅ သန်းနီးပါးရှိပြီး လေးပုံတစ်ပုံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည့် အီတူရီ (Ituri) ပြည်နယ်တွင် စတင်ခဲ့သော အဆိုပါရောဂါကူးစက်ပြန့်ပွားမှုသည် ယခုအခါ ပြည်နယ်သုံးခုအထိ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။
ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ရောဂါပိုးရှိသူများနှင့် ထိတွေ့မိခဲ့သူများကို လိုက်လံရှာဖွေဖော်ထုတ်ရန် ပျက်ကွက်နေကြောင်း သိရသည်။

👍10😨5😢2
ကာတာနိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို အပြီးသတ် ဆွေးနွေးဖို့အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ခ်ချီ (Abbas Araqchi) နဲ့ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကီယာ ကာလီဘတ်ဖ် (Mohammad Baqer Qalibaf) တို့ဟာ ဒိုဟာမြို့ကို ရောက်ရှိလာကြပါတယ်။
အဓိက ဆွေးနွေးမယ့် အကြောင်းအရာတွေထဲက တစ်ခုကတော့ ကာတာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်ထဲမှာ ပိတ်ဆို့ထိန်းချုပ်ခံထားရတဲ့ အီရန်နိုင်ငံရဲ့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကိစ္စ ဖြစ်ပါတယ်။

👍9❤3