ပါကစ္စတန်နိုင်ငံ၊ ကွက်တာမြို့ (Quetta) တွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဘလိုချီစတန် လွတ်မြောက်ရေးတပ်မတော် (BLA) က ဝန်ခံပြောကြားလိုက်သည်။
အဆိုပါ ရထားဗုံးခွဲတိုက်ခိုက်မှုသည် အလွန်ပြင်းထန်လှသဖြင့် ပတ်ဝန်းကျင်ရှိ နေအိမ်များပါ ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးနှင့် ဒဏ်ရာရရှိသူပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။
NOM

😨11👍5❤1😢1
ယူကရိန်းစစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ညတွင်းချင်း အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုတွင် အိုရက်ရှ်နစ် (ORESHNIK) ဒုံးကျည်များကို အသုံးပြုခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု
ရုရှားနိုင်ငံအတွင်းရှိ အရပ်သားပြည်သူများအပေါ် ကိဗ် (ယူကရိန်း) ဘက်က အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဖြစ်သည်။
စစ်ဌာနချုပ်များ၊ လေတပ်အခြေစိုက်စခန်းများနှင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းစုများ အပါအဝင် သတ်မှတ်ထားသည့် ပစ်မှတ်အားလုံးကို အောင်မြင်စွာ ထိမှန်ဖျက်ဆီးနိုင်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများတွင် အဆင့်မြင့်ဆုံး နောက်ဆုံးပေါ် ဒုံးကျည်အမျိုးအစား အမြောက်အမြားကို အသုံးပြုခဲ့သည်။

👍20❤2
ပေါင်းတည်မြို့နယ်၊ ရှမ်းစပ်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟု စွပ်စွဲသတ်ဖြတ်
မေ ၂၄၊ ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ရှမ်းစပ်ကျေးရွာနေ ဦးမြင့်အေး (၆၅) နှစ်သည် မေလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားသုံးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးမြင့်အေးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

😡5👍3😢1
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၂၇ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့
မေ ၂၄၊ ၂၀၂၆
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် တရုတ်နိုင်ငံသား ၂၇ ဦး ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၈၅ ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကိုစစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၅၂၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။
လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၆၄ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ နိုင်ငံသား ၆၆၂ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၅၀၂ ဦးတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

👍13
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တာချီလိတ်မြို့ရှိ ကုန်သွယ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မေ ၂၃၊ ၂၀၂၆
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ်(၂)ကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ One Stop Service ( OSS) အဖွဲ့များနှင့် တွေ့ဆုံ၍ ပို့ကုန်၊ သွင်းကုန် လုပ်ထုံးလုပ်နည်းများ အတိုင်းဆောင်ရွက်ရန်၊ လိုင်စင်တွင်ပါသည့် အမျိုးအစား၊ တန်ချိန်အတိုင်းဖြစ်စေရေး ကြပ်မတ်ရန်နှင့် တရားမဝင်တင်ပို့တင်သွင်းခြင်းများမရှိစေရေး အလေးထားဆောင်ရွက်ကြရန်မှာကြားသည်။
ထို့နောက် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဆွတ်ဆိုင်ကျေးရွာရှိ Moon HL Trading ကုမ္ပဏီ၏ ပြောင်းဂိုဒေါင်သို့ သွားရောက်၍ ပြောင်းဆန်များသိုလှောင်ထားရှိမှုနှင့် တင်ပို့မည့်အခြေအနေကိုလည်းကောင်း၊ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ရောက်ရှိပြီး OSS အဖွဲ့ဖြင့် ဆိပ်ကမ်း၌ ကုန်တင်ကုန်ချဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တာချီလိတ်မြို့ Lord Eagle Hotel အစည်းအဝေးခန်းမ၌ ပို့ကုန်၊ သွင်းကုန်လုပ်ငန်း ရှင်များနှင့် OSS အဖွဲ့ဝင်များအား တွေ့ဆုံ၍ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ပူးပေါင်း ဆောင်ရွက်ကြရန်၊ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များနှင့်အညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများအနေဖြင့် အဂတိကင်းရှင်းစွာ ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး တာချီလိတ် ကုန်သွယ်ရေးစခန်း(မယ်ယန်း)၌ ပို့ကုန်၊ သွင်းကုန်ယာဉ်များပေါ်ရှိ ကုန်ပစ္စည်းများစစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

👍11❤3
This media is not supported in your browser
VIEW IN TELEGRAM
ဂျာမနီနိုင်ငံက ဆီးရီးယားဒုက္ခသည်များ မိမိ နေရပ်ထံ ဆန္ဒအလျောက် ပြန်ကြရန် ယူရို ၈,၀၀၀ (အပိုဆုကြေး) ပေးအပ်ဖို့ စဉ်းစားနေ
၎င်းပမာဏသည် လက်ရှိပေးအပ်နေသော ယူရို ၁,၀၀၀ ထက် သိသိသာသာ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
ဂျာမနီနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် မရသေးဘဲ နေထိုင်နေကြသည့် ဆီးရီးယားနိုင်ငံသား ၉ သိန်းကျော် ရှိနေဆဲဖြစ်ပြီး၊ ဘာလင်အစိုးရအနေဖြင့် ၎င်းတို့အား မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ကြရန် ပိုမိုလိုလားနေသည်။

👍22❤3
ပြင်သစ်သမ္မတ မက်ခရွန်က ရုရှား၏ 'အိုရက်ရှ်နစ်' (Oreshnik) ဒုံးကျည်များဖြင့် လက်တုံ့ပြန်မှုကို ပြစ်တင်ရှုတ်ချသော်လည်း ကျောင်းသားများ အိပ်ပျော်နေစဉ် သေဆုံးခဲ့ရသည့် စတာရိုဘဲလ်စ် (Starobelsk) အဆောင်အပေါ် ယူကရိန်း၏ တိုက်ခိုက်မှုကိုမူ လျစ်လျူရှုထား
ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာလပ်စ်က ရုရှား၏ တုံ့ပြန်မှုကို 'နိုင်ငံရေးအရ ခြောက်လှန့်သည့် နည်းဗျူဟာ' ဟု ခေါ်ဆိုခဲ့ပြီး ဖိအားများ ပိုမိုလုပ်ဆောင်သွားမည်ဟု ကတိပြု
မက်ခရွန်ကဲ့သို့ပင် သူမသည်လည်း လူဂန့်စ်ပြည်သူ့သမ္မတနိုင်ငံ (LPR) အတွင်း ဖြစ်ပွားခဲ့သော ထိုဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်း မရှိပေ။

👍14🔥5❤3
ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် တောင်ယာလုပ်ကိုင်နေသည့် အပြစ်မဲ့အမျိုးသမီးတစ်ဦး ဒဏ်ရာရ
မေ ၂၄၊ ၂၀၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာနေ ဒေါ်နန်းခင်ဦး (၄၃) နှစ်သည် မေလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ ကျေးရွာ၏ တောင်ဘက်ရှိ တောင်ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက် အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒေါ်နန်းခင်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး စံကားတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထား ရှိကြောင်းသိရသည်။

👍6😢4❤2😡1
မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် အမဲလိုက်မုဆိုးတစ်ဦး ထိခိုက်ဒဏ်ရာရ
မေ ၂၄၊ ၂၀၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ မေလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၈ နာရီခွဲအချိန်၌ မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာနေ ဦးလှကြိုင် (၄၀) နှစ်သည် ကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခွဲခန့် အကွာရှိ တောအတွင်း၌ အမဲလိုက်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

👍5😢4❤1😡1
Media is too big
VIEW IN TELEGRAM
ဩစတြီးယားနိုင်ငံတွင် ပါရာဂလိုက်ဒါ (စက်မဲ့လေထီး) စီးနင်းသူတစ်ဦးကို လေယာဉ်တစ်စင်းက ဝင်တိုက်မိသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
NOM
NOM
👍20😡5❤3
🇺🇸/🇮🇷 အီရန် Tasnim သတင်းဌာန၏ ဖော်ပြချက်အရ
– အမေရိကန်နှင့် နားလည်မှုစာချွန်လွှာ (MoU) ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အီရန်နိုင်ငံ၏ ထိန်းချုပ်ပိတ်ဆို့ခံထားရသော ပိုင်ဆိုင်မှုများအနက် အနည်းဆုံး ထက်ဝက်ကို ကြိုတင်၍ ပြန်လည်လွှတ်ပေးရမည်ဖြစ်ပြီး ၎င်းတို့ကို အီရန်နိုင်ငံဘက်မှ ချက်ချင်း အသုံးပြုခွင့်ရရှိရမည်ဖြစ်သည်။
– နျူကလီးယားဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အီရန်နိုင်ငံဘက်မှ မည်သည့်ကတိကဝတ်မျှ ပေးထားခြင်းမရှိပါ။
– လက်ဘနွန်နိုင်ငံရှိ အပစ်အခတ်ရပ်စဲရေးသည် ချိုးဖောက်မှုများ လုံးဝမရှိဘဲ စစ်ပွဲကို အပြီးတိုင် ရပ်တန့်ခြင်း ဖြစ်ရမည်။

👍24
ကယ်လီဖိုးနီးယားပြည်နယ် Garden Grove မြို့ရှိ မြန်မာနိုင်ငံသားများအရေးပေါ် ရွှေ့ပြောင်းရန် လိုအပ်ပါက သတ်မှတ်ထားသော ကယ်ဆယ်ရေးစခန်း များသို့ဆက်သွယ်
ရွှေ့ပြောင်းနိုင်
NOM
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် Garden Grove မြို့ရှိ စက်ရုံတစ်ခုတွင် ဓာတုပစ္စည်း
ပါသော မီးလောင်မှုဖြစ်ပွား၍ အရေးပေါ်အခြေအနေကြေညာ၊ ထားသည့်အတွက် ယင်ဒေသရှိ မြန်မာနိုင်ငံသားများအရေးပေါ် ရွှေ့ပြောင်းရန် လိုအပ်ပါက သတ်မှတ်ထားသော
ကယ်ဆယ်ရေးစခန်း များသို့ဆက်သွယ်ရွှေ့ပြောင်းနိုင်သည့်ဟု လော့စ်အိန်ဂျလိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကထုတ်ပြန်ထားသည်။

👍19❤1❤🔥1
ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သော ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့တို့၌ ပြန်လည်ထူထောင်ရေး ဆောင်ရွက်
မေ ၂၄၊ ၂၀၂၆
တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည့် ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့တို့၌ ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ရှိသူများ စုဖွဲ့၍ နယ်မြေဒေသများအရောက် သွားရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ပြန်လည်ပြုပြင်တည်ဆောက်ရမည့် လုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံအစရှိသည့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှလည်းကောင်း၊ နေရပ်များသို့ ပြန်လည်ဝင်နေထိုင်သည့် ပြည်သူများသို့ ထောက်ပံ့မည့် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်းများ ပါဝင်သည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို နေပြည်တော်မှလည်းကောင်း ယနေ့နံနက်ပိုင်းက တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။
ယနေ့တွင် ဘိလပ်မြေ ၁၀ တန်၊ အမိုးသွပ် ၁၀ တန်၊ လိုအပ်သော သွပ်ရိုက်သံ ၁၂၃ ပိဿာကျော်နှင့် ကယ်ဆယ်ထောက်ပံ့ပစ္စည်း ၃ တန်ကျော်တို့ကို ပေးပို့ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ဖြန့်ခွဲထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ဒေသ၏လိုအပ်ချက်များအပေါ် မူတည်ပြီး ဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

👍15❤🔥1