News Of Myanmar
12.7K subscribers
24.3K photos
3.33K videos
3 files
6.61K links
Download Telegram
လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် အခြေအနေများအား ပြည်သူများသို့ အသိပေးတင်ပြခြင်း။
👍166
This media is not supported in your browser
VIEW IN TELEGRAM
အိမ်ဖြူတော်အနီး၌ သေနတ်သမား ပစ်ခတ်မှု ဖြစ်ပွားနေစဉ်အတွင်း လျှို့ဝှက်လုံခြုံရေးအဖွဲ့ (Secret Service) က ဝန်ထမ်းခေါ်ယူရေး ဗီဒီယိုတစ်ခုတင်ခဲ့။

NOM
👍16🗿3
ပဲခူးမြို့တွင် ဇလပ်ထော်ရေလှောင်တမံတွင် ကလေးငယ် လေးဦး ရေနစ်သေဆုံး

NOM မေ ၂၄၊ ၂၀၂၆

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဇလပ်ထော်ရေလှောင်တမံအတွင်း မေလ ၂၂ ရက်၊ မွန်းလွဲပိုင်းအချိန်က အသက် ၁၀ နှစ် မှ ၁၃ နှစ်အတွင်းရှိကျောင်းသား၊ ကျောင်းသူကလေးငယ်လေးဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပဲခူးမြို့ရှိ ပရဟိအသင်းတစ်ခု၏တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ရေနစ်သေဆုံးသွားသည့် ကလေးငယ်များမှာ စတုတ္ထတန်း ကျောင်းသား မောင်ဖြိုးဇာနည်လင်း (၁၀ နှစ်)၊ ပဉ္စမတန်း ကျောင်းသူ မပိုးဝတီ (၁၁ နှစ်)၊ ဆဋ္ဌမတန်း
ကျောင်းသူ မစုပုံချစ် (၁၃ နှစ်) နှင့် စတုတ္ထတန်း ကျောင်းသူ မသဒ္ဒါရွှန်းလဲ့ (၁၀ နှစ်) တို့ ဖြစ်ကြောင်းသိရသည်။

"ကျွန်တော်တို့ကြားရတာတော့ ဒီကလေးတွေက ကျူရှင်ကအပြန်မှာ အိမ်မပြန်ဘဲ ဇလပ်ထော်တမံထဲ ရေဆင်းကူးရင်း အခုလိုရေနစ်ခဲ့တာပါ။ ဒေသခံတွေက လူမှုကူညီရေးအသင်းတွေကို ဆက်သွယ်လို့ချက်ခြင်းသွားရောက်ကယ်ဆယ်ခဲ့ပေမယ့် အားလုံးကိုသေဆုံးလျက်သာရှာဖွေတွေ့ရှိခဲ့ပါတယ်" ပဲခူးမြို့ရှိပရဟိအသင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ကလေးငယ်လေးဦး ရေနစ်မှုဖြစ်ပွားသဖြင့် ဒေသခံများနှင့် သက်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းလုပ်ဆောင်ခဲ့သော်လည်း ကလေးငယ်များအားလုံး​၏ အသက်ကို ကယ်တင်နိုင်ခြင်းမရှိဘဲ ရုပ်အလောင်းများကိုသာ ဆယ်ယူရရှိခဲ့ကြောင်းသိရသည်။

NOM
😢7👍4
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံ၊ ကိဗ် (Kyiv) ဒေသရှိ ဘီလာ ဆာ့ကွာ (Bila Tserkva) မြို့အနီးကို ပစ်မှတ်ထားပြီး အိုရက်ရှ်နစ် Oreshnik တာလတ် ပဲ့ထိန်းဒုံးကျည်များ (IRBMs) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယူကရိန်းက ရုရှားနိုင်ငံအတွင်းရှိကောလိပ်ကျောင်းတစ်ခုကို တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၄၀ ခန့်သေဆုံးခဲ့ပြီးနောက် ရုရှားက လက်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

NOM
👍21😱4
ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပုသိမ်မြို့ သူနာပြုသင်တန်းကျောင်း၊ ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတို့ ကြည့်ရှုစစ်ဆေး
 
မေ ၂၃၊ ၂၀၂၆
 
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့်     ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်တို့သည် ယနေ့နံနက်ပိုင်းတွင် သူနာပြုသိပ္ပံ(ပုသိမ်) သို့ ရောက်ရှိပြီး ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ စာသင်ခန်းများ၊ ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့သင်ကြားရေးခန်း (Skill Lab) ၌ လက်တွေ့သင်ကြားနေမှု၊ ထမင်းချက်ဆောင်နှင့် ထမင်းစားဆောင်၊ သင်တန်းသူအိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 
 
ထို့နောက် စာသင်ခန်း (၁) ၌ သင်ကြားရေးဆရာများ၊ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံကာ စီမံရေးရာကိစ္စများ၊ သင်ကြားရေးကိစ္စများ၊ သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်နိုင်ရေးကိစ္စများ၊ အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ကုသဆောင် အစည်းအဝေးခန်းမ၌   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ   ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်ကြီးနှင့် သူနာပြုများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုသမှုအရည်အသွေးနှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရေး ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ (ပုသိမ်)သို့ သွားရောက်၍ အတွင်းလူနာဆောင်၊ သံဃာဆောင်၊ အကြောပြင်ဌာနနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍   ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
👍142
ပါကစ္စတန်နိုင်ငံ၊ ကွက်တာမြို့ (Quetta) တွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဘလိုချီစတန် လွတ်မြောက်ရေးတပ်မတော် (BLA) က ဝန်ခံပြောကြားလိုက်သည်။

အဆိုပါ ရထားဗုံးခွဲတိုက်ခိုက်မှုသည် အလွန်ပြင်းထန်လှသဖြင့် ပတ်ဝန်းကျင်ရှိ နေအိမ်များပါ ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးနှင့် ဒဏ်ရာရရှိသူပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။

NOM
😨11👍51😢1
ယူကရိန်းစစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ညတွင်းချင်း အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုတွင် အိုရက်ရှ်နစ် (ORESHNIK) ဒုံးကျည်များကို အသုံးပြုခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု

ရုရှားနိုင်ငံအတွင်းရှိ အရပ်သားပြည်သူများအပေါ် ကိဗ် (ယူကရိန်း) ဘက်က အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဖြစ်သည်။

စစ်ဌာနချုပ်များ၊ လေတပ်အခြေစိုက်စခန်းများနှင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းစုများ အပါအဝင် သတ်မှတ်ထားသည့် ပစ်မှတ်အားလုံးကို အောင်မြင်စွာ ထိမှန်ဖျက်ဆီးနိုင်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများတွင် အဆင့်မြင့်ဆုံး နောက်ဆုံးပေါ် ဒုံးကျည်အမျိုးအစား အမြောက်အမြားကို အသုံးပြုခဲ့သည်။

NOM
👍202
ပေါင်းတည်မြို့နယ်၊ ရှမ်းစပ်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟု စွပ်စွဲသတ်ဖြတ်

မေ ၂၄၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ရှမ်းစပ်ကျေးရွာနေ ဦးမြင့်အေး (၆၅) နှစ်သည် မေလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားသုံးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးမြင့်အေးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
😡5👍3😢1
အွန်လိုင်းလိမ်လည်မှု (Telecom  Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၂၇ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့

မေ ၂၄၊ ၂၀၂၆

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။

ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် တရုတ်နိုင်ငံသား ၂၇ ဦး ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၈၅ ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကိုစစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၅၂၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။

လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၆၄ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ နိုင်ငံသား ၆၆၂ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၅၀၂ ဦးတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

NOM
👍13
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တာချီလိတ်မြို့ရှိ ကုန်သွယ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
 
မေ ၂၃၊ ၂၀၂၆
 
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ်(၂)ကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ One Stop Service ( OSS) အဖွဲ့များနှင့် တွေ့ဆုံ၍ ပို့ကုန်၊ သွင်းကုန် လုပ်ထုံးလုပ်နည်းများ အတိုင်းဆောင်ရွက်ရန်၊ လိုင်စင်တွင်ပါသည့် အမျိုးအစား၊ တန်ချိန်အတိုင်းဖြစ်စေရေး ကြပ်မတ်ရန်နှင့် တရားမဝင်တင်ပို့တင်သွင်းခြင်းများမရှိစေရေး အလေးထားဆောင်ရွက်ကြရန်မှာကြားသည်။
 
ထို့နောက် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဆွတ်ဆိုင်ကျေးရွာရှိ Moon HL Trading ကုမ္ပဏီ၏ ပြောင်းဂိုဒေါင်သို့ သွားရောက်၍ ပြောင်းဆန်များသိုလှောင်ထားရှိမှုနှင့် တင်ပို့မည့်အခြေအနေကိုလည်းကောင်း၊ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ရောက်ရှိပြီး OSS အဖွဲ့ဖြင့် ဆိပ်ကမ်း၌ ကုန်တင်ကုန်ချဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
 
ယင်းနောက် တာချီလိတ်မြို့ Lord Eagle Hotel အစည်းအဝေးခန်းမ၌ ပို့ကုန်၊ သွင်းကုန်လုပ်ငန်း ရှင်များနှင့် OSS အဖွဲ့ဝင်များအား တွေ့ဆုံ၍ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ပူးပေါင်း ဆောင်ရွက်ကြရန်၊ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များနှင့်အညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများအနေဖြင့် အဂတိကင်းရှင်းစွာ ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး တာချီလိတ် ကုန်သွယ်ရေးစခန်း(မယ်ယန်း)၌ ပို့ကုန်၊ သွင်းကုန်ယာဉ်များပေါ်ရှိ ကုန်ပစ္စည်းများစစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
👍113