This media is not supported in your browser
VIEW IN TELEGRAM
ဟစ်ဇ်ဘိုလာ ဒရုန်းတစ်စင်းသည် ရေဒါ (သို့မဟုတ်) ရန်သူ့ကာကွယ်ရေးစနစ်များ၏ ရှာဖွေတွေ့ရှိခြင်းမခံရဘဲ နယ်စပ်ကို ဖြတ်ကျော်လာပြီးနောက် အစ္စရေးတို့သိမ်းပိုက်ထားသည့် ပါလက်စတိုင်းနယ်မြေအတွင်းရှိ ရှိုမဲရာ (Shomera) အခြေချနေထိုင်ရာဒေသရှိ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ အိုင်းရွန်းဒုမ်း (Iron Dome) လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်ပစ်စင်ကို တိုက်ရိုက်ထိမှန်ဖျက်ဆီးနိုင်ခဲ့သည်။
NOM
NOM
👍19❤1👎1
တောင်ငူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး သေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရရှိ
မေ ၂၁၊ ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ မေလ ၁၉ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် သေဆုံး/ဒဏ်ရာ ရရှိသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ တောင်ငူမြို့နယ်၊ အမှတ် (၁၉) ရပ်ကွက်နေ ဦးခွန်ထိုက်အောင် (ခ) ခယ်ပေ (၃၁) နှစ်၊ အမှတ် (၂၃) ရပ်ကွက်နေသူများဖြစ်ကြသည့် ဦးစောစိမ်းမင်း (၃၅) နှစ်၊ ဦးစောယိုအေးလ (၃၂) နှစ်၊ မနော်ဟဲနေစေး (၃၀) နှစ်နှင့် မွန်ကုန်းကျေးရွာနေ မနော်ယွာဟေးလဲဘွယ် (၃၃) နှစ်တို့သည် မွန်ကုန်းကျေးရွာမှ တောင်ငူမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် တောင်ငူ-လိပ်သိုကားလမ်း မိုင်တိုင်အမှတ် ၅ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားအရောက် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ဦးခွန်ထိုက်အောင် (ခ) ခယ်ပေတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးစောစိမ်းမင်းပါလေးဦးတို့တွင် ထိခိုက် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

👍6😢4❤2😡2
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (23rd ACDFM) သို့ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်
မေ ၂၁၊ ၂၀၂၆
မေ ၂၁၊ ၂၀၂၆
❤19👍7
အကယ်၍ အမေရိကန်၊ အစ္စရေးတို့နှင့် ပဋိပက္ခ တစ်ကျော့ပြန် ပြင်းထန်လာပါက ဂရိ၊ ရိုမေးနီးယားနှင့် ဂျာမနီနိုင်ငံတို့ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ရန် အီရန်နိုင်ငံက ထည့်သွင်းစဉ်းစားသွားမည် ဖြစ်သည်။
NOM
NOM
👍21❤3
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia အား လက်ခံတွေ့ဆုံ
မေ ၂၀၊ ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းပိုမိုခိုင်မြဲစေရေး၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံ့ဝန်ထမ်းများနှင့် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ အမျိုးသမီးကဏ္ဍ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင် ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

❤18👍10
တနိုင်းမြို့နယ်တွင် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ
မေ ၂၁၊ ၂၀၂၆
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်၌ တနိုင်းမြို့နယ်၊ ကင်ဆားရပ်ကွက်နေ ဦးဂလောင်းနော်မိုင် (၅၆) နှစ်သည် နမ်ဖျက်ယန် ကျေးရွာနှင့် တိန်ကောက်ကျေးရွာကြားရှိ မီးသွေးလုပ်ငန်းလုပ်ကိုင်သည့်နေရာသို့ သွားရောက်စဉ် အဆိုပါနေရာအနီးအရောက် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

👍7😢5😡5
စက်သုံးဆီ 92 နှင့် 95 စျေးတက်ပြီး ဒီဇယ်ဆီစျေးများကျဆင်းလာ
NOM၊မေ၂၂၊၂၀၂၆
စက်သုံးဆီ 92 နှင့် 95 စျေးတက်ပြီး ဒီဇယ်ဆီစျေးများကျဆင်လာကြောင်း ယနေ့(မေ ၂၂ )ရက်ကစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကော်မတီ၏ဈေးနှုန်းများအရ ယနေ့(မေ ၂၂ ရက်) ရန်ကုန်၌ 92 တစ်လီတာလျှင် ၄၅၈၅ ကျပ်၊ 95 တစ်လီတာလျှင် ၄၆၅၀ ကျပ် ၊ ရိုးရိုးဒီဇယ်တစ်လီတာ ၄၄၆၀ ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာ ၅၄၈၅ ကျပ် ဖြစ်ကြောင်း သိရသည်။
မေ ၂၁ ရက်အထိ စျေးနှုန်းများအရ 92 တစ်လီတာလျှင် ၄၅၆၅ ကျပ်၊ 95 တစ်လီတာလျှင် ၄၆၄၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၈၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၈၁၅ ကျပ်ဖြစ်ခဲ့ရာမှ ယခု 92 တစ်လီတာလျှင် ၂၀ ကျပ်စျေးတက်သွားခဲ့ပြီး 95 တစ်လီတာလျှင် ၅ ကျပ် တက်လာခဲ့ပြီး ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၃၆၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၃၀ ကျပ် ကျဆင်းခဲ့ ကြောင်းသိရသည်။

👍18❤2