News Of Myanmar
12.8K subscribers
24.2K photos
3.31K videos
3 files
6.61K links
Download Telegram
အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေအနေ များကို တွေ့ရှိရသည့်ဟု မိုး/ဇလ ထုတ်ပြန်
NOM၊မေ၂၁၊၂၀၂၆
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေအနေ များကို တွေ့ရှိရသည့်ဟု မိုးလေဝသာနှင့်ဇလဗေဒညွန်ကြားမှုဦးစီးမှုဌာနက ယနေ့(မေ ၂၁ )ရက်နေ့က ထုတ်ပြန်ထားကြောင်းသိရသည်။

နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ လာမည့် ဇွန်လမှစတင်၍ အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ပြီး
၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်
ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်ပါ၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန်၊ အယ်လ်နီ
ညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည် မိုးလေဝသာနှင့်ဇလဗေဒညွန်ကြားမှုဦးစီးမှုဌာန ကထုတ်ပြန်
ထားသည်။
👍282
မုံရွာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် ကိုရင်တစ်ပါးပျံလွန်တော်မူကာ အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

မေ ၂၁၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဗန္ဓုလရပ်ကွက်သို့ မေလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ကိုရင် ရှင်ပညာဝံသ (ခ) မောင်မင်းခန့်အောင် (၁၁) နှစ်နှင့် မောင်သူရအောင် (၁၇) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ မုံရွာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးနေစဉ် ကိုရင် ရှင်ပညာဝံသ (ခ) မောင်မင်းခန့်အောင်မှာ ပျံလွန်တော်မူသွားခဲ့ကြောင်းသိရသည်။

NOM
😡9👍5😢21
သံဖြူဇရပ်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်တစ်စီးကို တားဆီးကာ ယာဉ်ပေါ်ပါ အပြစ်မဲ့ အရပ်သား ပြည်သူနှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်သွား

မေ ၂၁၊ ၂၀၂၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အောင်ဇေယျရပ်ကွက်နေ ဦးမိုးမင်းသန့် (၃၃) နှစ်နှင့် ကိုမိုးမင်းထက် (၂၉) နှစ်တို့သည် မေလ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ ဝဲခမီကျေးရွာသို့ သံဖြူဇရပ်-ကရုပ္ပိ-ထင်းရူး-အနင်းသွားကားလမ်းအတိုင်း မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာလာစဉ် ကော့လေးကျေးရွာအနီးအရောက် PDF အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်အား တားဆီးပြီး ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးကိုဖမ်းဆီး၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
👍4😱3😢3😡2
ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးကို PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က သတ်ဖြတ်သွား

မေ ၂၁၊ ၂၀၂၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာနေ ဦးထိန်ဦး (၃၄) နှစ်နှင့် ဦးခန်းထက်ဇော် (၅၀) နှစ်တို့သည် မေလ ၂၀ ရက်နေ့ နံနက် ၂ နာရီအချိန်၌ ၎င်းတို့၏နေအိမ် အသီးသီးတွင် ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

NOM
👍7😡5😢1
ဆင်ပေါင်ဝဲမြို့နယ်၊ အင်ပင်လှကျေးရွာနေ အပြစ်မဲ့အရပ်သား ပြည်သူနှစ်ဦးကို PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

မေ ၂၁၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ပင်လှကျေးရွာနေ ဦးမြင့်ဌေး (၅၆) နှစ်နှင့် ဦးမြင့်စိုးခိုင် (ခ) ကုလား (၄၉) နှစ်တို့သည် မေလ ၂၀ ရက်နေ့ နံနက် ၃ နာရီအချိန်၌ ၎င်းတို့၏ နေအိမ်များတွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်၍ ကျေးရွာ၏တောင်ဘက် ၁ မိုင်ခန့်အကွာ၌ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
 
NOM
😢6👍3😡2
လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ

မေ ၂၁၊ ၂၀၂၆
👍12
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဒါရ်ဒေသတွင် မေလ ၁၈ ရက်နေ့၌ ခရစ်ယာန် တရားတော်ဟောဆရာတစ်ဦးကို အကြမ်းဖက် CDF-Daai အဖွဲ့က ရိုက်နှက်နှိပ်စက်
👍5😢3😡3
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများနှင့် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံဖမ်းဆီးရမိ

မေ ၂၁၊ ၂၀၂၆
👍11
ပြီးခဲ့သည့် စစ်ပွဲအတွင်း ဆုံးရှုံးခဲ့ရသော စစ်ရေးစွမ်းဆောင်ရည်များကို အီရန်နိုင်ငံက အရှိန်အဟုန်ဖြင့် ပြန်လည်တည်ဆောက်နေပြီဖြစ်ကြောင်း အမေရိကန် ထောက်လှမ်းရေး အကဲဖြတ်ချက်များအရ သိရသည်။

အမေရိကန် ထောက်လှမ်းရေး အကဲဖြတ်ချက်များကို သိရှိနားလည်သည့် ရင်းမြစ်နှစ်ခု၏ အဆိုအရ အီရန်သည် ဧပြီလအစောပိုင်းတွင် စတင်ခဲ့သည့် ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ၎င်းတို့၏ ဒရုန်းထုတ်လုပ်မှုအချို့ကို ပြန်လည်စတင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အီရန်စစ်တပ်သည် ကနဦး ခန့်မှန်းထားသည်ထက် ပိုမိုမြန်ဆန်သောနှုန်းဖြင့် ပြန်လည်အင်အားဖြည့်တင်းနေကြောင်း အမေရိကန်ထောက်လှမ်းရေးက ဖော်ပြနေသည်ဟု ရင်းမြစ်လေးခုက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

လက်နက် အစိတ်အပိုင်းအမျိုးမျိုး၏ ထုတ်လုပ်မှုကို ပြန်လည်စတင်ရန် ကြာမြင့်မည့်အချိန်ချင်း မတူညီသော်လည်း အချို့သော ခန့်မှန်းချက်များအရ အီရန်သည် ၎င်း၏ ဒရုန်းဖြင့် တိုက်ခိုက်နိုင်စွမ်းကို အစောဆုံး ခြောက်လအတွင်း အပြည့်အဝ ပြန်လည်ဖြည့်တင်းနိုင်မည်ဟု အမေရိကန် အရာရှိတစ်ဦးဖြစ်သည့် အဆိုပါ ရင်းမြစ်များထဲမှ တစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

NOM
👍15