News Of Myanmar
12.8K subscribers
24.2K photos
3.31K videos
3 files
6.61K links
Download Telegram
အီရန်တပ်ဖွဲ့များသည် အမေရိကန်​၏ Operation Epic Fury စစ်ဆင်ရေးအတွင်း အမေရိကန်စစ်တပ်ကို အကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့ပြီး ပင်တဂွန်စစ်ဌာနချုပ်အတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံ တန်ဖိုးရှိမည့် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် ၄၂ စင်းကို ပစ်ချခြင်း (သို့မဟုတ်) ပြင်းထန်စွာ ပျက်စီးစေခြင်းများ ပြုလုပ်ခဲ့ကြောင်း လက်ရှိတွင် အမေရိကန်အတွက် စစ်စရိတ်စုစုပေါင်းမှာ ဒေါ်လာ ၂၉ ဘီလီယံအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

NOM
👍134
အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ဝင်ပေါက်များ ပိတ်ဆို့ပျက်စီးသွားခဲ့သည့် အီရန်နိုင်ငံ၏ "အာဗ်ယက်ခ် (Abyek) မြေအောက်ဒုံးကျည်မြို့တော်" ကို ယခုအခါ အပြည့်အဝ ပြန်လည်လည်ပတ်နိုင်သည်အထိ ပြုပြင်မွမ်းမံပြီးစီးသွားပြီ ဖြစ်သည်။

အီရန်နိုင်ငံသည် အာဗ်ယက်ခ်စခန်းကဲ့သို့ပင် တိုက်ခိုက်ခံခဲ့ရသည့် အခြားမြေအောက် ဒုံးကျည်စခန်းများကိုလည်း ယခင်အတိုင်း အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်ရန် အလျင်အမြန် ပြုပြင်လျက်ရှိသည်။

NOM
👍145
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့်  တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းသားများ လေယာဉ်/ရဟတ်ယာဉ်များဖြင့် လိုက်ပါပျံသန်းခြင်းများဆောင်ရွက်

မေ ၂၀၊ ၂၀၂၆
👍15❤‍🔥1
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကလောမြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား

မေ ၂၀၊ ၂၀၂၆
👍21
ကျိုက်ထီးရိုးစေတီ၌ ကေဘယ်လ်ကားပြေးဆွဲမှု ယာယီရပ်နား

NOM မေ ၂၁၊ ၂၀၂၆

ကျိုက်ထီးရိုးစေတီတွင် ပြေးဆွဲပေးနေသည့် ကေဘယ်လ်ကား
(Cable Car) များ ပြေးဆွဲမှုများကို ယမန်နေ့ မေ ၂၀ ရက်မှ စတင်ပြီး ယာယီရပ်နားသွားမည်ဟု ကျိုက်ထီးရိုးရှိ ကေဘယ်လ်ကား (Cable Car) ကုမ္ပဏီမှ ထုတ်ပြန် ထားကြောင်းသိရသည်။

မိုးရာသီကာလအတွင်း ကေဘယ်လ်ကား (Cable Car) ပြေးဆွဲမှုကို ယာယီ ရပ်နားထားမည်ပြီး ဘုရားဖူးမိဘပြည်သူများအတွက် တောင်တက်ကားများမှာ ပုံမှန်အတိုင်း ဆက်လက် ရှိနေမည် ဖြစ်သည့်အတွက်ဘုရားဖူးလာရောက်မည် ဧည့်သည်များအနေဖြင့် တောင်တက်ကားများဖြင့် အဆင်ပြေချောမွေ့စွာ ဆက်လက် သွားရောက်နိုင်ကြောင်းထုတ်ပြန်ထားသည်။
ကေဘယ်လ်ကါးပြေးဆွဲမှုကိုမိုးရာသီရောက်တိုင်းလေပြင်းထန်မှုကြောင့်ရပ်နားလေ့ရှိသည်။

ကေဘယ်လ်ကား (Cable Car) ပြန်လည်ပြေးဆွဲမှုကို သီတင်ကျွက်လမတိုင်ခင်တွင် ပြေးဆွဲမည်ဖြစ်ပြီး လက်ရှိပြေးဆွဲရာတွင် ခရီးသည်တစ်ဦးကို အသွားနှစ်သောင်းကျပ်၊ သွားပြန်သုံးသောင်းကျပ်ဖြစ်ပြီးနိုင်ငံခြားသားတစ်ဦးကိုအသွား ၁၅ ဒေါ်လာဖြစ်ပြီး၊ သွားပြန် ၂၀ ဒေါ်လာဖြစ်ကြောင်းသိရသည်။
👍224
အခြေခံပညာကျောင်းများ ကျောင်းအပ်နှံသည့်အချိန် မည်သည့်အခကြေးငွေမျှ လုံးဝမကောက်ခံဘဲ သင်ကြားရေးပစ္စည်းများအခမဲ့
ထောက်ပံ့မည်
NOM၊မေ၂၁၊၂၀၂၆
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံသည့်အချိန် မည်သည့်အခ
ကြေးငွေမျှ လုံးဝမကောက်ခံဘဲ အခမဲ့ထောက်ပံ့မည်ဟု ယနေ့ မေလ (၂၁ ရက်)နေ့တွင် အသိပေးထုတ်
ပြန်ထား ကြောင်းသိရသည်။

သူငယ်တန်း(KG) က နေ GRADE 12 ထိကျောင်းလခ၊မိဘဆရာအသင်းကြေး၊အားကစားကြေး၊စာရေးကိရိယာကြေးနှင့် စာကြေးတိုက်ကြေးအပါအဝင် မည်သည့် အခကြေးငွေကိုမျှ လုံးဝမကောက်ခံကြောင်းနှင့် သင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ ၊ဘောပင်များ အခမဲ့ထောက်ပံ့မည်ဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

မိဘအုပ်ထိန်းသူပြည်သူများ အနေဖြင့် ငွေကြေးသို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ဆရာ၊ဆရာမများ ဝန်ထမ်းများကို ပေးအပ်ခြင်းမပြုရန်လည်း ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။
👍22
အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေအနေ များကို တွေ့ရှိရသည့်ဟု မိုး/ဇလ ထုတ်ပြန်
NOM၊မေ၂၁၊၂၀၂၆
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေအနေ များကို တွေ့ရှိရသည့်ဟု မိုးလေဝသာနှင့်ဇလဗေဒညွန်ကြားမှုဦးစီးမှုဌာနက ယနေ့(မေ ၂၁ )ရက်နေ့က ထုတ်ပြန်ထားကြောင်းသိရသည်။

နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ လာမည့် ဇွန်လမှစတင်၍ အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ပြီး
၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်
ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်ပါ၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန်၊ အယ်လ်နီ
ညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည် မိုးလေဝသာနှင့်ဇလဗေဒညွန်ကြားမှုဦးစီးမှုဌာန ကထုတ်ပြန်
ထားသည်။
👍282
မုံရွာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် ကိုရင်တစ်ပါးပျံလွန်တော်မူကာ အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

မေ ၂၁၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဗန္ဓုလရပ်ကွက်သို့ မေလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ကိုရင် ရှင်ပညာဝံသ (ခ) မောင်မင်းခန့်အောင် (၁၁) နှစ်နှင့် မောင်သူရအောင် (၁၇) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ မုံရွာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးနေစဉ် ကိုရင် ရှင်ပညာဝံသ (ခ) မောင်မင်းခန့်အောင်မှာ ပျံလွန်တော်မူသွားခဲ့ကြောင်းသိရသည်။

NOM
😡9👍5😢21
သံဖြူဇရပ်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်တစ်စီးကို တားဆီးကာ ယာဉ်ပေါ်ပါ အပြစ်မဲ့ အရပ်သား ပြည်သူနှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်သွား

မေ ၂၁၊ ၂၀၂၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အောင်ဇေယျရပ်ကွက်နေ ဦးမိုးမင်းသန့် (၃၃) နှစ်နှင့် ကိုမိုးမင်းထက် (၂၉) နှစ်တို့သည် မေလ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ ဝဲခမီကျေးရွာသို့ သံဖြူဇရပ်-ကရုပ္ပိ-ထင်းရူး-အနင်းသွားကားလမ်းအတိုင်း မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာလာစဉ် ကော့လေးကျေးရွာအနီးအရောက် PDF အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်အား တားဆီးပြီး ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးကိုဖမ်းဆီး၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
👍4😱3😢3😡2