ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးမြောက်ပိုင်းရှိ အိုင်းရွန်းဒုမ်း Iron Dome လောင်ချာ ၂ ခုကို ပစ်မှတ်ထားတိုက်ခိုက်
ပြီးခဲ့သည့် ၄၈ နာရီအတွင်း ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့သည် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ အိုင်းရွန်းဒုမ်း Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်၏ လောင်ချာနှစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုသည် လွန်ခဲ့သည့် နှစ်ပတ်ခန့်ကလည်း အောင်မြင်စွာ တိုက်ခိုက်ခံခဲ့ရဖူးသည့် ဂျာလ်အယ်လ်အာလမ် စစ်စခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခင်က တိုက်ခိုက်ခံရမှု ရှိခဲ့သော်လည်း အစ္စရေးစစ်တပ်အနေဖြင့် အဆိုပါ ဒုံးပစ်လောင်ချာများကို အဘယ်ကြောင့် နေရာရွှေ့ပြောင်းထားခြင်း မရှိသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
လက်ရှိတွင် ဟစ်ဇဘိုလာအဖွဲ့သည် ဒရုန်းများကို ပိုမိုကျွမ်းကျင်စွာ အသုံးပြုလာနိုင်ပြီး အစ္စရေး၏ တန်ဖိုးကြီးပြီး အရေးပါသည့် စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ထိရောက်စွာ တိုက်ခိုက်နိုင်စွမ်း ရှိလာကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ထားကြသည်။
NOM

👍13👎1
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၆၂ ဦးအား ဖမ်းဆီးရမိ
မေ ၂၀၊ ၂၀၂၆
မေ ၂၀၊ ၂၀၂၆
👍7❤5