ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့် အညီ ဖွံ့ဖြိုးတိုးတက် လာစေရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
မေ ၂၀၊ ၂၀၂၆
မေ ၂၀၊ ၂၀၂၆
👍9❤2
ကယားပြည်နယ်အတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းသုတ်သင်ခဲ့သည့် အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား မေလ ၂၀ ရက်နေ့၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သား မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ဂုဏ်ပြုကြိုဆို။
❤6👍4
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကလောမြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား
မေ ၂၀၊ ၂၀၂၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ကလောမြို့ရှိနယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်ဌာနချုပ်၏ တပ်တည်ဆောက်ရေးလုပ်ငန်းတွင်ဖြစ်စေ၊ လုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ ဦးစီးဦးဆောင်ပေးရသော တပ်မှူးများအပေါ်မူတည်၍ အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း၊ အလားတူတပ်စိတ်၊ တပ်စု၊ တပ်ခွဲအဆင့်တိုင်းတွင်း ဦးစီးဦးဆောင်ပေးရသော ခေါင်းဆောင်အပေါ်မူတည်၍ အရည်အသွေးနှင့်စွမ်းဆောင်မှုကွာခြားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်မှုသည် အရေးကြီးပြီး ခေါင်းဆောင်မှု အင်္ဂါရပ်နှင့် ပြည့်စုံနေရန်လိုကြောင်း၊ ထို့အပြင် ခေါင်းဆောင်သည် စည်းရုံးရေးမှူးကောင်း တစ်ယောက်ဖြစ်ရန်လိုပြီး မိမိလက်အောက်မှ ယုံကြည်မှုအပြည့်ဖြင့် လိုက်ပါလာအောင် စွမ်းဆောင်နိုင်ရန်လိုကြောင်း။
တပ်မှူးများသည် အုပ်ချုပ်ရေးအပိုင်းမှ လူမှုရေးကဏ္ဍများတွင် ဖခင်စိတ်ဓာတ်၊ ညီအစ်ကိုလိုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန်လိုသော်လည်း လုံခြုံရေးနှင့် စစ်ဆင်ရေးအပိုင်းများတွင် Commender စိတ်ဓာတ်ဖြင့် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ရမည်ဖြစ်၍ မှန်ကန်စွာပိုင်းခြားတတ်ရန်လိုကြောင်း၊ အဓိကကျသော ခေါင်းဆောင်များ၊ အရာရှိများမှ တပ်များကို မှန်ကန်စွာဦးဆောင်မှုပေးပါက တပ်တွင်းစည်းလုံးညီညွတ်မှု တိုးတက်လာမည်ဖြစ်ကြောင်း။
အုပ်ချုပ်ရေးနှင့်ပတ်သက်၍ တပ်မှူးများသည် တရားစီရင်ခွင့် အခွင့်အာဏာရှိသူများဖြစ်၍ စစ်ဘက်တရားစီရင်မှုအပိုင်းကို မှန်ကန်သောဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ အရာရှိများနှင့်ပတ်သက်၍ Commander အဆင့်ဆင့်က ထိန်းသိမ်းပေးရန်လိုပြီးညီအစ်ကိုစိတ်ဓာတ်ဖြင့် ထိန်းသိမ်းပေးရန်လိုကြောင်း၊ Guardian စနစ်၊ စိတ်ဓာတ်ဖြင့် အထက်အောက်ထိန်းသိမ်းမှုဖြင့် သွားရမည်ဖြစ်ပြီး ကောင်းမွန်သောအစဉ်အလာကောင်းများဖြင့် ကြပ်မတ်ကွပ်ကဲခြင်းဖြင့် စည်းလုံးညီညွတ်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဦး၊ ရေး၊ ထောက် လုပ်ငန်းများကို Check, Recheck, Couter Check ဖြင့် လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းလစ်ဟင်းမှုမရှိစေဘဲ တပ်များ၏ စွမ်းရည်တိုးတက်လာမည်ဖြစ်ကြောင်း။
အုပ်ချုပ်ရေးစွမ်းရည်ကျဆင်းလျှင် စစ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်များပါကျဆင်းပြီး စည်းကမ်းမရှိလျှင် စည်းရုံးရေးလည်း ကျဆင်းနိုင်၍ အုပ်ချုပ်ရေးစွမ်းရည်တွင်ပါဝင်သည့် စစ်စည်းကမ်းလိုက်နာမှုအပိုင်း၊ စီမံခန့်ခွဲမှုအပိုင်းများတွင် ခေါင်းဆောင်များက သေချာစွာကြပ်မတ်ပေးရန်လိုကြောင်း။
ခေါင်းဆောင်ကောင်းများဖြစ်ရန် အတွေးအခေါ်ကောင်းမွန်ရမည်ဖြစ်ပြီး အတွေးအခေါ်ကောင်းမွန်ရန် အသိပညာ၊ အတတ်ပညာပြည့်ဝ၍ ဖတ်ရှုလေ့လာမှုကို မပြတ်ပြုလုပ်နေရန်လိုကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိရန်လိုပြီး သဘောထားပြည့်ဝစွာဖြင့် မြော်မြင်ဆုံးဖြတ်တတ်ရန်လိုကြောင်း၊ ခေါင်းဆောင်တစ်ဦးအနေဖြင့် လက်အောက်ကိုအမြဲတမ်းကြည့်ရှု၍ ဆုံးမပဲ့ပြင် ပြောကြားပေးနေရန်လိုကြောင်း။
ခေါင်းဆောင်မှုနှင့်ပတ်သက်ပါက တပ်မှူးအသီးသီးသည် မှန်ကန်သည့်ဦးဆောင်မှုနှင့်လုပ်ဆောင်ပါက လက်အောက်ငယ်သားများက တပ်မှူးအပေါ် ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊ အခြေခံဖြစ်သည့် တပ်ရင်း/တပ်ဖွဲ့မှူးများ ခေါင်းဆောင်မှုကောင်းမွန်ပါက လက်အောက်စစ်သည်၊ မိသားစုဝင်များက ယုံကြည်မှုရှိ၍ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မှူးတစ်ဦးသည် တစ်ဖက်တွင် စစ်တိုက်သည့်တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သော်လည်း စစ်တိုက်တတ်ရုံဖြင့် မပြီးသေးဘဲ တပ်ကိုကောင်းစွာအုပ်ချုပ်ကွပ်ကဲတတ်ရန်လည်း လိုအပ်ကြောင်း၊ အဓိကကျသည်မှာ တပ်ရင်း/တပ်ဖွဲ့များရှိ တာဝန်ရှိသူများအနေဖြင့် လက်အောက်၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန်လိုသဖြင့် ၎င်းတို့နှင့် ထိတွေ့မှုများစွာရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ ထိတွေ့မှုများပြုလုပ်ခြင်းသည် စစ်သည်များစိတ်ဓာတ် မြင့်မားရေးနှင့် တပ်အင်အားတောင့်တင်းခိုင်မာရေးအတွက် လုပ်ဆောင်ရမည့်အချက်ပင်ဖြစ်ကြောင်း။

❤3👍3