News Of Myanmar
12.8K subscribers
24.2K photos
3.31K videos
3 files
6.61K links
Download Telegram
တပ်မတော်စစ်ကြောင်းများက CDF ၊ CNA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် တွန်းဇံမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၊
တပ်မတော်မှ ချင်းပြည်နယ် မြောက်ပိုင်းဒေသတစ်ခုလုံးအား အလုံးစုံထိန်းချုပ်

မေ ၂၀၊ ၂၀၂၆
👍133
နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးကျင်းပ
 
မေ ၁၉၊ ၂၀၂၆
 
နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။
 
ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားပြီး လုပ်ငန်းတာဝန်ခံက လက်ရှိ PR လျှောက်ထားသူ မိသားစုအပါအဝင် ၃၆ ဦး၏ ကိုယ်ရေးအချက်အလက်များ၊ တစ်ဦးချင်းအမှတ်ပေးစနစ်ဖြင့် စိစစ်ထားရှိမှု၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခင်လူတွေ့စစ်ဆေးခံယူရန် ပျက်ကွက်ခဲ့သူများအနက် သုံးကြိမ်နှင့်အထက် ပျက်ကွက်ခဲ့သူများအခြေအနေ၊ လုပ်ငန်းကော်မတီမှ စိစစ်အကြံပြုချက်များ၊ ဗဟိုကော်မတီမှ စိစစ်ပြီးပါက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
 
ယင်းနောက် တက်ရောက်လာကြသည့် ဗဟိုကော်မတီအတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင်များက လူတွေ့စစ်ဆေးမှုခေါ်ယူရာတွင် ပျက်ကွက်မှုများအတွက် ဆက်လက်ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းသုံးသပ်အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဗဟိုကော်မတီမှ အတည်ပြုပြီးသူများကို လူတွေ့စစ်ဆေးအကဲဖြတ်မှု ဆက်လက်ဆောင်ရွက်နိုင်ရေး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
👍11
လက်ဘနွန်တောင်ပိုင်းတွင် ဟစ်ဘိုလာ၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေး ၈၀ ရာခိုင်နှုန်းခန့် ရပ်တန့်လုနီးပါးဖြစ်နေကြောင်း အစ္စရေးအခြေစိုက် KAN ရုပ်သံလွှင့်ဌာနက ထုတ်ဖော်ပြောကြားလိုက်သည်။

ဟစ်ဘိုလာအဖွဲ့၏ စဉ်ဆက်မပြတ် လုပ်ဆောင်နေသော ဒရုန်းစစ်ဆင်ရေးများသည် လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးစစ်တပ်၏ လွတ်လပ်စွာ စစ်ဆင်ရေးဆင်နွှဲနိုင်စွမ်းကို သိသိသာသာ ထိခိုက်လျက်ရှိကြောင်း အဆိုပါ သတင်းဌာနက ဝန်ခံထားသည်။

ဒရုန်းများ၏ အန္တရာယ်ကြီးမားမှုကြောင့် အစ္စရေးစစ်တပ်အနေဖြင့် အချို့သော စစ်ဆင်ရေးများကို နေ့ခင်းဘက်တွင် လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ အချို့ကိုမူ လုံးဝဖျက်သိမ်းလိုက်ရသည့်အတွက် စစ်သားများ အကျအဆုံး ပိုမိုများပြားလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

NOM
👍151🕊1
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့် အညီ ဖွံ့ဖြိုးတိုးတက် လာစေရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

မေ ၂၀၊ ၂၀၂၆
👍92
ကယားပြည်နယ်အတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းသုတ်သင်ခဲ့သည့် အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား မေလ ၂၀ ရက်နေ့၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သား မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ဂုဏ်ပြုကြိုဆို။
6👍4