News Of Myanmar
12.8K subscribers
24.2K photos
3.31K videos
3 files
6.61K links
Download Telegram
အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များ
👍14
This media is not supported in your browser
VIEW IN TELEGRAM
အီရန်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများအတွက် လွှတ်တော်၏ အတည်ပြုချက်ရယူရန် လိုအပ်သည့် စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်မဲခွဲဆုံးဖြတ်မှု (War Powers Vote) ကို အမေရိကန် အထက်လွှတ်တော်က ဆက်လက်လုပ်ဆောင်ရန် အတည်ပြုလိုက်ပြီဖြစ်သည်။

ခုနစ်ကြိမ်တိုင်တိုင် ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘဲ သတ္တမအကြိမ်မြောက်ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ်အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှု အောင်မြင်ခဲ့ခြင်းဖြစ်ပြီးသမ္မတ ထရမ့်၏ စစ်ပွဲဆိုင်ရာ အုပ်ချုပ်ရေးအာဏာကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းလည်းဖြစ်သည်။

War Powers Vote - အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက စစ်တပ်ကို စေလွှတ်နိုင်သော်လည်း တရားဝင် စစ်ကြေညာပိုင်ခွင့်နှင့် စစ်စရိတ်အတည်ပြုပိုင်ခွင့်မှာ လွှတ်တော်တွင်သာရှိသည်။ ထို့ကြောင့် သမ္မတ၏ စစ်ပွဲဆင်နွှဲမည့် လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် သို့မဟုတ် ခွင့်ပြုရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ခြင်း ဖြစ်သည်။

NOM
👍201🔥1
ဗြိတိန်နိုင်ငံသည် တတိယနိုင်ငံများတွင် ရုရှားရေနံမှတစ်ဆင့် ထုတ်လုပ်ထားသော ဒီဇယ်နှင့် လေယာဉ်ဆီများကို ပြည်တွင်းသို့ကန့်သတ်ချက်မရှိဘဲ အကန့်အသတ်မရှိ ကာလအထိ တင်သွင်းခွင့် ပြုလိုက်သည်။

NOM
👍204
ချောက်မြို့တွင် ကုမ္ပဏီအရောင်းကားမှ ဝန်ထမ်းနှစ်ဦးကို စစ်မှုထမ်းရန်ဆိုကာရဲကဖမ်း

NOM မေ ၂၀၊ ၂၀၂၆

ယနေ့မေလ ၂၀ ရက်နေ့နံနက် ၁၁း၀၀ နာရီက ချောက်မြို့အထွက် Famous ဓာတ်ဆီဆိုင်ရှေ့တွင် ကုမ္ပဏီအရောင်းကားကို ထွေအုပ်နှင့်ရဲကတားပြီး ကားပေါ်ပါကုမ္ပဏီအရောင်းဝန်ထမ်းနှစ်ဦးကို စစ်မှုထမ်းရမည့်အရွယ်ဟုဆိုကာ ဖမ်းဆီးသွားကြောင်းသိရသည်။

ရန်ကုန်ရှိ ကုမ္ပဏီရုံးကအဆိုပါဖမ်းဆီးခံရသူနှစ်ဦးသည် ကုမ္ပဏီဝန်ထမ်းများဖြစ်ကြောင်း ဝန်ထမ်းကတ်လည်းပါသလို ကုမ္ပဏီယူနီဖောင်းဖြင့် ကုမ္ပဏီကားမောင်းကာ နယ်လှည့်အရောင်းဝန်ထမ်းများဖြစ်ကြောင်း ရဲကိုဆက်သွယ်ပြောဆိုသော်လည်း ရဲကထွေအုပ်ကိုသာပြောပါဆိုသဖြင့် ထွေအုပ်သို့ဆက်သွယ်ရာ ရဲကိုသာပြောပါဟုအပြန်အလှန် ဘောလီဘောပုတ်နေကြသည်။ လက်ရှိတွင် ကုမ္ပဏီအရောင်းကားကို ချောက်မြို့ထွေအုပ်ရုံးရှေ့တွင် ရပ်ထားကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးသည် ဖြတ်သန်းသွားလာသော ကားများပေါ်မှ လူငယ်များကို ပြည်သူ့စစ်မှုထမ်းဆောင်ရန်ဟု ခေါ်ကာကားပေါ်မှ ဆွဲချဖမ်းဆီးရာတွင် နာမည်ကြီးသော တိုင်းဒေသကြီးဖြစ်သည်။ ပြီးခဲ့သည့်လကလည်း ပဲခူးတိုင်းဒေသကြီးမှ ရိုးရာလက်ဝှေ့ကစားသမားတစ်ဦးကို မကွေးမြို့တွင် ကားပေါ်မှ ဆွဲချဖမ်းဆီးသဖြင့်သက်ဆိုင်ရာအဖွဲ့အစည်းများက လိုက်လံထုတ်ယူရမှုဖြစ်ပွားခဲ့သေးကြောင်းသိရသည်။
38👍26😡51🔥1
အမေရိကန်-အစ္စရေး အများပြည်သူဆိုင်ရာရေးရာ ကော်မတီ (AIPAC) ကို နိုင်ငံခြားအကျိုးဆောင်အဖြစ် မှတ်ပုံတင်ခိုင်းဖို့ ကြိုးပမ်းခဲ့တဲ့ ကွန်ဂရက်အမတ် ရာထူးကနေ ဖယ်ရှားခံရ

အမေရိကန်-အစ္စရေး အများပြည်သူဆိုင်ရာရေးရာ ကော်မတီ (AIPAC) ကို "နိုင်ငံခြားအကျိုးဆောင် မှတ်ပုံတင်ခြင်းအက်ဥပဒေ" (FARA) အရ မှတ်ပုံတင်ဖို့ ဥပဒေကြမ်းတင်သွင်းခဲ့သူ၊ စစ်ပွဲများကို ဆန့်ကျင်သူ၊ အီရန်စစ်ပွဲကို ကန့်ကွက်သူနှင့် အက်ပ်စတိန်း (Epstein) ဖိုင်တွဲများ ချပြရေးကို ထောက်ခံသူ ကင်တပ်ကီပြည်နယ် ကွန်ဂရက်အမတ် သောမတ်စ် မက်ဆီ (Thomas Massie) သည် ပါတီတွင်း ပဏာမမဲခွဲပွဲ (Primary) တွင် ရှုံးနိမ့်သွားခဲ့သည်။

၎င်းသည် သမ္မတ ထရမ့်နှင့် AIPAC တို့ ကျောထောက်နောက်ခံပေးထားသည့် ရေတပ်အထူးကွန်မန်ဒို (Navy SEAL) ဟောင်းအား ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကြော်ငြာလှိုင်းလုံးကြီးကို အစ္စရေးလိုလားသော အဖွဲ့အစည်းများက ငွေကြေးအမြောက်အမြား စိုက်ထုတ်ပံ့ပိုးခဲ့ကြသည်။

မက်ဆီ ကျူးလွန်ခဲ့သည်ဆိုသော အပြစ်များမှာ-

* အစ္စရေးသို့ ကူညီထောက်ပံ့မည့် အစီအစဉ်ကို ကန့်ကွက်မဲပေးခဲ့ခြင်း

* အီရန်နှင့် စစ်ဖြစ်ပွားမည့်အရေးကို ဆန့်ကျင်ခြင်း

* ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) ၏ လျှို့ဝှက်ဖိုင်တွဲများကို ချပြရန် တွန်းအားပေးခြင်း

* ၎င်း၏ ရာထူးသက်တမ်း နောက်ဆုံးရက်များတွင် AIPAC ကို နိုင်ငံခြားလော်ဘီအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရန် အဆိုပြုခဲ့ခြင်း တို့ ဖြစ်သည်။

အစ္စရေး​၏ တုံ့ပြန်မှုကတော့ မြန်ဆန်၊ ပြတ်သားပြီး ငွေကြေးအမြောက်အမြား အသုံးပြုသွားခဲ့သည်-The Times of Israel သတင်းစာ၏ ဖော်ပြချက်အရ AIPAC၊ ရီပတ်ဘလစ်ကန် ဂျူးမဟာမိတ်အဖွဲ့ (RJC) နှင့် အစ္စရေးအတွက် ခရစ်ယာန်များအဖွဲ့ (CUFI) တို့အားလုံးသည် မက်ဆီ၏ ပြိုင်ဘက်ကို ဝိုင်းဝန်းကျောထောက်နောက်ခံပြုပေးခဲ့ကြပြီး ငွေကြေးအမြောက်အမြား "ပုံအော သုံးစွဲခဲ့ကြ"သည်။

ဒါဟာ အမေရိကန်နိုင်ငံရေးအတွင်း နိုင်ငံခြားစွက်ဖက်မှုအခြေအနေမှန်ကို သတိပြုမိသွားတဲ့ ကွန်ဂရက်အမတ်တစ်ယောက်ကို နိုင်ငံခြားလိုလားတဲ့ အုပ်စုက ငွေကြေးအင်အားသုံးပြီး ဖယ်ရှားလိုက်တာလို့ပဲ ဆိုရပါလိမ့်မည်။

NOM
👍24😨31👎1
ဟင်္သာတမြို့တွင်  ဗိုလ်မောင်စိန်တိုက်တန်းမီးလောင်မှု အခန်း ၁၂ ခန်းမီးလောင်ဆုံးရှူံး
NOM၊မေ၂၀၊၂၀၂၆
ဟင်္သာတမြို့နယ်၊ ပတ္တမြားရပ်ကွက်၊ ဗိုလ်
အောင်ကျော်လမ်းတွင် ယမန်နေ့ မေ(၁၉)ရက်၊ ည ၁၁နာရီခွဲခန်
ခန်က  ဗိုလ်မောင်စိန်တိုက်တန်းမီးလောင်မှုဖြစ်ပွားခဲ့ပြီးအခန်း ၁၂ခန်းမီးလောင်ဆုံးရှူံး ခဲ့ကြောင်း ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

မီးလောင်မှုကြောင့်  သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း အခန်း၁၂
ခန်းပါ နှစ်ထပ် ဗိုလ်မောင်စိန်တိုက်တန်းအဆောက်အဦးတစ်လုံးမီးလောင်ဆုံးရှူံးခဲ့ပြီး မီးလောင်ရာသို့မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး
အသင်းများ၊ ဒေသခံများဖြင့် ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ရာယနေ့ မေ၂၀ရက် နံနက်၂နာရီခန့်တွင် မီးကြွင်းမီးကျန်များအားလုံးငြိမ်းသတ်ခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်၌ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို လက်ရှိမီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
👍6😢4🔥1💔1
တပ်မတော်စစ်ကြောင်းများက CDF ၊ CNA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် တွန်းဇံမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၊
တပ်မတော်မှ ချင်းပြည်နယ် မြောက်ပိုင်းဒေသတစ်ခုလုံးအား အလုံးစုံထိန်းချုပ်

မေ ၂၀၊ ၂၀၂၆
👍133
နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးကျင်းပ
 
မေ ၁၉၊ ၂၀၂၆
 
နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။
 
ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားပြီး လုပ်ငန်းတာဝန်ခံက လက်ရှိ PR လျှောက်ထားသူ မိသားစုအပါအဝင် ၃၆ ဦး၏ ကိုယ်ရေးအချက်အလက်များ၊ တစ်ဦးချင်းအမှတ်ပေးစနစ်ဖြင့် စိစစ်ထားရှိမှု၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခင်လူတွေ့စစ်ဆေးခံယူရန် ပျက်ကွက်ခဲ့သူများအနက် သုံးကြိမ်နှင့်အထက် ပျက်ကွက်ခဲ့သူများအခြေအနေ၊ လုပ်ငန်းကော်မတီမှ စိစစ်အကြံပြုချက်များ၊ ဗဟိုကော်မတီမှ စိစစ်ပြီးပါက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
 
ယင်းနောက် တက်ရောက်လာကြသည့် ဗဟိုကော်မတီအတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင်များက လူတွေ့စစ်ဆေးမှုခေါ်ယူရာတွင် ပျက်ကွက်မှုများအတွက် ဆက်လက်ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းသုံးသပ်အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဗဟိုကော်မတီမှ အတည်ပြုပြီးသူများကို လူတွေ့စစ်ဆေးအကဲဖြတ်မှု ဆက်လက်ဆောင်ရွက်နိုင်ရေး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
👍11
လက်ဘနွန်တောင်ပိုင်းတွင် ဟစ်ဘိုလာ၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေး ၈၀ ရာခိုင်နှုန်းခန့် ရပ်တန့်လုနီးပါးဖြစ်နေကြောင်း အစ္စရေးအခြေစိုက် KAN ရုပ်သံလွှင့်ဌာနက ထုတ်ဖော်ပြောကြားလိုက်သည်။

ဟစ်ဘိုလာအဖွဲ့၏ စဉ်ဆက်မပြတ် လုပ်ဆောင်နေသော ဒရုန်းစစ်ဆင်ရေးများသည် လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးစစ်တပ်၏ လွတ်လပ်စွာ စစ်ဆင်ရေးဆင်နွှဲနိုင်စွမ်းကို သိသိသာသာ ထိခိုက်လျက်ရှိကြောင်း အဆိုပါ သတင်းဌာနက ဝန်ခံထားသည်။

ဒရုန်းများ၏ အန္တရာယ်ကြီးမားမှုကြောင့် အစ္စရေးစစ်တပ်အနေဖြင့် အချို့သော စစ်ဆင်ရေးများကို နေ့ခင်းဘက်တွင် လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ အချို့ကိုမူ လုံးဝဖျက်သိမ်းလိုက်ရသည့်အတွက် စစ်သားများ အကျအဆုံး ပိုမိုများပြားလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

NOM
👍151🕊1
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့် အညီ ဖွံ့ဖြိုးတိုးတက် လာစေရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

မေ ၂၀၊ ၂၀၂၆
👍92